ဗန်းမောက်မြို့နယ်ထဲ ပိတ်ထားတဲ့ ကုန်သွယ်ရေးလမ်းကြောင်း နှစ်ပတ်ကျော်ကြာသောလည်း ပြန်မဖွင့်သေး

ဗန်းမောက်မြို့နယ်ထဲ ပိတ်ထားတဲ့ ကုန်သွယ်ရေးလမ်းကြောင်း နှစ်ပတ်ကျော်ကြာသောလည်း ပြန်မဖွင့်သေး

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဗန်းမောက်မြို့နယ်မှာ ကုန်သွယ်ရေး လမ်းကြောင်းများကို နှစ်ပတ်ကျော် ကြာမြင့်နေပြီ ဖြစ်ပေမယ့် ပြန်လည်ဖွင့်လှစ်ခြင်း မရှိသေးဘူးလို့  ဒေသခံတွေက ရှမ်းနီအသံကို ပြောပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဗန်းမောက်မြို့နယ်ကို KIA နဲ့ PDF ပူးပေါင်းတပ်များက ကုန်သွယ်‌ရေး လမ်းကြောင်း တွေကို သွားလာခွင့်ပိတ်ပင်ထားတာဟာ မေလအစ ကတည်းက ပိတ်ပင်ထားခဲ့တာဖြစ်ပြီး မေလ ၁၉ ရက်နေ့ အထိ ဖြစ်ပါတယ်။

ဗန်းမောက်မြို့နယ်ထဲက ကုန်သွယ်ရေးလမ်းကြောင်းပိတ်ထားတာ အခုဆိုရင် နှစ်ပတ်ကျော် ကြာမြင့်နေပြီ ဖြစ်ပါ တယ်။

ဗန်းမောက်မြို့နယ် ဆိုင်ရှင်တစ်ဦးက “အခု အချိန်ထိ ပိတ်ထားတုန်း။ ကုန်သွယ်မှုတွေ အကုန်လုံး ပိတ်ထား တယ်။ အခုက ဘယ်နှစ်ရက်နေ့အထိ ပိတ်မလဲဆိုတာလည်း မပြောတတ်တော့ဘူး။ ငါတို့တောင် ကုန်ပစ္စည်း မှာ ချင်တာကို မှာလို့ မရတတ်ဘူး ဖြစ်နေတယ်” လို့ ရှမ်းနီအသံကို ပြောပါတယ်။

လမ်းပိုင်း ပိတ်ထားမှုတွေကြောင့် စားသောက်ကုန်များ၊ အသုံးအဆောင် ပစ္စည်းများ ပြတ်လပ်မှုနှင့်  စျေးနှုန်းမြင့် တက်လာမှုများ၊ အော်ပရေတာတချို့ရဲ့ ဖုန်းငွေဖြည့်ကဒ် လုံးဝပျက်လပ်မှုများနှင့် ကြုံတွေ့နေရပြီလို့ ဒေသခံတွေ ရဲ့ ပြောပြချက်အရ သိရပါတယ်။

ဗန်းမောက်မြို့နယ်အတွက် ကုန်သွယ်ခွင့် ပိတ်ပင်ထားပြီး ကျန်းမားရေးနဲ့ ပတ်သက်ရင်တော့ သွားလာလို့ ရပေ မယ့် လုံခြုံရေးမှုမရှိတာကြောင့် ဒေသခံတွေက စိုးရိမ်နေကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကျန်းမာရေးနဲ့ ပတ်သက်လို့ကတော့ သွားရေးလာရေး ခက်ခဲတာလေးပအေး။ ရပါတယ် ရတာတော့ ခက်ခက် ခဲခဲ ရှိတာပါ့အေ့ သွားရလာရတာက။ ကျန်းမာရေးမို့လို့ မဖြစ်မနေ သွားရမယ်ဆိုလို့ရှိရင် သွားတာတော့ သွားရ တာပါ့ ဒါပေမယ့် ကြောက်ကြတာပါ့အေ့” လို့ ဒေသခံအမျိုးသမီးတစ်ယောက်က ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်များက ဒီကုန်သွယ်ရေး လမ်းပိုင်းကို ပိတ်ထားကြခြင်း ဖြစ်ပေမယ့် ပိတ်ထားတဲ့ အကြောင်းအရင်းကိုမူ တိတိကျကျ ထုတ်ပြန်ပြောဆို ထားခြင်း မရှိပါဘူး။

နှစ်ပတ်ကျော်အကြာ ပိတ်ထားတဲ့ ကုန်သွယ်ရေး လမ်းကြောင်းတွေကတော့ ဗန်းမောက် - အင်းတော်လမ်းပိုင်း၊ ဗန်းမောက်မြောက်ပိုင်း - မော်လူး လမ်းပိုင်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

November 13, 2024
မိုးညှင်းမြို့နယ်၊ ထန်းတပင်ကျေးရွာမှာရှိတဲ့ VIP KTV မှာ နိုဝင်ဘာလ ၁၂ ရက်နေ့ မနက် ၁၀...
November 13, 2024
မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့ကို ကချင်လွတ်မြောက်ရေးတပ် KIA  နှင့် PDF တို့...
November 9, 2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရွှေပြည်သာရပ်ကွက်မှာ အိမ်ထောင်စု(၁)ထောင်ခန့် နေထိုင်နိုင်တဲ့...
November 8, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာ ...