စစ်ကောင်စီတပ်ဖွဲ့ဝင်များက ညအချိန်ကင်းလှည့်ပြီး ရွာသားများကို ရိုက်နှက်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိ

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ညအချိန်ကင်းလှည့်ပြီး ရွာသားများကို ရိုက်နှက်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့အနီးရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ညအချိန်ကင်းလှည့်လည် စစ်ဆေးမှုများပြုလုပ်ပြီး လမ်းပေါ် တွေ့ရှိသည့် ရွာသားများကို ဖမ်းဆီးရိုက်နှက်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိ ကြောင်း ဒေသခံများက ပြောသည်။

မော်လမြိုင်းမြို့အနီးရှိ ကော့နှပ်ကျေးရွာအုပ်စုနှင့် ၎င်းအနီးတဝိုက်ရှိ ကျေးရွာများတွင် ယခုနှစ်ဆန်းပိုင်း ဇန်နဝါရီလမှ စတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ညအချိန်များတွင် ကင်းလှည့်ခြင်းများ ပြုလုပ် ပြီး ရွာသားများအား စစ်ဆေးခြင်း၊ ရွာသားများတွင်ပါလာသောပစ္စည်းများအား ယူဆောင်ခြင်း၊ ရိုက်နှက် ခြင်းများ ပြုလုပ်ကြောင်း အမည်မဖော်လိုသူ ဒေသခံ ရွာသားတစ်ဦးက ယခုလိုပြောသည်။

“အခုက ရွာထိပ်လမ်းဝမှာ စစ်သားတွေညတိုင်းရှိတယ်။ ညဘက်ခြမ်း အိမ်ပြန်တဲ့သူဆိုရင် သူတို့ ကရစ်တယ်။ ပါလာတဲ့ပစ္စည်းတွေ အကုန်ယူတယ်။ သူတို့ထုတာပါခံရတယ်။ ပိုက်ဆံတွေလည်းယူသွားတယ်။ အခုတော့ မော်လမြိုင်ဆေးရုံမှာ နည်းနည်းမှောင်ရင်သူတို့ကရှိနေပြီး။ တစ်ခါတလေ ရွာထဲကို ဝင်ဝင်လာတယ် ”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ကျေးရွာများတွင် ညမထွက်ရ အမိန့် ထုတ်ပြန်ထားခြင်းမရှိသလို ဒေသတွင်း လက်နက်ကိုင်ပဋိပက္ခဖြစ် ပွားခြင်းလည်းမရှိဘဲ ကျေးရွာသားအများစုမှာလည်း စစ်တပ်ထောက်ခံသည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ(USDP) ပါတီ ထောက်ခံသူများဖြစ်ကြကြောင်းလည်း အမည်မဖော်လိုသည့် အဆိုပါဒေသခံက ဆက်ပြောသည်။

ဒေသခံရွာသားများအား ရိုက်နှက်စစ်ဆေးမှုများ ပြုလုပ်သည့်  စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ မည်သည့် တပ်ရင်းတပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း ဒေသခံများ အတိအကျမသိရသော်လည်း ၎င်းဒေသတွင် ခြေမြန်တပ်ရင်း(ခမရ-၈၁) တပ်ဖွဲ့ဝင်များသာ လှုပ်ရှားလျက်ရှိသည်ဟု သိရသည်။

ထိုသို့ ညအချိန် စစ်ဆေးရိုက်နှက်မှုများပြုလုပ်သောကြောင့်လည်း ဒေသခံ ကျေးရွာသား များအနေဖြင့် ထိတ်လန့် ကြောက်ရွံ့နေကြရပြီး အချို့မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များရွာထဲဝင်လာသည်နှင့် တပြိုင်နက် ဘေးလွတ်ရာနေရာများသို့ ရှောင်တိမ်းနေကြရကြောင်း အမည်မဖော်လိုသူ နောက်ထပ် ဒေသခံတစ်ဦးကလည်း ပြောသည်။

၎င်းက “သူတို့ကခဏခဏဝင်ထွက်နေတာ။ အာဏာသိမ်းပြီးနောက်ပိုင်း အခုလိုဖြစ်တာပထမဦးဆုံးပဲ။ သူတို့ရွာထဲလာတာနဲ့ တချို့ဆိုဟို့ဘက်ကမ်းကို ပြေးပြီး။ တချို့ဆိုရင် တောတွေထဲ လိုက်ပုန်း နေကြရတယ်။ အနီးအနားမှာ ဖြစ်တာဆိုတော့ ရွာသားတွေကလည်းကြောက်တာပေါ့။ သူတို့လာတယ်ဆိုတာနဲ့ ရှောင်လိုက်ကြတာ။” ဟု ကေအိုင်စီ သို့ပြောသည်။

အလားတူ မော်လမြိုင်နှင့်နီးစပ်လျက် ရှိသော ဖားအံမြို့ပေါ်တွင်လည်း မြို့ပေါ် တိုက်ပွဲဖော်ဆောင်မည် ကောလာဟလ သတင်းများထွက်ပေါ်လာခြင်းကြောင့် စစ်ကောင်စီဘက်မှာ စစ်ဆေးမှုများ တင်းတင်းကြပ်ကြပ် ပိုမိုလုပ်ဆောင်နေပြီး ဖားအံမြို့တွင်းရှိ CCTV များဖြင့်လည်း စောင့်ကြည့်လျက်ရှိနေကာ ညအချိန် မတော် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၏ ရပ်ကွက်အတွင်းရှိ နေအိမ်များကို ဧည့်စာရင်းလိုက်လံစစ်ဆေးမှုများလည်း လုပ်ဆောင်လျက်ရှိနေကြောင်း မြို့ခံများက ပြောသည်။

အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ရက်နေ့တွင် စစ်ကောင်စီမှ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ(ကာလုံ)အစည်းအဝေး တစ်ရပ် ကို ခေါ်ယူပြီးနောက် တစ်နိုင်ငံလုံးအတိုင်းအတာတွင် မြို့နယ်ပေါင်း ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး အမိန့်ထုတ် ပြန်ထားရာ ကရင်ပြည်နယ်တွင် ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် နှင့် မွန်ပြည်နယ်တွင် ရေးမြို့နယ်များ ပါဝင်ကြောင်း သိရသည်။

November 29, 2024
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ချောင်းဝရွာကို နိုဝင်ဘာလ(၂၃)ရက်နေ့ နံနက်ပိုင်းက KNU,...
November 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်သည့် ကော်သူးလေနယ်မြေများရှိ စစ်ဘေးရှောင်...
photo-SHRF
November 28, 2024
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့တို့တွင် ယခုနှစ်မိုးရာသီတွင်...
November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...