ဘုန်းကြီးကျောင်းမီးရှို့ပြီး ကျောင်းထိုင်ဘုန်းကြီးတစ်ပါးကို ဖမ်း

ဘုန်းကြီးကျောင်းမီးရှို့ပြီး ကျောင်းထိုင်ဘုန်းကြီးတစ်ပါးကို ဖမ်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်ထဲတွင် စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းအား မီးရှို့ခဲ့သည့်အပြင် ကျောင်းထိုင်ဘုန်းကြီးကိုလည်း ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

ကျွန်းလှမြို့နယ်၊ လယ်လှကျေးရွာမှ ထွက်လာသော ခမရ ၃၆၈ တပ်က ခန့်မှန်းအင်အား စစ်သား ၁၂၀ ခန့် ပါသည့် စစ်ကြောင်းမှာ ကံပေါက်ကျေးရွာ အရှေ့တောင်ဘက်ရှိ တောကျောင်း (အရှေ့) အား မီးရှို့ခဲ့သည့်အပြင် ဆွဲလှဲက ကျောင်းထိုင်ဘုန်းကြီး တစ်ပါးကိုလည်း ဖမ်းဆီးသွားခြင်း ဖြစ်သည်။

ဒေသခံတစ်ဦးက “အဲ့ဒီမှာ အင်အား ၃၀ လောက်ပါတဲ့ တစ်ဖွဲ့ကတော့ ကံပေါက် တောကျောင်းဘက်ကို ထွက် တယ်။ ထွက်ပြီးတော့ ကျောင်းရောက်တဲ့အချိန်မှာ ဘုန်းကြီးတစ်ပါးပေါ့လေ သူက အခြေအနေလှမ်း ပြောပုံရ တယ်။ အဲ့ဒါကို သိသွားပြီး အဲ့ဒီဘုန်းကြီးကို ဖမ်းသွားပြီး အရှေ့တောကျောင်းကိုလည်း မီးရှို့သွားတာဗျ” ဟု ပြောသည်။

စစ်ကောင်စီတပ် လက်အောက်ခံ ခမရ ၃၆၈ တပ်က စစ်သားအင်အား ၁၂၀ ခန့်ပါသည့် စစ်ကြောင်း ထွက်လာ သည့် လယ်လှကျေးရွာမှာလည်း ဒေသခံများ၏ ပြောပြချက်အရ ပျူစောထီးအားကောင်းသည့် ကျေးရွာ တစ်ရွာ ဖြစ်သည်ဟု သိရသည်။

“ဒီလည်လှက ဘုန်းကြီးက ဆွဲလှဲကဘုန်းကြီးကို စစ်တပ်က လာနေတဲ့အကြောင်း အနေအထားနဲ့ ပတ်သက်ပြီး တော့ လှမ်းပြီး ဖုန်းဆက်မေးတဲ့အချိန် ဆွဲလှဲဘက်မှာလည်း ဘုန်းကြီးဆီကို စစ်သားတွေကရောက်နေချိန် ကွက် တိဖြစ်သွားတဲ့အတွက် အဲ့ဒါ ဘုန်းကြီးကို စစ်သားတွေဖမ်းသွားပြီး ကျောင်းကိုပါမီးရှို့လိုက်တာ။ လက်ရှိအချိန် မှာ ဘုန်းကြီးနဲ့ ပတ်သက်တဲ့ သတင်းအစအနလည်း မရသေးဘူး။ ဘုန်းကြီး အသက်အန္တရာယ် စိုးရိမ်တာ ကြောင့် အားလုံးကတော့ စိုးရိမ်နေကြတယ်။”

ဖမ်းဆီးခံလိုက်ရသည့် ဆွဲလှဲကျေးရွာက ဘုန်းကြီးနှင့် ပတ်သက်သည့် နောက်ဆုံးအခြေအနေကို ယနေ့အချိန်ထိ မသိရသေးသောကြောင့်ဘဒေသခံရွာသားများက စိုးရိမ်နေကြသည်။

စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ပျူစောထီးများသည် ကျွန်းလှမြို့နယ်နှင့် ကန့်ဘလူမြို့နယ်ထဲ အပြစ်မဲ့ ပြည် သူများကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်း၊ နေအိမ်များနှင့် ဘုန်းတော်ကြီးကျောင်းများကို မီးရှို့ခြင်း ဆက်တိုက် ပြုလုပ်နေသည်ဟုလည်း ဒေသအတွင်းရှိ ကျွန်းလှ-ကန့်ဘလူ တက်ကြွ လှုပ်ရှားသူများ အဖွဲ့က ထုတ်ပြန်ထားသည်။

ကျွန်းလှ-ကန့်ဘူ တက်ကြွလှုပ်ရှားသူများအဖွဲ့၏ ဖေဖော်ဝါရီလ ၅ ရက်နေ့ ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်၊ ဇန္နဝါ ရီလအတွင်း ကျွန်းလှမြို့နယ် ကျေးရွာ ၅ ရွာမှ နေအိမ် ၁၈၆ လုံး၊ ကန့်ဘလူမြို့နယ် ကျေးရွာ ၅ ရွာမှ နေအိမ် ၁၀၃ လုံး၊ စုစုပေါင်းနေအိမ် ၂၈၉ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်ဟု သိရသည်။

ထို့အပြင် ကန့်ဘလူမြို့နယ်၊ ငါးမြောင်ကျေးရွာရှိ မိသားစု ရှစ်ဦးသတ်ဖြတ်ခံရမှုတွင် အသက်မပြည့်သေးသည့် ကလေးသုံးဦးပါဝင်ခဲ့ပြီး ဇန္နဝါရီလထဲတွင် ကန့်ဘလူခရိုင်အတွင်း၌ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ၏ အကြမ်းဖက် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ခြင်းကြောင့် အပြစ်မဲ့ပြည်သူ ၁၅ ဦး သေဆုံးခဲ့သည်ဟု ထုတ်ပြန် ထားသည်။

Most read this week

မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...
January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...