ကော်သူးလေအုပ်ချုပ်နယ်မြေ မုန်းမြို့နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်က လူသား ဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်နေတဲ့အတွက် ဒေသခံပြည်သူတွေဟာ ကြောက်ရွံ့ထိတ်လန့်ပြီး ဘေးလွတ်ရာ သို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့သူဦးရေ ၈၀၀ နီးပါး ရှိတယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။
မေလ (၁၆) ရက်နေ့က KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)၊ မုန်းမြို့နယ်အတွင်းရှိ တမာခေါကျေးရွာနဲ့ တောင်စု (အနောက်) ကျေးရွာထဲကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး ကျေးရွာအတွင်းက အရပ်သားပြည်သူ(၂)ဦးကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါ တယ်။
KNU ပြောခွင့်ရသူ ပဒိုစောကလယ်စေးက “စစ်ဘေးရှောင်တွေကတော့ တိုးပွားလာတာက တပ်မဟာ(၃)ရယ် တပ်မဟာ(၁) တပ်မဟာ(၆) တပ်မဟာ(၅)ဒေသတွေမှာ ပိုပြီးတော့ တိုက်ပွဲပိုဖြစ်တော့ စစ်ဘေးရှောင်တွေ လည်း ပိုများလာ တဲ့အခြေအနေကို ကျွန်တော်တို့တွေ့ရတယ်ပေါ့” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ တမာခေါကျေးရွာက အသက် (၄၀) အရွယ် အမျိုးသား (၁) ဦးနဲ့ တောင်စု (အနောက်) ကျေးရွာက အသက် (၇၀) အရွယ် အမျိုးသား (၁) ဦးတို့ကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ ပြီးနောက် မေလ (၁၇) ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာခဲ့ပြီလို့ KNU က ဆိုပါတယ်။
စစ်ကောင်စီတပ်က တမာခေါကျေးရွာနဲ့ တောင်စု (အနောက်) ကျေးရွာတွေထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာ တဲ့အတွက် ဒေသခံပြည်သူတွေ ကြောက်လန့်ပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရကာ လက်ရှိ အချိန်အထိ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အရေအတွက်မှာ ကျေးရွာ (၂) ရွာက ဒေသခံပြည်သူ (၇၉၀) ဦး ရှိလာပြီ ဖြစ်တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
KNU ညောင်လေးပင်ခရိုင် မုန်းမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ မေလ (၁၀) ရက်နေ့ကလည်း စစ်ကြောင်းထိုး ဝင် ရောက်လာခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးတဲ့နောက် အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ကလေး (၄) ဦး၊ အမျိုးသမီး (၁၁) ဦး အပါအဝင် ဒေသခံပြည်သူ (၂၀) ဦးကို အစုံလိုက်အ ပြုံလိုက် သတ်ဖြတ်သွားခဲ့ပြီး (၇) ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ KNU က သတင်း ထုတ်ပြန်ထားပါတယ်။
KNU ပြောခွင့်ရ ပဒိုစောကလယ်စေးကတော့ ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ စစ်ကောင်စီရဲ့ လူ့အခွင့် အရေးချိုးဖောက်မှုတွေ တစထက်တစ ပိုများလာပြီး တပ်မဟာ(၁)၊ (၃)၊ (၅)နဲ့ (၆) တို့မှာ အများဆုံး ကျူးလွန် ထားတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အခုလတ်တလောလေ (၂၀၂၁)ကနေပြီးတော့ အာဏာသိမ်းမှုစတင်ပြီးတဲ့နောက် အခုချိန်ထိကတော့ ကျွန် တော်တို့ရဲ့ ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကတော့ တစ် စထက် တစ်စပိုပြီး များလာတာကိုတော့ ကျွန်တော်တို့တွေ့ရတယ်။ နောက်ပြီးတော့ မုန်းမြို့နယ်ထဲက ကိစ္စ ကတော့ ဒါက အစုံလိုက်အပြုံလိုက် သတ်ဖြတ်ပြီးတော့ စစ်ရာဇဝတ်မှု မြောက်တာပေါ့နော်။ နောက်ပြီးတော့ ဒီလိုမျိုးကိစ္စတွေ ကလည်းပဲ ကျွန်တော်တို့ရဲ့ နယ်မြေထဲမှာ အခုမှဖြစ်တာမဟုတ်ဘူး။ အရင်တုန်းကလည်း ဖြစ် ခဲ့တာတွေရှိတယ်။”
မေလ (၁၃) ရက်နေ့နဲ့ (၁၄) ရက်နေ့တွေမှာလည်း မုန်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ (၃) ပူးပေါင်းတပ်တို့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် ဒေသခံပြည်သူ (၈၀၀၀) ကျော်ဟာ ဘေး လွတ်ရာကို ထွက်ပြေးတိမ်းရှောင်ကြရပြီး အဲ့ဒီ စစ်ဘေးရှောင်ပြည်သူတွေဟာ အခက်အခဲများစွာနဲ့ ရင်ဆိုင် ကြုံ တွေ့နေရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
KNU မုန်းမြို့နယ်အတွင်းရှိ ကျေးရွာတွေထဲကို စစ်ကောင်စီတပ်က ထိုးစစ်ဆင် ဝင်ရောက်တိုက်ခိုက်နေတဲ့ အတွက် ကျေးရွာပေါင်း (၁၁) ရွာက ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ ပြည်သူလူထုဦးရေဟာ ၁၆၀၀၀ နီး ပါးအထိ ရှိလာတဲ့အတွက် လူသားချင်းစာနာမှု အကူအညီတွေ၊ လူမှုဘဝလုံခြုံမှုတွေ ရရှိဖို့ ကူညီဆောင်ရွက်ပေး ဖို့ ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေး ကော်မတီ (မုန်းမြို့နယ်)က သဘောထား ထုတ်ပြန်ထားပါတယ်။