ရှင်းရင်ဟိုတယ် ရှေ့တွင် KIA အရာရှိတစ်ဦးနဲ့ ဟိုတယ်ဝန်ထမ်း ၂ဦးပစ်သတ်ခံရ

ရှင်းရင်ဟိုတယ် ရှေ့တွင် KIA အရာရှိတစ်ဦးနဲ့ ဟိုတယ်ဝန်ထမ်း ၂ဦးပစ်သတ်ခံရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင် ကျေးရွာရှိ ရှင်းရင်ဟိုတယ်ရှေ့တွင် KIA အရာရှိတစ်ဦးနဲ့ ဟိုတယ် ဝန်ထမ်း ၂ ဦး ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများက ပြောသည်။

မေလ ၁၂ ရက်နေ့၊ ည ၁၀ နာရီအချိန်တွင် ဆိုင်းတောင်ရှိ ရှင်းရင်ဟိုတယ်ကို စစ်ကောင်စီတပ်ဝင်စီးပြီး ပစ်ခတ်မှု ဖြစ်ပွားရာ  KIA အရာရှိနဲ့ ရှင်းရင်ဟိုတယ် ဝန်ထမ်း ၂ ဦးသေဆုံးသွားကြောင်း ဖားကန့် KIA၊ PDF နီးစပ်သည့် တက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။

“ဟုတ်တယ် ညက ရှင်းရင်ဟိုတယ် ရှေ့ဖြစ်သွားတာ KIA ဘက်က အရာရှိ ဟိုတယ်က ကားပါကင် ဝန်ထမ်း ကောင်လေး တစ်ယောက်ရယ်။ ဟိုတယ် ဝန်ထမ်းကောင်မလေး တစ်ယောက်ရယ် ပစ်သတ်ခံလိုက်ရတယ်” ဟု ပြောသည်။

အနီးဝန်းကျင်တွင် နေထိုင်သည့် ဒေသခံများ၏ ပြောပြချက်အရ ယင်းဖြစ်စဥ်တွင် နှစ်ဖက်ပစ်ခတ်သည့် သေနတ် သံများ ထွက်ပေါ်ခဲ့ပြီး KIA ဗိုလ်ကြီးနောနော်နဲ့ ဟိုတယ်ဝန်ထမ်းနှစ်ဦးသည် စစ်ကောင်စီတပ်၏ ရမ်းသမ်း ပစ်ခတ်မှုများကြောင့် ထိမှန်သေဆုံးခဲ့ခြင်းဟု ပြောသည်။

ဖားကန့် PDF နဲ့နီးစပ်သည့်အခြား အမျိုးသားတစ်ဦးက “ဟုတ်တယ် KIA ဘက်က အရာရှိတစ်ဦးပါသွားတယ်။ ညကအဲ့ပစ်ခတ်မှုမတိုင်ခင်အထိတော့ ဖုန်းဆက်သွယ်ရ သေးတယ်တဲ့ ပစ်ခတ်တဲ့နောက်ကတော့ လုံးဝဖုန်းကို ဆက်သွယ်မရတော့ဘူး ဖြစ်သွားတယ်” ဟု ပြောသည်။

အဆိုပါ ရုပ်အလောင်းသုံးလောင်သည် မေလ ၁၃ ရက်နေ့၊ နံနက်ပိုင်းအချိန်ထိ ဟိုတယ်ရှေ့တွင်သာ ရှိသေးပြီး အလောင်းကောက်၍ မရဖြစ်နေသည်ဟု ဆိုင်းတောင်နာရေးကူညီမှုအသင်းနှင့် နီးစပ်သူတစ်ဦးကပြောသည်။

“နာရေးကူညီမှုအဖွဲ့တွေတောင် အနားကပ်လို့မရဘူးတဲ့ အဲ့ကြောင့် အလောင်းက အခုချိန်ထိ ကောက်မရသေး ဘူး။ သူတို့ပြောတာ ဟိုတယ်ထဲမှာတော့ အပြင်မှာကော စကစ (စစ်ကောင်စီတပ်) တွေ စောင့်ကြည့်နေသေးလို့ ကောက်မရသေးတာတဲ့” ဟု ဆိုင်းတောင်ကျေးရွာရှိ နာရေးကူညီမှုအသင်းနှင့် နီးစပ်သူတစ်ဦးကပြောသည်။

ဖားကန့်တွင် ယခုနောက်ပိုင်း စစ်ကောင်စီတပ်က KIA၊ PDF များဟု သံသယရှိသည့် အရပ်သားပြည်သူများ သတ်ဖြတ်ခံရမှု မကြာခဏ ဖြစ်ပွားလျက်ရှိလာနေပြီး မေလ ၁၃ ရက်နေ့အတွင်း KIA၊ PDF နှင့် အရပ်သား ပစ်သတ်ခံရသူ ၈ ဦး အထိ ရှိလာပြီဖြစ်သည်။

ကံပိုင်တည်- ဆဒုံးကားလမ်းပိုင်းမြင်ကွင်း
November 14, 2024
ကချင်ပြည်နယ် မြစ်ကြီးနား- ကံပိုင်တည်ကားလမ်းပိုင်း နိုဝင်ဘာလ ၆ ရက်နေ့စပြီး စစ်ကောင်စီတပ်က...
ပုံ- ကြွက်ဘေးသင့်သွားတဲ့ အင်ပါဘာဒေသ တောင်ယာစပါးခင်းများ
November 14, 2024
ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ အင်ဘာပါဒေသထဲက ရွာပေါင်း ၁၀ ဝန်းကျင်က...
November 12, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီဆာကျေးရွာ မြေစာပုံပြိုကျမှုမှာ...
ဖမ်းဆီးခံထားရတဲ့ လွတ်တော်ကိုယ်စားလှယ် ဦးဝင်းလှိုင်
November 11, 2024
ရှမ်းမြောက်၊ နမ္မတူမြို့နယ် တအာင်းတပ်မတော် TNLA ဖမ်းဆီးထားတဲ့ NLD ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်...