စစ်ကောင်စီရဲ့ လက်နက်ဥပဒေ ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်မလဲ

စစ်ကောင်စီရဲ့ လက်နက်ဥပဒေ ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်မလဲ

မည်သူမဆို ဥပဒေမဲ့လက်နက်ကိုင်ဆောင်ပြီး တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားရင် အနည်းဆုံး ခြောက်လကနေ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ်တစ်သက်ဖြစ်စေ သေဒဏ်အထိ ချမှတ် နိုင်တဲ့ လက်နက်ဥပဒေကို စစ်ကောင်စီက မေ ၁၁ ရက်နေ့မှာ ပြဌာန်းလိုက်ပါတယ်။

ဒီလက်နက်ဥပဒေကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် လက်မှတ်ရေးထိုး ပြဌာန်းလိုက်တာဖြစ်ပြီး ၁၈၇၈ ခုနှစ်ကနေ ၁၉၂၄ ခုနှစ်အထိ ပြဌာန်းခဲ့တဲ့ လက်နက် အက်ဥပဒေနဲ့ အမိန့်တွေအားလုံးကို အခုဥပဒေနဲ့ ရုတ်သိမ်းတယ်လို့ ဖော်ပြပါတယ်။

နိုင်ငံတော်လုံခြုံရေး၊ ဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာသာယာရေးကို ထိခိုက်စေနိုင်တဲ့ လက်နက်ကိုင်ဆောင်မှုနဲ့ ကျူးလွန် တဲ့ပြစ်မှုတွေအပါအဝင် တရားမဝင်လက်နက်ထုတ်လုပ်ဖြန့်ဖြူးတာ၊ ပြည်ပကနေ တင်သွင်းတာတွေကို တားဆီး ကာကွယ်ဖို့ လက်နက်ဥပဒေထုတ်ပြန်ရတာလို့ ဆိုထားပါတယ်။

လက်နက်ဥပဒေမှာတော့ မည်သူမဆို နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ဖို့အကြံနဲ့ လက်နက်တစ်ခုခုကို သယ်ယူ တာ၊ လက်ဝယ်ထားတာ၊ ကိုင်ဆောင်တာမပြုလုပ်ရသလို နိုင်ငံတော်နစ်နာဆုံးရှုံးစေဖို့အကြံနဲ့ နိုင်ငံပိုင် လက်နက် ကို ဖျက်ဆီးတာမပြုရဘူးလို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် နိုင်ငံပိုင်လက်နက် ဒါမှမဟုတ် ဥပဒေအရကိုင်ဆောင်ခွင့်ရှိသူရဲ့ သေနတ်ဖြစ်စေ၊ ခဲယမ်းကိုဖြစ်စေ ခိုးယူ ရောင်းချတာ၊ အခြားတစ်ယောက်ယောက်ကို လွှဲပြောင်းဖို့ အားထုတ်တာတွေ မပြုရဘူးလို့ တားမြစ်ထားတာ ဖြစ်ပါတယ်။

တရားလွှတ်တော် ရှေ့နေတစ်ဦးကတော့ ဒီဥပဒေဟာ အတိုက်အခံဘက်ကို တပ်မတော်သားနဲ့ ရဲ တပ်ဖွဲ့ဝင်တွေ လက်နက်ခဲယမ်းနဲ့အတူ တပါးတည်းယူဆောင်တာတွေကို ကြိုတင်ထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်တာလို့ သုံးသပ်ပါ တယ်။

