မွန်ပြည်နယ်၊ ရေမြို့နယ် သစ်တောဦးစီးဌာန်မှ ဦးစီးအရာရှိ - ဦးစိုးဝင်း နှင့်တွေ့ဆုံမေးမြန်း

မွန်ပြည်နယ်၊ ရေမြို့နယ် သစ်တောဦးစီးဌာန်မှ ဦးစီးအရာရှိ - ဦးစိုးဝင်း နှင့်တွေ့ဆုံမေးမြန်း
by -
သံလွင်တိုင်းမ်
'' ဒေသခံပြည်သူများအနေနဲ့ CF တည်ထောင်ချင်သော်လည်းပဲ သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်အဆင့်ဆင့်ရဲ့ မြေယာအသုံးချမှုကော်မတီရဲ့ ခွင့်ပြုချက်မရလို့ လုပ်ငန်းတွေ ကြံ့ကြာခဲ့တယ်၊ မြေယာအရှုပ်အရှင်းပြဿနာတွေကြောင့် လုပ်ငန်းတွေအကောင်အထည်မဖော်နိုင်ခဲ့ပါဘူး၊ ယနေ့တိုင် ကျွန်တော်တို့မြို့နယ်မှာ ရင်ဆိုင်နေရဆဲပါ။ နောက်တစ်ခုက အချို့သောတောင်သူများက နေ့တဒူဝ လုပ်ကိုင်စားသောက်နေရလို့လဲ CF လုပ်ငန်းမှာ စိတ်ပါ၀င်စားမှု နညး်ပါးနေပါတယ်၊ မိမိတို့အနေနဲ့ သဘာဝဘေးအန္တရာယ်များ အခက်အခဲများနည်းပါးခြင်း၊ နှစ်စဉ်လိုအပ်နေတဲ့ ထင်း၊ တိုင်၊ မျှော၊ ၀ါးများက အလွယ်တကူရရှိနိုင်ခြင်းတွေတို့ကြောင့် စိတ်ဝင်စားမှုနည်းပါးတာကိုလည်း တွေ့ရပါတယ် "

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဒေသခံပြည်သူများ သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရရှိရေးတို့အတွက် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော ( Community Foresty - CF ) တည်ထောင် ခြင်းနှင့်ပတ်သက်၍ ပြည်သူများသိသင့်သည်များကို ရေးမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ - ဦးစိုးဝင်းကို သံလွင်တိုင်းမ်က တွေ့ဆုံမေးမြန်းထားပါတယ်။

မေး - ရေးမြို့နယ်အတွင်းမှာ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောတည်ထောင်ထားရှိမှု အခြေအနေ နဲ့ပတ်သက်လို့ သိပါရစေဆရာ။

ဖြေ - မာန်အောင်ကြိုးဝိုင်း၊ အကွက်အမှတ်(၂၈)၊ နိုင်ထောစွန်းပါ (၂၆)ဦးက ဒေသခံပြည်သူအစုအဖွဲ့ ပိုင်သစ်တောဧရိယာဧက (၄၃၀)၊ အံဒင်ကျေးရွာ၊ ကြိုးပြင်တောမှ ဦးသိန်းနိုင်ပါ (၆၀)ဦးက ဒေသခံ ပြည်သူအစုအဖွဲ့ပိုင်ဒီရေတော (၁၉၀.၀၄)ဧကနဲ့ အဘော်ကျေးရွာ၊ ကြိုးပြင်တော၊ စုန်းမကျွန်းမှာ ဦးထွန်းဝင်းပါ (၃၉)ဦးက ဒေသခံပြည်သူအစုအဖွဲ့ပိုင်ဒီရေတော့ (၁၇၃)ဧက တည်ထောင်ထားရှိပါ တယ်။

မေး - စိုက်ပင်အမျိုးအစားတွေကရောဆရာ။

ဖြေ - စိုက်ပင်အမျိုးအစားတွေကတော့ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ ရေမနေ၊ မန်ဂျန်ရှား၊ အော်ရီးရှား၊ တမလန်း၊ မဟော်ဂနီ၊ ၀ါးဘိုး၊ သစ်တိုနဲ့ ဒီရေတောပျိုးပင်အနေနဲ့ ဗြူး(ရွှေဝါ)၊ သမဲ့၊ သမဲ့ဖြူ၊ သမဲ့ကျက်တက်၊ လမဲ့ တို့ဖြစ်ပါတယ်။

မေး - ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောတည်ထောင်တဲ့နေရာမှာ လိုအပ်တဲ့အချက်အလက်တွေ သိပါရစေခင်ဗျာ။

