Published
Saturday, December 24, 2022
သွင်းအားစုအပါအဝင် အထွေထွေကုန်ကျစရိတ် အဆမတန်ကြီးမြင့်နေ၍ မွန်မှာနွေစပါးစိုက်ပျိုးမှု သိသိသာသာကျဆင်းလာ(ဒီဇင်ဘာလ ၂၄၊ ၂၀၂၂)
- သွင်းအားစုအပါအဝင် အထွေထွေကုန်ကျစရိတ် အဆမတန်ကြီးမြင့်နေတာကြောင့် မွန်ပြည်နယ်မှာ နွေစပါးစိုက်ပျိုးမှု သိသိသာသာကျဆင်းလာတယ်လို့ ဆိုပါတယ်။
- လေဆိပ်နဲ့ဆိပ်ကမ်းစီမံကိန်းအတွက် သုံးလအတွင်း မြေယာလျော်ကြေးပေးမယ်လို့ ပြည်နယ်စစ်ကောင်စီက ပြောကြားလိုက်ပါတယ်။
- စစ်အုပ်စုကိုလက်နက်ကိုင်တော်လှန်ဖို့ တည်ထောင်ထားတဲ့ မွန်လူမျိုးကိုကိုယ်စားပြုတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (M.L.A) တည်ထောင်ဖြစ်တဲ့အခြေအနေ၊ ဆက်လက်ဆောင်ရွက်သွားမယ့် လုပ်ငန်းစဉ်အပြင် စစ်ရေးပြင်ဆင်မှုတွေနဲ့ပတ်သက်ပြီး (M.L.A) ဥက္ကဋ္ဌမင်းဗညားဟံသာနဲ့ ဆက်သွယ်မေးမြန်းထားတာကိုလည်း တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။