မန္တလေးတွင် ရဲသတင်းပေး ဆိုသူ တစ်ဦး ပစ်သတ်ခံရ

မန္တလေးတွင် ရဲသတင်းပေး ဆိုသူ တစ်ဦး ပစ်သတ်ခံရ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အကွက် ၅၂၁ တွင် ရဲသတင်းပေးဆိုသူ အမျိုးသားတစ်ဦး ပစ်သတ်ခံရသည်ဟု ရပ်ကွက်နေပြည်သူများက ပြောသည်။

အကွက် ၅၂၁၊ နဝရတ်စု ၄၀-၈၂ လမ်းကြားတွင် နေထိုင်သည့် ရဲသတင်းပေးဆိုသူအား ဇန္နဝါရီလ ၃၁ ရက်နေ့ ညနေ ၄ နာရီခွဲ အချိန်ခန့်တွင် အောင်စည်တော် စစ်ဆင်ရေး (AST-MDY) မြို့ပြပြောက်ကျား တပ်ဖွဲ့မှ ပစ်ခတ် ရှင်းခဲ့သည်ဟု ၎င်းအဖွဲ့၏ တာဝန်ရှိသူများက ပြောသည်။

AST အဖွဲ့၏ ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက “သူက နဂိုကတည်းက ရပ်ကွက်ထဲမှာ အတော်ဆိုးမိုက်တယ်။ အခုနောက်ပိုင်းမှာ ရဲသတင်းပေးလုပ်ပြီး ရပ်ကွက်ထဲ ဆက်ကြေးကောက်တာ၊ ခိုးဆိုးလုနှိုက်အဖွဲ့တွေနဲ့ ပေါင်း ပြီး တစ်ခုခုဖြစ်ရင် စစ်တပ်ခေါ်လိုက်မယ် ခြိမ်းခြောက်တဲ့အထိ အနိုင်ကျင့်လာတယ်။ သူ့ကိုတော့ လွှတ်ထားတာ ကြာပြီ။ ရဲသတင်းပေး ဖမ်းခိုင်းတာတွေ ပိုဆိုးလာလို့ ရှင်းလင်းရတဲ့အထိ ဖြစ်သွားတာ” ဟု ပြောသည်။

အဆိုပါ ရဲသတင်းပေးဆိုသူမှာ အသက် ၃၀ ကျော်အရွယ် တရုတ်ကြီး (ခ) ကိုမြတ်သူ ဖြစ်ပြီး နေအိမ်တွင် ရှိနေ စဉ် ပစ်ခတ်ရှင်းလင်းခဲ့ရာ ခုခံချိန်မရလိုက်ဘဲ ပွဲချင်းပြီး သေဆုံးသွားသည်ဟု AST တာဝန်ရှိသူက ဆက် ပြော သည်။

ထို့နောက်တွင် AST မြို့ပြပြောက်ကျား တပ်ဖွဲ့မှာ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး ပြည်သူများမှကိုမြတ်သူအား ရှင်းလင်းခဲ့သည့်အတွက် ဝမ်းသာကျေးဇူးတင်ကြောင်း သတင်းများပို့ခဲ့သည်ဟု ဆိုသည်။

AST အဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူအား စစ်ကောင်စီသတင်းပေး ဒလန်များအား မည်သို့ အတည်ပြုသည်ကို သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနမှ မေးမြန်းရာတွင် “ပြည်သူ သတင်းပေးတာနဲ့ ကျနော်တို့ကိုယ်တိုင် သေ ချာလေ့လာ သုံးသပ်ပါတယ်။ ရှေ့ကြောင်း နောက်ကြောင်း အကုန်ပြန်လေ့လာတယ်။ သေချာအောင် စောင့် ကြည့်တယ်။ အထပ်ထပ် စိစစ် အတည်ပြုပြီး လုပ်သင့်တယ်လို့ သေချာမှ ကျနော်တို့ မစ်ရှင် (Mission) စပါ တယ်” ဟု ပြောသည်။

ထို့အပြင် စစ်ကောင်စီ သတင်းပေး ဒလန်ရှင်းလင်းသည့် အလုပ်မှာ ၎င်းတို့အနေဖြင့် အသက်ဖြင့်ရင်းပြီးလုပ်ရ သည့်အလုပ် ဖြစ်သည့်အတွက် မှားခွင့်မရှိကြောင်းနှင့် မှားယွင်းသည်ဟု စွပ်စွဲလာပါကလည်းသက်သေနှင့် တကွ ချပြန်ရန် အဆင့်သင့်ရှိကြောင်း ထပ်မံဖြေကြားခဲ့သည်။

အလားတူ ပြီးခဲ့သည့် ဇန္နဝါရီလ ၂၇ ရက်နေ့တုန်းကလည်း ပြည်ကြီးတံခွန်မြို့နယ်၊ အနောက်ရပ်ကွက်မှ ပျူစော ထီး ခေါင်းဆောင် ရာအိမ်မှူး ဦးခင်မောင်ငြိမ်းအား ပစ်တ်ရှင်းလင်းခဲ့သေးသည်ဟု ဆိုသည်။

AST မြို့ပြ ပြောက်ကျား တပ်ဖွဲ့မှာ မန္တလေးသားများဖြင့် အခြေပြု၍ ဇန္နဝါရီလအတွင်း ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး မန္တလေးမြို့နေ ပြည်သူများအား စစ်ကောင်စီ လက်အောက်ခံများမှ ဖိနှိပ်နေခြင်းအပေါ် တွန်းလှန်တိုက်ထုတ်ရန် ရည်ရွယ်သည်ဟု အဖွဲ့တာဝန်ရှိသူက ပြောသည်။ ထို့ကြောင့် ရှေ့ဆက်ဖော်ဆောင်သွားမည့် စစ်ဆင်ရေး (Mission) များ အောင်မြင်ရန် ၎င်းတို့ ပြောက်ကျား တပ်ဖွဲ့အား မန္တလေးပြည်သူများ အနေဖြင့် တတ်နိုင်သည့်ဘက်မှ ကူညီကြရန် တောင်းဆိုထားသည်။

January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...
January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...