ဖြေ - CF လုပ်ငန်းဆောင်ရွက်လိုတဲ့ ဒေသခံပြည်သူများအနေနဲ့ CF လုပ်ငန်းဆောင်ရွက်လိုတဲ့ အိမ်ထောင်စုများအနေနဲ့ အသုံးပြုသူများအဖွဲ့ ဖွဲ့စည်းရမယ်၊ သစ်တောကို အမှန်တကယ်အသုံးပြုနေ တဲ့ တိုက်ရိုက်အကျိုးသက်ဆိုင်သူများနဲ့ ဖွဲ့စည်းရမယ်၊ ထိုသို့ဆောင်ရွက်တဲ့နေရာမှာ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သူများနဲ့ တိုင်ပင်ပြီးတော့ အကြံဉာဏ်ရယူနိုင်ပါတယ်၊ အသုံးပြုသူများအဖွဲ့အနေနဲ့ အဖွဲ့ ထဲမှ အများဆန္ဒနဲ့ရွေးချယ်တင်မြှောက်ထားတဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနဲ့ အဖွဲ့ဝင်(၂)ဦး တို့နဲ့ စီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်းရပါမယ်၊ ကော်မတီဖွဲ့စည်းရာမှာ ကျား/မတန်းတူရည်တူရှိမှုကို ထည့်သွင်းစဉ်းစားရပါမယ်။ စီမံခန့်ခွဲမှုကော်မတီကို လိုအပ်သလို တိုးချဲ့ဖွဲ့စည်းနိုင်ပါတယ်။ အသုံးပြု သူများအဖွဲ့ရဲ့အဖွဲ့ဝင်စာရင်းပြောင်းလဲခြင်းကို အဖွဲ့ဝင်များရဲ့ သဘောတူညီချက်နဲ့ စီမံခန့်ခွဲမှု ကော်မတီက အတည်ပြုဆောင်ရွက်နိုင်ပါမယ်။ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌအနေနဲ့ အသုံးပြုသူများအဖွဲ့ ရဲ့ ကိုယ်စားဆောင်ရွက်ပိုင်ခွင့်လက်မှတ်ရရှိဖို့ မြို့နယ်သစ်တောဦးစီးဌာနမှတဆင့် ခရိုင်သစ်တော အရာရှိထံကို ပုံစံ(က)နဲ့ လျှောက်ထားနိုင်ပါတယ်။

မေး - CF တည်ထောင်ခြင်းဖြင့် ရရှိလာတဲ့အကျိုးကျေးဇူးများကိုလည်း သိပါရစေဆရာ။

ဖြေ - ရရှိလာမယ့်အကျိုးရလဒ်ကတော့ ဒေသခံပြည်သူများအတွက် သစ်နဲ့သစ်တောထွက်ပစ္စည်း ရရှိလာမယ်၊ သစ်အမျိုးအစားအလိုက် ထုတ်လုပ်ရမယ့် နှစ်တွေရှိပါတယ်၊ မိမိသုံးစွဲဖို့အတွက်ဆိုရင် သစ်တောဦးစီးဌာနကိုအကြောင်းကြားပြီး သုံးစွဲလို့ရမယ်၊ လိုအပ်တဲ့လမ်းညွှန််မှုတွေဆောင်ရွက် ပေးမယ်၊ ရောင်းချဖို့အတွက်ဆိုရင်တော့ သစ်တောဦးစီးဌာနကိုသတင်းပို့ပြီး နိုင်ငံတော်ကသတ်မှတ် ထားတဲ့အခွန်သွင်းပြီးရင် ဆောင်ရွက်လို့ရပါမယ်၊ နောက်အကျိုးရလဒ်ကတော့ မြေနဲ့ ရေအရင်းအမြစ် များကောင်းမွန်လာခြင်းနဲ့ ရာသီဥတုမျှတစေခြင်း၊ ကန္တရဖြစ်ထွန်းမှုကာကွယ်ခြင်း၊ ရာသီဥတုကောင်း မွန်လာခြင်းဖြင့် စိုက်ပျိုးရေးကို အထောက်အကူဖြစ်စေခြင်း၊ သစ်တောပြုန်းတီးမှုနဲ့ သစ်တောအတန်း အစားကျဆင်းမှုမှ ကာကွယ်ထိန်းသိမ်းနိုင်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝလာခြင်းဖြင့် ဂေဟစနစ် ကောင်းမွန်လာခြင်း၊ ရပ်နီးရွာနီးများမှ လွယ်လင့်တကူ မျှော၊ တိုင်၊ ထင်းများရရှိနိုင်ခြင်းတို့ဖြစ်ပါတယ်။

မေး - CF လုပ်ငန်းနဲ့ပတ်သက်လို့ အခက်အခဲနဲ့ သီးခြားပြောချင်တာများရှိရင် ပြောပေးပါခင်ဗျာ။

