ကော့ကရိတ်က ရွာတရွာကို KNU နဲ့ PDF တွေ မီးရှို့တယ်ဆိုပြီး သတင်းမှားဖြန့်

ကော့ကရိတ်က ရွာတရွာကို KNU နဲ့ PDF တွေ မီးရှို့တယ်ဆိုပြီး သတင်းမှားဖြန့်

ကော့ကရိတ်မြို့နယ်ထဲက ကမ်းနီကျေးရွာကို KNU နဲ့ PDF တွေက မီးရှို့ခဲ့တဲ့အပြင် မီးငြိမ်းသတ်ဖို့ ကြိုးစားတဲ့ ဒေသခံတွေကိုလည်း သေနတ်နဲ့ လိုက်ပစ်တယ်ဆိုတဲ့ သတင်းအမှားတစ်ခုကို Saw Ba Maung ဆိုတဲ့ တယ်လီ ဂရမ် ချယ်နယ်က ဇန်နဝါရီလ ၂၄ ရက်နေ့က တင်ထားပါတယ်။

ဇန်နဝါရီလ ၂၄ ရက်နေ့က စစ်တပ်နဲ့ KNU ၊ PDF တို့  တိုက်ပွဲဖြစ်ပွားခဲ့ပြီး KNU/PDF တပ်ဖွဲ့တွေဖက်က အကျ အဆုံးများတဲ့အတွက် နေအိမ်တွေကို မီးရှို့ခဲ့တယ်ဆိုပြီး ရေးသားထားတာပါ။

Saw Ba Maung ဆိုတဲ့ တယ်လီ ဂရမ် ချယ်နယ် က “အကြမ်းဖက် KNU/PDF များမှ ကော့ကရိတ်မြို့နယ် ကမ်းနီကျေးရွာအား မီးရှိနေကြောင်း သတင်းရရှိပါသည်။ ယနေ့ ဒီဇင်ဘာလ ၂၄ ရက် မနက်အစောပိုင်းက တည်းက မြန်မာ့တပ်မတော်နှင့် အယ်စေးဝါး(လက်ပြတ်) ဦး ဆောင်သော KNU/PDF အဖွဲတို တိုက်ပွဲဖြစ် ပွား လျက်ရှိကာ အကြမ်းဖက် သူပုန်များ အထိအခိုက်များနေကြောင်း သိရှိရပါသည်။  စစ်ရေးအခြေအနေမဟန် သော အကြမ်းဖက် KNU/PDF များမှ တပ်မတော်၏ တရ စပ်ထိုးစစ်ဆင်မှုအား မခံနိုင်၍ ညနေ ၅ နာရီ အချိန်မှ စ၍ ကမ်းနီကျေးရွာအား မီးရှိခဲ့ပြီး ယခုအချိန်ထိ မီးလောင် ကျွမ်းလျှက်ရှိကြောင်းသိရှိရပါသည်။ ရွာသားများ မှ မီးငြိမ်းသတ်ရန် ကြိုးစားရာ အကြမ်းဖက် KNU/PDF များမှ ရွာသားများအား သေနတ်ဖြင့် လိုက်လံပစ်ခတ် မှုကြောင့် ရွာသားများထွက်ပြေးနေကြရပြီး မီးငြိမ်းသတ်မည့်သူ မရှိကြောင်း သတင်းရရှိပါသည်” ဆိုပြီး (မူရင်းအရေးအသားအတိုင်း) ရေးသားထားပါတယ်။

အဆိုပါ ရေးသားမှုဟာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဇန်နဝါရီလ ၂၄ ရက်နေ့က ကမ်းနီကျေးရွာတစ်ဝိုက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နေအိမ်တွေ မီးလောင်တာမှန်ပေမယ့် အဲဒီအိမ်တွေကို KNU/ PDF တပ်ဖွဲတွေက ရှို့ခဲ့တာမဟုတ်သလို မီးငြိမ်းသတ်ဖို့ကြိုးစားနေတဲ့ ဒေသခံတွေကိုလည်း သေနတ်တွေနဲ့ လိုက် လံပစ်ခတ်တာမျိုးတွေ မရှိခဲ့လို့ပဲ ဖြစ်ပါတယ်။

နေအိမ်တွေ မီးလောင်တာဟာ တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက် လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ လက်နက်ကြီး ပစ် ခတ်တာတွေကြောင့် ထိမှန်ပြီး မီးလောင်သွားတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတစ်ဦးက “စစ်တပ်လက်နက်ကြီးတစ်နေကုန်ပစ်ထုတ်နေတယ်၊ ကျုံဒိုး ၅၄၅/၅၄၆ တပ်ကပေါ့။ ပြီး တော့ ကျုံဒိုးဘက်ကမ်းကနေ သရက်တော၊ ညောင်ရိပ်သာရွာတွေဘက်ကို စစ်တပ်ပစ်တာ ရွာအိမ်တွေထိ ကုန် ပျက် ကုန်တယ်၊ ကမ်းနီကတော့ စစ်တပ် လက်နက်ကြီး ကျတာကြောင့် အိမ်တွေမီးလောင်တာ ၂ နေရာ ၃ နေ ရာလောက် ဖြစ်နေတယ်။ ကရင်အဖွဲ့တွေ ပစ်ခတ်တာကနေလည်း မီးလောင်တာရှိတယ် ပြောတယ်” ဆိုပြီး ကရင်သတင်းဌာန KIC ကို ပြောဆိုထားပါတယ်။

