Published
Friday, April 28, 2023
တိုက်ပွဲကြောင့် ဟားခါးမြို့မှာ အခြေခံစားသောက်ကုန်တွေ အဆမတန်ဈေးတက်
- ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကြားကာလ ပညာရေးအစီအစဉ်ကို ဆက်လက်အကောင်ထည်ဖော်ဆောင်ဖို့ ခက်ခဲနိုင်တယ်လို့ ပလက်ဝမြို့နယ် ပညာရေးဘုတ်အဖွဲ့က ပြောဆိုလိုက်ပါတယ်။
- စစ်ကိုင်းတိုင်း ကလေးမြို့က တော်လှန်သင်္ကြန်သပိတ်ပြုလုပ်နေချိန် စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့ ကလေး ပင်မသပိတ်အင်အားစုအဖွဲ့ဝင် ၄ ဦးရဲ့နေအိမ်တွေ ချိပ်ပိတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က မြေထိုးစက်နဲ့ နေအိမ်တွေကို ဖြိုဖျက်ခဲ့ပါတယ်။
- ချင်းပြည်နယ် ဟားခါးမြို့မှာ အခြေခံစားသောက်ကုန်တွေ အဆမတန်ဈေးတက်နေပြီး ကုန်ပစ္စည်းတချို့မှာ ပြတ်လပ်မှုရှိလာတာကြောင့် ဒေသခံပြည်သူတွေအခက်ကြုံနေကြရပါတယ်။