ဖြေ - CF တည်ထောင်ရာမှာ တွေ့ကြံုရတဲ့အခက်အခဲကတော့ မြေယာအခက်အခဲပါပဲ၊ ကြိုးဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောများမှာ CF တည်ထောင်ရာမှာ မြေယာကိစ္စအတွက်တော့ အရှုပ်အရှင်းပြဿ နာမရှိပါဘူး၊ ကြိုးဝိုင်းတော၊ ကြိုးပြင်ကာကွယ်တော၊ အစိုးရကစီမံခန့်ခွဲခွင့်ရှိတဲ့မြေများ၊ ပုဂ္ဂလိကနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့စည်းများပိုင်ဆိုင်တဲ့မြေများမှာ တည်ထောင်နိုင်ပါတယ်၊ သို့သော်လည်းပဲ အစိုးရရဲ့စီမံခန့်ခွဲရှိတဲ့မြေများမှာ တည်ထောင်တဲ့နေရာမှာ သက်ဆိုင်ရာမြေယာအသုံးချမှုကော်မတီရဲ့ ခွင့်ပြုချက်ရရှိမှသာ တည်ထောင်နိုင်ပါတယ်၊ ဒေသခံပြည်သူများအနေနဲ့ CF တည်ထောင်ချင်သော် လည်းပဲ သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်အဆင့်ဆင့်ရဲ့ မြေယာအသုံးချမှုကော်မတီရဲ့ ခွင့်ပြုချက်မရလို့ လုပ်ငန်းတွေ ကြံ့ကြာခဲ့တယ်၊ မြေယာအရှုပ်အရှင်းပြဿနာတွေကြောင့် လုပ်ငန်းတွေအကောင် အထည်မဖော်နိုင်ခဲ့ပါဘူး၊ ယနေ့တိုင် ကျွန်တော်တို့မြို့နယ်မှာ ရင်ဆိုင်နေရဆဲပါ။ နောက်တစ်ခုက အချို့သောတောင်သူများက နေ့တဒူဝလုပ်ကိုင်စားသောက်နေရလို့လဲ CF လုပ်ငန်းမှာ စိတ်ပါ၀င်စားမှု နညး်ပါးနေပါတယ်၊ မိမိတို့အနေနဲ့ သဘာဝဘေးအန္တရာယ်များ အခက်အခဲများနည်းပါးခြင်း၊ နှစ်စဉ်လိုအပ်နေတဲ့ ထင်း၊ တိုင်၊ မျှော၊ ၀ါးများက အလွယ်တကူရရှိနိုင်ခြင်းတွေတို့ကြောင့် စိတ်ဝင်စားမှုနည်းပါးတာကိုလည်း တွေ့ရပါတယ်။

မေး - ရေးမြို့နယ်သစ်တောဦးစီးဌာနအနေနဲ့ CF တွေအပြင် အခြားသစ်တောဆိုင်ရာလုပ်ငန်းများကို လည်း သိပါရစေ။

ဖြေ - CF အပြင် အခြားသစ်တောဆိုင်ရာလုပ်ငန်းတွေအနေနဲ့ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ စိုက်ခင်း ဟောင်းပြုစုထိန်းသိမ်းခြင်း ဧက(၅၀)ကို မာန်အောင်ကြိုးဝိုင်း၊ အကွက်အမှတ်(၂၆)၊ သဘာဝအတန်း အစားကျဆင်းသောနေရာများမှာ သဘာဝတောတန်ဖိုးမြှင့်စိုက်ပျိုးခြင်းဧက(၅၀)ကို မာန်အောင် ကြိုးဝိုင်းမှာပဲ အကွက်အမှတ်(၂၉)၊ သစ်တောလမ်းပြင်ဆင်ခြင်းကို ရေးချောင်းကြိုးဝိုင်းအတွင်း၊ သဘာဝတောအား အစဉ်သဖြင့်ရေရှည်တည်တံ့စေခြင်းအတွက် ဓမ္မတာမျိုးဆက်ခြင်းလုပ်ငန်းကို ရေးချောင်းကြိုးဝိုင်း အကွက်အမှတ်(၁၉၃)တို့မှာ ဆောင်ရွက်ထားရှိပါတယ်။ Green Enviroment Canpaing ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးလှုပ်ရှားမှုစီမံချက်အရ ရေးမြို့နယ်အတွင်း မိုးရာသီမှာ စုပေါင်းသစ်ပင်စိုက်ပျိုးခြင်း၊ တစ်ရွာ(၁)ဧကစိုက်ပျိုးခြင်း၊ ပြည်သူလူထုတစ်ရပ်လုံး သစ်ပင်စိုက်ပျိုး နိုင်ရန် လူထုဖြန့်ပျိုးပင်များဖြန့်ဝေခြင်း၊ တစ်အိမ်ထောင်သစ်မာ(၂၀)ပင်နှင့် ကျွန်း(၃)ပင်ဖြန့်ဝေစိုက်ပျိုး ခြင်း၊ လမ််းဘေးဝဲယာစိုက်ပျိုးခြင်းစသည့် လုပ်ငန်းများအား ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ကျွန်း၊ သင်္ကန်း၊ ပိတောက်၊ မန်ဂျန်ရှား၊ ယူကလစ် စသည့်ပျိုးပင်ပေါင်း (၂၅၀၀)ပင်အား ဖြန့်ဝေစိုက်ပျိုးခဲ့ပြီးဖြစ်ပါတယ်။

ခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...
April 8, 2024
နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန်...