Published
Monday, January 02, 2023
မွန်မှာ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးစတဲ့ကိစ္စရပ်ဆောင်ရွက်ရာမှာအခက်အခဲနဲ့စိန်ခေါ်မှုရှိလာ (ဇန်နဝါရီလ ၀၂၊ ၂၀၂၃)
- စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ၂၀၂၂ ခုနှစ်အတွင်း မွန်ပြည်နယ်မှာ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး စတဲ့ကိစ္စရပ်တွေ ဆောင်ရွက်ရာမှာ အခက်အခဲနဲ့ စိန်ခေါ်မှှုတွေရှိလာတယ်လို့ ဆိုပါတယ်။
- စစ်အာဏာသိမ်းမှုနဲ့ ကိုဗစ်ကပ်ရောဂါကာလရဲ့ နောက်ဆက်တွဲ အကျပ်အတည်းတွေဟာ မသန်စွမ်းသူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဆုံးရှုံးသွားစေပြီး အလုပ်ရဖို့ ပိုမိုခက်ခဲသွားစေခဲ့တယ်လို့ မသန်းစွမ်းသူတွေက ပြောဆိုနေကြပါတယ်။
- ၁၁ ကြိမ်မြောက် မွန်လူငယ်များနေ့ အထိမ်းအမှတ်အခမ်းအနားရဲ့ ကြွေးကြော်သံကတော့ “မွန်လူမျိုးတွေရဲ့ကျောရိုးမဏ္ဍိုင်ဟာ မွန်လူငယ်တွေသာဖြစ်တယ်” လို့ဆိုပါတယ်။