နေအိမ်မီးလောင်ပျက်စီးရတာနဲ့ ပတ်သက်ပြီး KIC က ဒေသခံတွေကို မေးမြန်းပြီး ရေးသားထားတဲ့ သတင်းကို ဒီမှာ https://bit.ly/3WE9126 ဝင် ဖတ်လို့ရပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်အဆက်ဆက်နဲ့ စစ်အာဏာသိမ်းပြီးနောက် စစ်တပ်က သူတို့ ရောက်ရှိတဲ့ သေဒတွေမှာ ဒေသခံတွေကို ဖမ်းဆီးတာ၊ ညှင်းပန်းနှိပ်စက်တာတွေ လုပ်ဆောင်ခဲ့အပြင် သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ဖြစ်စဉ်တွေ က အမြဲတမ်းလို လိုဖြစ်ပွားနေခဲ့တာပါ။

သူတို့လုပ်တာကို တော်လှန်ရေး တပ်ဖွဲ့တွေက လုပ်ပါတယ်ဆိုပြီးတော့လည်း အမြဲတမ်းလိုလို ဝါဒဖြန့် ပြောဆို နေတာတွေကို ကြည့်မယ်ဆိုရင် KNU/PDF တပ်ဖွဲ့တွေက မီးငြိမ်းသတ်ဖို့ ကြိုးစားနေတဲ့ ဒေသခံတွေကို လိုက်လံ ပစ်ခတ်နေတယ်ဆိုတာကလည်း ဝါဒဖြန့်ဖို့ အတွက် ရည်ရွယ်ပြီး ထည့်သွင်းရေးသားထားတာ ဖြစ်တယ်ဆိုတာ ကို သိနိုင်ပါတယ်။

ဒါကြောင့် အချက်အလက်တွေကို စိစစ်လိုက်တဲ့အခါမှာ Saw Ba Maung ဆိုတဲ့ တယ်လီဂရမ် ချယ်နယ် က KNU/PDF တွေကို ပြည်သူတွေကြောက်အောင်၊ အထင်လွဲအောင်၊ ဂုဏ်သိက္ခာကျဆင်းအောင်၊ နိုင်ငံတကာက လည်း KNU/PDF တွေကို အကြမ်းဖက်အဖွဲ့လို့မြင်အောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ကြံဖန်တီး ရေးသားထားတဲ့ သတင်းအမှားသာ ဖြစ်ပါတယ်။

ဒီသတင်းအမှားကို စစ်တပ်ထောက်ခံသူတွေနဲ့ သတင်းအမှားတွေဖြန့်ဝေနေတဲ့ တယ်လီဂရမ် ချယ်နယ်တွေနဲ့ Facebook စာမျက်နှာတွေကလည်း  ထပ်ဆင့်ဖြန့်ဝေနေတာတွေလည်း ရှိနေပါတယ်။

လက်ရှိကာလမှာဆိုရင် သတင်းအမှား ဖြန့်ဝေသူတွေက အထူးသဖြင့် PDF၊ CRPH၊ NUG အဖွဲ့တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုက်ပွဲ သတင်းတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ စစ်ကောင်စီ ခေါင်းဆောင်နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေ အပြင် လူမျိုးတမျိုးနဲ့တမျိုး အဖွဲ့အစည်း တခုနဲ့ တခုကြား ပဋိပက္ခ အသွင်ဆောင်စေမယ့် အမုန်းစကား သတင်းအမှားတွေကို ရည်ရွယ်ချက် ရှိရှိ ရေးတင်နေကြ ပါတယ်။

သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာပါ။

ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံ အမျိုးမျိုး နဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ် ပြီး/ ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန် တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေဖို့ လိုပါတယ်။

Most read this week

September 11, 2024
- မြစ်ကြီးနား-တနိုင်းလမ်း ပျက်စီးနေပြီး ခရီးသည်တစ်ဦးကို ကားခသိန်းချီပေးပြီး သွားလာနေရပါတယ်...
September 11, 2024
ရိုးရာယက်ကန်း လုပ်ငန်းလုပ်ကိုင်ပြီး ပညာရေးအတွက် အခက်အခဲ ဖြစ်နေကြတဲ့ ကျောင်းသူ၊ ကျောင်းသား တွေကို...
September 10, 2024
စစ်ကောင်စီ ဖမ်းဆီးသွားတဲ့ ကျောက်ဖြူဒေသခံ တချို့ အဆက်အသွယ် မရလို့ မိသားစုဝင်တွေ စိုးရိမ်နေကြပါ...
September 10, 2024
- ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၁၁...