ညမထွက်ရ အမိန့်ထုတ်ပြီး ကောလင်းမြို့တွင်း သေနတ်ဖြင့် ရမ်းသန်း ပစ်ခတ်၊ လူ ငါးဦး ဒဏ်ရာရ

ညမထွက်ရ အမိန့်ထုတ်ပြီး ကောလင်းမြို့တွင်း သေနတ်ဖြင့် ရမ်းသန်း ပစ်ခတ်၊ လူ ငါးဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ကောလင်းမြို့တွင် ညမထွက်ရ အမိန့် ၁၄၄ ထုတ်ပြန်ပြီး စစ်ကောင်စီက မြို့တွင်း နေရာအနှံ့ သေနတ်ဖြင့် လိုက် လံပစ်ခတ်မှုများ လုပ်နေခဲ့သည့်အတွက် ဒေသခံ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ပြောသည်။

စစ်ကိုင်းတိုင်းအတွင်းက စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်များထဲက မြို့နယ်တစ်မြို့နယ်ဖြစ်သည့် ကော လင်းမြို့တွင် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ညမထွက်အမိန့် ၁၄၄ ထုတ်ပြန်လိုက်ပြီး ထိုနေ့ည ၉ နာရီ အချိန်မှာ ပင် စစ်သားများက မြို့အနှံလိုက်လံ ပစ်ခတ်နေခြင်း ဖြစ်သည်။

ဒေသခံတစ်ဦး က “ကောလင်းမြို့ထဲမှာ ဘယ်လိုဖြစ်နေတာလဲဆိုတော့ ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ၁၄၄ ထပ်ထုတ်တယ်တဲ့။ အဲ့ဒါကို အကြောင်းပြပြီး ၉ နာရီထိုးတော့ အပစ်အခတ်တွေ

စတယ်ဗျ။ မြို့သူမြို့သား တွေက ဗုံးကျင်းတွေတူးထားတဲ့အထဲမှာ နေရတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထိုသို့ လိုက်လံပစ်ခတ်နေသောကြောင့် ဒေသခံပြည်သူများက ဗုံးခိုကျင်းများထဲ တွင် ညတိုင်းပုန်းအောင်းနေရသည်ဟု ဒေသခံများက ဆက်ပြောသည်။ “တိုက်ပွဲဖြစ်တာလည်းမဟုတ်ပဲ မြို့ထဲကို သူတို့က လိုက်လျှောက်ပစ်နေတာ။ ပစ်ခတ်ခြိမ်းခြောက်တာ ပြည် သူကို။ တမင်ကို လိုက်လျှောက်ပစ်တာဗျ။ တညလုံး အဲ့လို လိုက်လျှောက်ပစ်နေတာဗျ အဲ့လို အဲ့လို” ဟု ဒေသခံ မြို့မိမြို့ဖ တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရမ်းသန်းပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူများ၏ နေအိမ်အချို့ သေနတ် ကျည်ဆံများ ထိမှန်ခဲ့ပြီး ကျော်ဇေယျာရပ်ကွက်ရှိ ဘုန်းကြီးကျောင်းနားက အိမ်တစ်အိမ်မှ အသက် ၅၆ နှစ် အရွယ် ဒေါ်စန်းမြင့် ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အသက် ၃၀ အရွယ် သားဖြစ်သူ ကိုဖိုးထူးလည်း ထိ ခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ထို့အပြင် ကောလင်းမြို့က ပြင်ဦးရပ်ကွက်ထဲက ဒေသခံ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ဖေဖော်ဝါရီလ ၈ ရက်နေ့၊ ညမထွက်ရ ၁၄၄ ထုတ်ပြန်လိုက်သည့်နေ့မှစတင်၍ ကောလင်းမြို့ခံများသည်စစ် ကောင်စီ တပ်သားများ၏ ရမ်းကားပစ်ခတ်မှုများကြောင့် အသက်အန္တရာယ် စိုးရိမ်နေကြသည်။

ညစဉ်ညတိုင်းနီးပါး သေနတ်သံများ ကြားနေရသောကြောင့် သတိအနေအထားဖြင့် နေနေကြရသည်ဟု ဆို သည်။

စစ်ကောင်စီက ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ တနင်္သာရီ၊ မွန်၊ ကရင်၊ ကယား (ကရင်နီ) နှင့် ချင်းပြည်နယ်အတွင်းက မြို့နယ်ပေါင်း ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေးအမိန့် ကြေညာလိုက်ခြင်း ဖြစ်သည်။

ယခုရက်ပိုင်း စစ်ကောင်စီက ရမ်းကား ပစ်ခတ်နေသည့် ကောလင်းမြို့အပါအဝင်

စစ်ကိုင်းတိုင်းအတွင်းက အင်းတော်၊ ဗန်းမောက်၊ ပင်လယ်ဘူး၊ မြောင်၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ခင်ဦး၊ တန့်ဆည်၊ ရေဦး စသည့် မြို့နယ်များသည် စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာလိုက်သည့် မြို့များဖြစ်သည်။

မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...
January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...