၂၀၂၃ ခုနှစ်အတွင်း ချင်းပြည်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၃၀ ကျော်သေဆုံး

၂၀၂၃ ခုနှစ်အတွင်း ချင်းပြည်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၃၀ ကျော်သေဆုံး

- ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၀၂၃ ခုနှစ်အတွင်းမှာ အရပ်သားပြည်သူ ၃၀ ကျော်သေဆုံးခဲ့ပြီလို့ ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)က ပြောပါတယ်။

- စစ်ရေးပဋိပက္ခကြောင့် ဆန်ပြတ်လပ်မှုနဲ့ရင်ဆိုင်နေရတဲ့ ဟားခါးမြို့မှာ ဟားခါးခရစ်ယာန်ဂိုဏ်းပေါင်းစုံ ဓမ္မအမှုတော်ဆောင်များအဖွဲ့(HCMF)က ဆန်အိတ်တွေမှာယူပြီး အရင်းတိုင်း ပြန်လည်ရောင်းချပေးခဲ့ပါတယ်။

- ကလေးမြို့ကနေ ချင်းပြည်နယ် တီးတိန်မြို့နဲ့ ရိခေါဒါရ်မြို့ကို ပြေးဆွဲနေတဲ့ ခရီးသည်တင်ကားတွေ စစ်ကောင်စီတပ်ဖွဲ့က ချင်း-စစ်ကိုင်းနယ်စပ် ကိုးမိုင်စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းခွင့်မပြုတာကြောင့် မော်တော်ယာဉ်လိုင်းနဲ့ခရီးသည်တွေ အခက်ကြုံနေကြရပါတယ်။

Most read this week

January 17, 2025
- ချင်းပြည်တောင်ပိုင်း မတူပီမြို့နယ်ထဲက CDF - မတူပီ၊ တပ်မဟာ - ၂ က တပ်မှူး - ၂ ယောက်နဲ့ ရဲဘော် ၆...
January 16, 2025
- ကရင်နီပြည်ရဲဌာန(KSP) စိုးမိုးနယ်မြေမှာ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း KSP က ဖမ်းဆီးအရေးယူတဲ့...
January 15, 2025
- ပူတာအိုမြို့နယ်နဲ့ မချမ်းဘောမြို့နယ်အတွင်းမှာ ရွှေတူးဖော်မှုတွေ မရပ်တန့်ဘဲ...
January 15, 2025
- ကရင်ပြည်နယ် ဒီကေဘီအေ ထိန်းချုပ်နယ်မြေ မော်ခီးကျေးရွာအုပ်စုထဲမှာရှိတဲ့ ရွာတွေဟာ...