KIO တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူ ၁၄၀၀ ကျော်ရှိ

KIO လိုင်ဇာဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခဲ့သော ကျောင်းသူ/သားများ

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ပညာရေးကျောင်းများ၏ ၂၀၂၂-၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးတွင် ကျောင်းသား ၁၄၀၀ ကျော် ဖြေဆိုအောင်မြင်ခဲ့သည်။

အောင်စာရင်းကို ပြီးခဲ့သည့် မေလ ၆ ရက်နေ့တွင် ကြေငြာခဲ့ပြီး နှစ်တိုင်း အောင်ချက်ရာခိုင်နှုန်း ပုံမှန်ရှိသည်ဟု KIO အစိုးရ ဗဟိုပညာရေးဌာန အတွင်းရေးမှူး ဆရာ နော်ထွယ်က KNG ကို ပြောသည်။

“အောင်ချက်ကတော့ ပုံမှန်ဘဲ များလည်းမများဘူး နည်းလည်းမနည်းဘူး၊ ကျောင်းသားကတော့ မနှစ်ကထက် ပိုများလာတာပေါ့” ဟု ပြောသည်။

တက္ကသိုလ်၀င်တန်း ဖြေဆိုသည့် ကျောင်းသားများမှာ ပြီးခဲ့သည့်နှစ်တွင် လူဦးရေ ၁ထောင်‌ကျော် မျှသာရှိခဲ့သော် လည်း ယခုနှစ်တွင် ကျောင်းသား ၃၀၀၀ ဝန်းကျင်ထိရှိခဲ့ကြောင်း သိရသည်။

ယခုအောင်စာရင်းမှာ KIO ထိန်းချုပ်နယ်မြေရှိ အထက်တန်း ၈ ကျောင်းအနက် ၅ ကျောင်းမှ အောင်မြင်လာသူ များ ဖြစ်ပြီး ဂုဏ်ထူးထွက်သည့် ကျောင်းသား စုစုပေါင်း ၂၄၀ ကျော်ရှိကာ ဂုဏ်ထူးအများဆုံးမှာ ၅ ဘာသာအထိ ရှိခဲ့သည်ဟု KIO အစိုးရ ဗဟိုပညာရေးဌာန ထံမှ သိရသည်။

အများစုမှာ လိုင်ဇာမြို့နှင့် မိုင်ဂျာယာန်မြို့ရှိ အထက်တန်းကျောင်းများမှ ဖြစ်ကြသည်။

တက္ကသိုလ်ဝင်တန်း အောင်မြင်သော ကျောင်းသားများအနေဖြင့် KIO အစိုးရ ဗဟိုပညာရေးဌာန လက်အောက်ရှိ တက္ကသိုလ်ကျောင်းများတွင် ပညာဆက်လက်သင်ကြားနိုင်ပြီ ဖြစ်သည်ဟု KIO အစိုးရ ဗဟိုပညာရေးဌာန အတွင်းရေးမှူး ဆရာနော်ထွယ် က ဆက်ပြောသည်။

“အောင်ပြီဖြစ်တဲ့ ကျောင်းသားတွေကတော့ ကျွန်တော်တို့နယ်မြေမှာ ဖွင့်ထားတဲ့ မိုင်ဂျာယာန် ကောလိပ်၊ ဆရာ အတတ်သင် ကျောင်းတွေ၊ ဉပဒေကျောင်း၊ သူနာပြုကျောင်း စတဲ့ကျောင်းတွေမှာ ပညာဆက်လက်သင်နိုင်ပြီ” ဟု ပြောသည်။

KIO အစိုးရ ထိန်းချုပ်နယ်မြေတွင် ဆယ်တန်းကို တက္ကသိုလ်ဝင်တန်းအဖြစ် ယခုနှစ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သည် နောက်ဆုံးအကြိမ်ဖြစ်ပြီး လာမည့်နှစ်များတွင် ၁၂ တန်းထိ တိုးသွားမည်ဖြစ်သည်ဟု တာဝန်ရှိသူများက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ လက်အောက်ခံ မြို့ပေါ်ရှိ စာသင်ကျောင်းများ ပိတ်ထားခဲ့ရသည့် အပြင် စစ်ကောင်စီ လက်အောက်တွင် ပညာသင်ယူလိုခြင်း မရှိကြတော့သည့်နောက် KIO ထိန်းချုပ်နယ်မြေရှိ စာသင်ကျောင်းများတွင် တက်ရောက်သော ကျောင်းသား ဦးရေ များပြားလာခဲ့ ခြင်း ဖြစ်သည်။

Most read this week

မြစ်ကြီးနား လေယာဉ်ကွင်း။ Photo - Crd
April 10, 2025
မန္တလေး – မြစ်ကြီးနား လေယာဥ်လက်မှတ်စျေး အဆမတန်မြင့်တက်နေပြီး ဝယ်ယူရလည်း ခက်ခဲတယ်လို့...
April 9, 2025
ကချင်ပြည်နယ် တနိုင်းလီဒိုလမ်းမပေါ်ရှိ  ဝါရာဇွပ်နဲ့ လဝါးကျေးရွာအနီး တိုက်ပွဲတွေကြောင့်...
ဖားကန့် သွားလမ်းမှာ ခရီးသွားယာဉ်တွေ ပိတ်ဆို့နေတဲ့အခြေအနေ (ပုံဟောင်း)
April 8, 2025
ကချင်ပြည်နယ် မြစ်ကြီးနား–တနိုင်း လီဒိုကားလမ်းပိုင်းမှာ KIA နှင့် မင်းဇေသန့်ပြည်သူ့စစ်တပ်တို့...
April 3, 2025
ငလျင်နောက်ဆက်တွဲ ကယ်ဆယ်ရေးအတွက် ရက်ပေါင်း ၂၀ ယာယီအပစ်ခတ်ရပ်ကြောင်း ကြေညာလိုက်တဲ့ စစ်ကောင်စီတပ်ဟာ...