Published
Wednesday, April 12, 2023
ကချင်ပြည်အတွင်း မြို့နယ်သုံးခုက တောင်သူ ၆,၄၀၀ ကျော် စိုက်ပျိုးစရိတ်ချေးငွေပြန်ဆပ်နိုင်ဖို့ခက်ခဲနေ
- ကချင်ပြည်နယ်အတွင်း မြို့နယ်သုံးခုက စိုက်ပျိုးစရိတ်ချေးငွေ ချေးထားကြတဲ့တောင်သူ ၆,၄၀၀ ကျော်ဟာ ပြန်ဆပ်နိုင်ဖို့ ခက်ခဲနေကြပါတယ်။
- ဖားကန့်မြို့နယ် လဝါးကျေးရွာဘက်မှာ ပြည်သူ ၉ ဦး အသတ်ခံရတာနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပေမဲ့ လက်ရှိအချိန်ထိ KIA ဘက်က တိကျတဲ့အဖြေပေးလာတာမျိုး မရှိသေးပါဘူး။
- ဘာသာရေးနဲ့ စစ်ရှောင်အရေးတွေမှာ အားတက်သရော စွမ်းစွမ်းတမံဆောင်ရွက်ခဲ့တဲ့ KBC ဉက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီကနေ ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်ပါတယ်-စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။