ပင်လောင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ ဦးထက် မနည်းကျဆုံးနိုင်ဟု မဟာမိတ်ပူးပေါင်းတပ်များက ပြောသည်။
ပင်လောင်းမြို့နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းနိန်ကျေးရွာတွင် ခြေမြန်တပ်ရင်း(ခမရ) တပ်မ ၆၆ လက်အောက်ခံ စစ်ကောင်စီတပ်သားများနှင့် မဟာမိတ်တော်လှန်ရေး အင်အားစုများအကြား တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ကရင်နီ တော်လှန်ရေး တပ်ပေါင်းစု (KRU)မှ ပြန်ကြားရေး တာဝန်ခံ တစ်ဦးက “တိုက်ပွဲတော့ တစ်နေကုန် ဖြစ် တာပေါ့နော်။ အဲ့ဒီမှာ ညပိုင်းကျမှ လေယာဉ်နဲ့ ၂ ကြိမ် ဟတ်စကီးနဲ့ ၂ကြိမ် လာကြဲချတယ်။ သူတို့ဘက်က အကျဆုံး တော်တော်လေး များနိုင်တယ်။ ဒါပေမယ့် လက်နက်ကြီးနဲ့ ပစ်နေတာရယ် လူထုတွေ ရှိနေတာရယ် ဆိုတော့ အတည်ပြုလို့ မရဘူးပေါ့။ ခန့်မှန်းခြေတော့ ၁၀ ယောက်အထက် များနိုင်တယ်။ ဒါက သိရှိရတဲ့ သတင်းအရပေါ့နော်။ ဘာလို့လဲဆိုတော့ Sniper တပ်ပေါင်းစုတွေရော မြေပြင် ပစ်ခတ်မှုတွေရော ရှိတယ်။ ခွေး တွေကတော့ သူတို့ Dead Body (ရုပ်အလောင်း) ပြန်ယူသွားပြီး မီးရှို့သွားတယ်” ဟု ပြောသည်။
ပအိုဝ်းပြည်သူ့စစ် (PNA) နှင့် စစ်ကောင်စီပူးပေါင်းတပ်တို့က မတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး အင်အား ၆၀ ဝန်းကျင်ခန့်ဖြင့် ထိုးစစ်ဆင်လာသည့် စစ်ကြောင်းကို မဟာမိတ်တော်လှန်ရေး အင်အားစုများ ခုခံတိုက်ခိုက်ခဲ့ ခြင်း ဖြစ်သည်။
အဆိုပါ တိုက်ပွဲတွင် မဟာမိတ်တော်လှန်ရေး အင်အားစုများဘက်မှ KRU အပါအဝင် ပအိုဝ်းအမျိုးသား ကာ ကွယ်ရေးတပ် (PNDF- KK)၊ ကရင်နီတပ်မတော် (KNDF)၊ ရှမ်းပြည်တောင်ပိုင်း တော်လှန်ရေး ဒေသခံတပ်ပေါင်းစု (SSLRU)၊ ဖယ်ခုံ PDF၊ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) လက်အောက်ခံ တပ်ရင်းများဖြစ်သည့် အလယ် ပိုင်းတိုင်း စစ်ဆင်ရေး တပ်ရင်း- ၈၀၄၊ ၁၁၀၁၊ ၁၁၀၂၊ ၁၀၀၇၊ ၁၀၀၉ စုစုပေါင်း ၁၀ ဖွဲ့ ပါဝင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
KRU မှ ပြန်ကြားရေး တာဝန်ခံက “ကျနော်တို့ အခြေစိုက်တဲ့ ဒေသက ဒီးမော့ဆိုပေါ့နော်။ အခုက ရှမ်းပြည်ဘက် မှာ ဖြစ်နေတဲ့အတွက် ပအိုဝ်း အမျိုးသား ကာကွယ်ရေး အဖွဲ့တွေနဲ့ ရှမ်းပြည်တော်လှန်ရေး အဖွဲ့တွေနဲ့ ပူးပေါင်း ပြီးတော့ စစ်ကူသွားတာပေါ့နော်။ အဲ့အတွက်ကြောင့် ပအိုဝ်းဒေသမှာရှိတဲ့ လူမျိုးရေး ပဋိပက္ခ ဖြစ်တာတွေ အသံမျိုးစုံ ကြားနေရတာပေါ့နော်။ လူမျိုးရေး ခွဲခြားတာတွေ ပါလာကြတယ်။ ပြောချင်တာကတော့ ဘယ်သူ့ စကားမှ နားမယောင်ကြပဲနဲ့ လက်ရှိ ပြည်သူထဲက ပေါ်ပေါက်လာတဲ့ PDF တွေနဲ့အတူ အဆုံးထိ တောင့်ခံပြီး ထောက်ခံပေးဖို့ ပြောချင်တယ်” ဟု ပြောသည်။
တိုက်ပွဲတွင် မဟာမိတ်တော်လှန်ရေး အင်အားစုများဘက်မှ ရဲဘော် ၂ ဦးကျဆုံးခဲ့ပြီး ပေါင်နေရာတွင် ကျည်စ ထိမှန်ခဲ့သည့် KRU ကွန်မန်ဒိုရဲဘော် တစ်ဦးနှင့် အခြာတပ်ဖွဲ့မှ နံရိုးကြား ကျည်စထိမှန်သည့် ရဲဘော်တစ်ဦး စုစု ပေါင်း ၂ ဦး မစိုးရိမ် ဒဏ်ရာများရရှိခဲ့သည်။
တိုက်ပွဲပြီးဆုံးချိန်တွင် စစ်ကောင်စီ၏ ၇၉-မမ လက်နက်ကြီးကျည် ၁၃ လုံး၊ MA-1 ကျည် ၁၆၀၀ တောင့်၊ ကျည် စုပုံး ၇ လုံး၊ နင်းမိုင်း ၂ လုံး၊ MA-1 ကျည်ဘောက် ၂ ခု၊ လက်ပစ်ဗုံး ၂ လုံး၊ ၆၀-မမ ဗို့ယမ်းနှင့် အခြားလက်နက် ပစ္စည်းများစွာ သိမ်းဆည်းနိုင်ဲခ့သည်ဟု မဟာမိတ်တော်လှန်ရေး အင်အားစုများဘက်မှ တာဝန်ရှိသူများက ပြော သည်။
လက်ရှိ နန်းနိန်းကျေးရွာတွင် စစ်ကောင်စီတပ်များမှာ တပ်ပြန်ဆုတ်သွားခြင်း မရှိသေးဘဲ မဟာမိတ် တော်လှန် ရေး အင်အားစုများနှင့် စစ်ရေးတင်းမာနေသည်ဖြစ်ရာ အချိန်မရွေး တိုက်ပွဲ ပြန်လည် ဖြစ်ပွားနိုင်သောကြောင့် ပြည်သူများအနေဖြင့် ၎င်းတို့၏ ထုတ်ပြန်ချက်များအပေါ် လိုက်နာကြရန် KRU က သတိပေး တိုက်တွန်းထား သည်။