တရားလွှတ်တော် ရှေ့နေတစ်ဦးက “ဆုကြေးငွေပေးတာတွေရဲ့ အကျိုးသက်ရောက်မှုကြောင့်ပဲ CDM လုပ်တာ တွေက လူတွေမဟုတ်တော့ဘဲနဲ့ လက်နက်တွေပါ ပါလာတာတွေ့ရတယ်။ အဲဒီတော့ စကစအနေနဲ့ ကြုံတွေ့ နေရ တဲ့ အဲဒီအခက်အခဲအကျပ်အတည်းကို ပိတ်ဆို့ကာကွယ်ဖို့ လက်နက်ဥပဒေမှာ ပြင်းထန်တဲ့ပြစ်ဒဏ်ပြဌာန်း ချက် တွေထည့်ပြီး သူတို့ပြဌာန်းလိုက်တယ်။ အဲဒီလိုပြဌာန်းလိုက်ခြင်းအားဖြင့် CDM ပြုလုပ်မယ့် တပ်မတော်သား တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ သူတို့နဲ့အတူတပါတည်းလက်နက်ခဲယမ်းတွေ ယူဆောင်သွားမယ့်သူတွေကို ကြိုတင် ကာ ကွယ်တာထက် ထိန်းချုပ်တာပေါ့၊ လက်ရှိဖြစ်ပေါ်နေတဲ့ အကျပ်အတည်းကို ထိန်းချုပ်နိုင်ဖို့ပြဌာန်းတယ်လို့ ကျွန်တော်တို့ မြင်ပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီကတော့ ဘယ်သူမဆို ဥပဒေပါတားမြစ်ချက်တစ်ခုခုကို ကျူးလွန်ရင်တော့ အနည်းဆုံးထောင်ဒဏ် ၃ လကနေ သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သလို ငွေဒဏ်အအနေနဲ့ အနည်းဆုံးတစ်သိန်းကနေ ငါးသိန်းအထိ ဖြစ် စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်မယ်လို့ ဆိုပါတယ်။

လက်နက်ဥပဒေနဲ့ပတ်သက်ပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာ လက်နက်ရောင်းဝယ်ကိုင်ဆောင်မှုကို ချုပ်တည်းဖို့ မလွယ် ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“သူ(စကစ) အရေးယူမယ်ဆိုတာကလည်း သူ့ဘက်ကထိရောက်မယ်လို့ ထင်တာဖြစ်မှာပါ။ ဒါပေမယ့် ကျွန် တော်တို့ နိုင်ငံရဲ့ စစ်ရေး၊ နိုင်ငံရေးအခင်းအကျင်းနဲ့ ဆက်စပ်စဉ်းစားကြည့်မယ်ဆိုရင် ဘယ်လောက်ပဲ ဥပဒေ ထုတ်ထားပြီးမှ စစ်ဆေးတာပဲဖြစ်ဖြစ် မြန်မာနိုင်ငံရဲ့ အခြေအနေကတော့ လက်နက်ရောင်းဝယ်ကိုင်ဆောင်တဲ့ အခြေအနေကို ချုပ်တည်းဖို့ဆိုတာမလွယ်ဘူးလို့ ကျွန်တော်မြင်တယ်။ နေရာတကာမှာ စစ်ကောင်စီကို တော် လှန်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေက အများကြီးရှိနေတော့ တနည်းနည်းတဖုံဖုံနဲ့တော့ လက်နက်က တော့ ရအောင်ကိုင်ဆောင်မှာပဲ။ ထိရောက်မှုဘက်က ပြန်ကြည့်ရင် ထိရောက်မှုရှိမယ်လို့ ကျွန်တော် မမြင်ပါ ဘူး။”

လက်ရှိတော်လှန်ရေးဟာ လက်နက်အပြည့်အစုံ ရှာပုံထားပြီးမှ လက်နက်ကိုင်တော်လှန်နေတာ မဟုတ်ဘဲ လက် ဗလာနဲ့ တော်လှန်ရာကနေ တဖြည်းဖြည်းအင်အားကြီးလာတာဖြစ်တဲ့အတွက် PDF တွေ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ထုတ်လုပ်နေကြတဲ့ လက်နက်တွေလည်း ရပ်သွားမှာမဟုတ်ဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ထပ်ပြောပါတယ်။

အာဏာသိမ်းမှု အစောဆုံးကာလတွေမှာ စစ်အာဏာရှင်စနစ်ကိုအလိုမရှိတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ဖွဲ့ ဝင်တွေဟာ တပ်မတော်ကိုစွန့်ခွာပြီး အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်လာခဲ့ကြတာပါ။

