သံမိုးတောင် စစ်ကောင်စီစခန်းအနီးတွင် အသက် ၇၀ အရွယ် အမျိုးသမီးတစ်ဦး မိုင်းနင်းမိ၍ သေဆုံးခဲ့

သံမိုးတောင် စစ်ကောင်စီစခန်းအနီးတွင် အသက် ၇၀ အရွယ် အမျိုးသမီးတစ်ဦး မိုင်းနင်းမိ၍ သေဆုံးခဲ့

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် သံမိုးတောင် စစ်ကောင်စီတပ်စခန်းအနီးတွင် ထင်းသွားခွေသည့် အသက် ၇၀ အရွယ် အမျိုးသမီးတစ်ဦး မိုင်းနင်းမိကာ သေဆုံးသွားခဲ့သည်ဟု ဒေသခံ၏ ပြောဆိုချက်အရ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ရက်နေ့၊ နံနက် ၁၁နာရီအချိန်ခန့်တွင် သံမိုးတောင်ရွာနေ အသက် ၇၀ အရွယ် ဒေါ်ခင် ဝင်းဆိုသူသည် ထင်းသွားခွေပြီးအပြန် သံမိုးတောင်ရွာ စစ်ကောင်စီတပ်စခန်းအနီးရောက်ရှိချိန်တွင် စစ်ကောင်စီတပ် ထောင်ထားသော မိုင်းကိုနင်းမိကာ သေဆုံးခဲ့ရသည်ဟု ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“ စစ်ကောင်စီစခန်းအနီးမှာမိုင်းနင်းမိတာ။ အဲဒီအနီးမှာ သူတို့ သူများကို မသွားခိုင်းဘူး။ ဒါပေမယ့် အဘွားက အသက်နည်းနည်းကြီးတော့ သွားမိတာဖြစ်တယ်။ အဲဒီနေရာက ဟိုတစ်ခါတိုက်ပွဲဖြစ်ပြီးနောက်ပိုင်းမှ သူတို့ ကြောက်လို့ မိုင်းထောင်ထားတာဖြစ်တယ်။ အရင်တုန်းကတော့ မရှိဘူး။ သူများ (တော်လှန်ရေးအဖွဲ့) သူတို့စခန်းလာပစ်ရင် မိုင်းနင်းမိအောင် အဲဒီအတွက်ဖြစ်မယ်။”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ရက်နေ့ကလည်း သံမိုးတောင်ကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF မဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ရသေးသည်ဟု သိရသည်။

အဆိုပါ သံမိုးတောင်ကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုအပြင် လေကြောင်းတိုက်ခိုက်မှုပါ လုပ်ဆောင်သည့်အတွက် ထွက်ပြေးတိမ်းရှောင်ကြသော သံမိုးတောင်ကျေးရွာရှိ အိမ်ခြေ ၄၀ ကျော်မှ ဒေသခံ ၄၀၀ ကျော်မှာ ယခုအချိန် ရွာပြန်မနေရဲကြသေးဘဲ နီးစပ်ရာ ကျေးရွာများတွင် သွားရောက်တိမ်းရှောင်နေကြရဆဲဖြစ်သည်ဟု သိရသည်။

“ဟိုတစ်ခေါက်တိုက်ပွဲဖြစ်ပြီးတော့ လေယာဉ်နဲ့လာပစ်တုန်းက ရွာမှာ မပေါက်တဲ့ လက်နက်ကြီးတွေလည်း ကျန်သေးတယ်။ အဲဒါလည်းပေါက်ကွဲမှာကြောက်လို့ ဒေသခံတွေက ကြောက်ရသေးတယ်။ လေယာဉ်နဲ့ လာပစ်တုန်းက စစ်ရှောင်ရတဲ့ သံမိုးတောင်ရွာက ဒေသခံတော်တော်များများလည်း စစ်ရှောင်နေရတုန်းပဲ ရွာမပြန်လာနေရဲသေးဘူး”ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လတုန်းကလည်း တောင်ငူ- သံတောင်လမ်းမကြီး ပျားစခန်း ၁၀ မိုင်ကျေးရွာမှ ခြံထဲသွားသည့် အမျိုးသားတစ်ဦးလည်း မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF တပ်ဖွဲ့ဝင်တစ်ဦးလည်း ထိုနေရာအနီး၌ပင် မိုင်းနင်းမိ သေဆုံးခဲ့သေးသည်။

November 29, 2024
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ချောင်းဝရွာကို နိုဝင်ဘာလ(၂၃)ရက်နေ့ နံနက်ပိုင်းက KNU,...
November 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်သည့် ကော်သူးလေနယ်မြေများရှိ စစ်ဘေးရှောင်...
photo-SHRF
November 28, 2024
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့တို့တွင် ယခုနှစ်မိုးရာသီတွင်...
November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...