လေဘေးသင့် ကချင်စစ်ရှောင်ပြည်သူများအတွက် ကူညီထောက်ပံ့မှုများလိုအပ်နေ

လေဘေးသင့် ကချင်စစ်ရှောင်ပြည်သူများအတွက် ကူညီထောက်ပံ့မှုများလိုအပ်နေ

KIO ထိန်းချုပ်နယ်မြေ တရုတ်နယ်စပ်တစ်လျှောက်ရှိ စစ်ဘေးရှောင်စခန်း ၄ နေရာတွင် ဆိုင်ကလုန်း “မိုခါ” မုန် တိုင်း ဝင်ရောက်တိုက်ခတ်သွားသောကြောင့် ပျက်စီးသွားသည့် အဆောက်အအုံများ ပြန်လည်တည် ဆောက်ရန် အကူညီများလိုအပ်နေသည်ဟု စစ်ဘေးရှောင်များအား ကူညီပေးနေသူများက ပြောသည်။

မေလ ၁၄ ရက်နေ့၊ ည ၉ နာရီဝန်းကျင် အချိန်တွင် မိုခါမုန်တိုင်းသည် ၂ နာရီခန့် ဝင်ရောက် တိုက်ခတ်သွားသော ကြောင့် ဝိုင်းမော်မြို့နယ် နယ်စပ်တစ်လျှောက်ရှိ မဂါးယန်(Maga Yang)၊ ရှအစ်ယန်(Sha-it Yang)၊ ခေါင်ရှောင် (Hkau Shau)၊ ပါဂျောင်(Pa Jau) စသည့် စစ်ရှောင်စခန်း ၄ ခုမှ နေအိမ်စုစုပေါင်း ၅၀ ကျော် ထိခိုက် ပျက်စီးသွား သည်ဟု မဂါးယန်စစ်ဘေးရှောင်စခန်း တာဝန်ရှိသူ KNG ကို ပြောသည်။

“လေအရမ်းကြီးလာတာနဲ့ နေအိမ်တွေ လွင့်ပျံသွားတာလည်း ပါတယ်။ ပြိုလဲသွားတာလည်း ပါတယ်။ ခေါင်မိုး တွေ အကုန်လွင့်သွားပြီး အိမ်သာ၊ မီးဖိုချောင် အကုန်ပဲ လွင့်သွားတာတွေပါတယ်။ ၂ နာရီ ၃ နာရီနီးပါးက အဲ့အ တိုင်းပဲ ဝေ့ပြီးတိုက်ခတ်နေတာ။ ဒီမဂါးယန်းက ပတ်ပတ်လည် ဝိုင်းထားတော့ လေကြောင်းဝင်ပြီဆို အကြာ ကြီး ဝေ့လည် တိုက်ခတ်နေတာ ဟုတ်တယ်။ သိပ်မဖြစ်ဖူးတော့ နည်းနည်း ပေါ့ဆနေတဲ့အချိန် ဝင်တိုက်တော့ အားလုံးတောင် ကြောက်လန့်ဖြန့်သွားကြတာ” ဟု ပြောသည်။

စစ်ရှောင်စခန်း ၄ ခုအနက် မဂါးယန် စစ်ဘေးရှောင်စခန်းတွင် လေပြင်းတိုက်ခတ်မှု အဆိုးရွားဆုံးဖြစ်ခဲ့ပြီး နေအိမ် ၁၈ အိမ် ထိခိုက်ပျက်စီးသွားသည်။

ထို့အပြင် အခြားစစ်ဘေးရှောင်စခန်းများတွင်လည်း အဆောက်အအုံ နေအိမ်အချို့ နှင့် မူကြိုကျောင်းဆောင်တို့ ထိခိုက်ပျက်စီးသွားသည်။

လူထိခိုက်မှု မရှိသော်လည်း လေပြင်းမုန်တိုင်းတိုက်ခတ်သွားသော စစ်ဘေးရှောင်စခန်း ၄ နေရာမှ ပျက်စီး သွား သည့် နေအိမ်များအတွက် ပြန်လည်ပြုပြင်ရန် ခက်ခဲမှုရှိနေသည်ဟု စခန်းတာဝန်ခံများနှင့် စစ်ရှောင်များ က ပြော သည်။

စစ်ရှောင်တစ်ဦးက “အရမ်းခက်ခဲနေကြပါတယ်။ ဒီမဂါးယန်ဘက်ဆို သစ်ပင်တွေ၊ ဝါးတွေ ရယူနိုင်ဖို့လည်း လမ်းခရီးက တော်တော်ဝေးတယ်လေ။ ၃ မိုင်အကွာလောက်ကနေ သွား မ ယူရတာဆိုတော့ မိသားစုထဲ အမျိုး သားတွေ မရှိကြတဲ့ သူတွေအတွက် ပြန်လည်ပြုပြင်နိုင်ဖို့တောင် ခက်ခဲတာ။ တချို့ဆို မိုးကာတဲနဲ့ပဲ ယာယီ  နေ နေကြတယ်။ အိမ်တွေဆောက်ထားတာလဲ နှစ်ကြာပြီဆိုတော့ တစ်အိမ်လုံး လွင့်စင်သွားတာလည်းပါတယ်။ သံ၊ သွပ်အိမ်တွေတောင် လွင့်ပါသွားတာပါဆို။ ဘယ်ကမှ ကူညီနေတာတော့ မရှိသေးဘူး။ အားလုံး ကိုယ်သိသလို တတ်သလို ပြုပြင်ပြီး နေ နေကြတယ်” ဟု ပြောသည်။

အဆိုပါ နယ်စပ်တစ်လျှောက်တွင် စစ်ဘေးရှောင်စခန်း ၄ ခုရှိပြီး ဝိုင်းမော်မြို့နယ်ထဲမှ ကျေးရွာ ၂၀ ခန့်က စစ်ဘေးရှောင်လူဦးရေ ၂၀၀၀ ကျော်ခိုလှုံနေကြခြင်း ဖြစ်သည်။

မေလ ၁၂ ရက်နေ့မှ ဝင်ရောက်လာသည့် မိုခါမုန်တိုင်းကြောင့် မြန်မာနိုင်ငံအတွင်း ထိခိုက်သူသေဆုံးသူ ၁၈ ဦးထိ ရှိခဲ့ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ ရေး ဝန်ကြီးဌာနမှ မေလ ၁၅ ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်ထားသည်။

Most read this week

ကံပိုင်တည်- ဆဒုံးကားလမ်းပိုင်းမြင်ကွင်း
November 14, 2024
ကချင်ပြည်နယ် မြစ်ကြီးနား- ကံပိုင်တည်ကားလမ်းပိုင်း နိုဝင်ဘာလ ၆ ရက်နေ့စပြီး စစ်ကောင်စီတပ်က...
ပုံ- ကြွက်ဘေးသင့်သွားတဲ့ အင်ပါဘာဒေသ တောင်ယာစပါးခင်းများ
November 14, 2024
ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ အင်ဘာပါဒေသထဲက ရွာပေါင်း ၁၀ ဝန်းကျင်က...
November 12, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီဆာကျေးရွာ မြေစာပုံပြိုကျမှုမှာ...
ဖမ်းဆီးခံထားရတဲ့ လွတ်တော်ကိုယ်စားလှယ် ဦးဝင်းလှိုင်
November 11, 2024
ရှမ်းမြောက်၊ နမ္မတူမြို့နယ် တအာင်းတပ်မတော် TNLA ဖမ်းဆီးထားတဲ့ NLD ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်...