အဲဒီနောက်မှာတော့ အတိုက်အခံ တော်လှန်ရေး အင်အားစုတွေဘက်က လက်နက်ခဲယမ်းနဲ့တကွ ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်ကောင်စီတပ်သားတွေကို ဆုကြေးငွေ ပေးအပ်တာတွေရှိနေပြီး တပ် မတော်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၁၃၀၀၀ ကျော်အထိ ပါဝင်လာခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အချက်အလက်တွေအရ သိရ ပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် (MSRF) ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးကလည်း ဒီဥပဒေအရ စစ်ကောင်စီကို လက်မခံ နိုင်တဲ့ သူတွေ ဆန့်ကျင်နေတဲ့ ပုဂ္ဂိုလ်တွေလို့ ယူဆရင် ဖမ်းဆီးအပြစ်ပေးလို့ ရသလို တော်လှန်ရေး အင်အားစု တွေဘက်ကတော့ ပြောင်းလဲချက်မရှိဘဲ ဆက်လက်တိုက်ခိုက်သွားမယ်လို့ တုံ့ပြန်ပါတယ်။

“ဒီဥပဒေအရ သူတို့အတွက် (စကစ) ဘာအခွင့်အရေးဖြစ်သွားလဲဆိုရင် သူတို့လက်မခံနိုင်တဲ့ပုဂ္ဂိုလ်တွေ၊ သူတို့ ကို ဆန့်ကျင်နေတဲ့ ပုဂ္ဂိုလ်တွေ သူတို့ယူဆလို့ရှိရင် ဒီလက်နက်ဥပဒေကို အကြောင်းပြပြီးတော့ လက်နက်ကို သယ်လာပြီး မိပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းပြီးအပြစ်ပေးလို့ရတယ်။ ဆိုတော့ ရှင်းရှင်းပြောရရင် ဒီ ဥပဒေက တော်လှန်ရေးသမားတွေအတွက် ဘာမှထူးခြားမှုမရှိဘူး။ ဘာမှလည်း ပြောင်းလဲချက် မရှိဘူး၊ ဒီစစ် တပ် အမြစ်ပြုတ်ဖို့ လက်နက်တွေကို ရတဲ့နည်းနဲ့ထုတ်လုပ်သွားမယ်။ သယ်ဆောင်သွားမယ်။ ကိုင်ဆောင် သွား မယ်၊ တိုက်ခိုက်သွားမယ်လို့ ကျွန်တော်ပြောချင်ပါတယ်” လို့ MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောပါတယ်။

စစ်ကောင်စီဘက်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ လက်နက်ခဲယမ်းနဲ့တကွ ဥပဒေဘောင် အတွင်း ဝင်ရောက်လာရင် ဆုကြေးငွေနဲ့အတူ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကိုပါ ဥပဒေအရ ဖြေလျှော့ပေးမယ်လို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာ ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။

အဲဒီကြေညာချက်အပေါ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လုံးဝ အယုံအကြည်မရှိသလို စစ်ကောင်စီက ထုတ် ပေးတဲ့ ဆုကြေးငွေထက် ပိုပေးပြီး လက်နက်ခဲယမ်းနဲ့တကွ ပြည်သူ့ရင်ခွင်ခိုလှုံကြပါလို့ တုံ့ပြန်ထားပါတယ်။

November 18, 2024
မွန်ပြည်နယ်မှာ စာသုံးဆီဖူလုံအောင် ဆီထွက်သီးနှံတွေဖြစ်တဲ့ မြေပဲ၊ နှမ်းနဲ့ နေကြာတို့ကို...
November 14, 2024
“ဘုတလင်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒေသခံရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်မှု...
November 14, 2024
စစ်အာဏာသိမ်းမှု သုံးနှစ်‌ကျော်အတွင်း မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်အလုံးပေါင်း ၁၀၅,၃၀၀...
November 13, 2024
မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အစပ် ဂျိုင်းမြစ်ဝှမ်းဒေသရှိ မွန်စစ်ရှောင်ပြည်သူတွေ...