စစ်ကောင်စီသည် ကရင်လူမျိုးအပေါ် ရည်ရွယ်ချက်ရှိရှိ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်‌နေကြောင်း KNU ပြော

စစ်ကောင်စီသည် ကရင်လူမျိုးအပေါ် ရည်ရွယ်ချက်ရှိရှိ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်‌နေကြောင်း KNU ပြော

စစ်ကောင်စီသည် ကရင်လူမျိုးအပေါ် ရည်ရွယ်ချက်ရှိရှိ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေကြောင်း KNU- ကရင်အမျိုးသားအစည်းအရုံးတွဲဘက်အထွေထွေအတွင်းရေးမှူး-၁ ပဒိုစောဆဲပွယ်က ဒီဇင်ဘာလ ၁၀ရက်နေ့တွင် ဗဟိုဌာနချုပ်၌ ကျင်းပပြုလုပ်သည့် နိုင်ငံတကာလူ့အခွင့်အရေးနေ့ အခမ်းအနားတွင် ပြောသည်။

မြန်မာစစ်တပ်သည် ကရင်လူမျိုးအပေါ် ကျူးလွန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများသည် သာမန်လူ့အခွင့်အရေးချိုးဖောက်မှုသာမက လူမျိုးတုံးသတ်ဖြတ်မှုမြောက်နေကြောင်း ပဒိုစောဆဲပွယ်က ယခုလို ပြောသည်။

“စစ်ဆင်‌ရေးဟာ တစ်ချို့က ဖြတ်လေးဖြတ်လို့ ပြောတယ်။ ကျနော်ကတော့ ဖြတ်လေးဖြတ်လို့ မပြောချင်ဘူ။ ရည်ရွယ်ချက်ရှိရှိ စနစ်တကျ အမြစ်ကနေဆွဲထုတ်တဲ့ အပြတ်ရှင်းလင်းတာဖြစ်တယ်။ ကျ‌နော်တို့ ကရင်တွေ ရင်ဆိုင်နေရတာ သာမန်လူ့အခွင့်အရေးချိုးဖောက်တာမဟုတ်ဘူး။ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်တယ်”ဟု ၎င်းက အခမ်းအနားတွင် ပြောသည်။

မြန်မာစစ်တပ်သည် ကရင်လူမျိုးများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်မှုတွင် လူသတ်ခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ ဖမ်းဆီးခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ လုယက်ခြင်း၊ အတင်းအဓမ္မခိုင်းစေခြင်း စသည့် အချက်များပါဝင်ပြီး သက်သေအထောက်အထားပြနိုင်သည့် အချက်အလက်များရှိ‌ကြောင်းလည်း ပဒိုစောဆဲပွယ်က ဆက်ပြောသည်။

၎င်းအပြင် အာဏာသိမ်းစစ်ကောင်စီသည် လေယာဉ်ဖြင့် ပြည်သူများကို ပစ်မှတ်ထားပစ်ခတ်ခြင်း၊ ဒရုန်းယာဉ်ဖြင့်တိုက်ခိုက်ခြင်း၊ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ပေါ်တာဆွဲခြင်း၊ သတ်ဖြတ်ခြင်း၊ လူသားဒိုင်းပြုလုပ်ခြင်း၊ လုယက်ခြင်းနှင့် ခိုးယူဖျက်ဆီးခြင်းအစရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၁၉ ခု ထက်မနည်းရှိသည်ဟု ကေအဲန်ယူက ပြောသည်။

ယနေ့ KNU က ကျင်းပသည့် (၇၄)ကြိမ်မြောက် နိုင်ငံတကာ လူ့အခွင့်အရေးနေ့တွင် KNU တွဲဘက်အထွေထွေအတွင်းရေးမှူး ၁ ‌ပဒိုစောဆဲပွယ်၊ တွဲဘက်အထွေထွေအတွင်းရေးမှူး -၂ ပဒိုစောလှထွန်း၊ ဗဟိုကော်မတီဝင် ပဒိုစောသမိန်ထွန်း၊ ပဒိုစောပိုပိုထူးအောင်နှင့် ဌာနဆိုင်ရာ ခေါင်းဆောင်များ၊ လူငယ်နှင့် ကျောင်းသူကျောင်းသားများအပါအဝင် ၂၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

တက်ရောက်လာသည့် ခေါင်းဆောင်များက အမှာစကားများပြောကြားပြီး စစ်တပ်အာဏာသိမ်းသည့် ၂ နှစ်နီးပါး ကေအဲန်ယူနယ်မြေအတွင်း ဖြစ်ပွားနေသည့် စစ်ကောင်စီတပ် ကျူးလွန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုနှင့်ပတ်သက်၍ KNU က မှတ်တမ်းတင်ပြုစုထားပြီး မကြာခင် ထုတ်ပြန်ရန် စီစဉ်နေသည့် အစီရင်ခံစာကိုလည်း ယနေ့ အခမ်းအနားတွင် မိတ်ဆက်သွားခဲ့သည်။

ထိုသို့ လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် KNU အုပ်ချုပ်မှုနယ်မြေအတွင်း အရပ်သား ပြည်သူ ဦးရေ ၃ သိန်းခွဲကျော် နေရပ်စွန့်ခွားနေရကြောင်းလည်း ကေအဲန်ယူ၏ ပြုစုထားသည့် စာရင်းအရ သိရသည်။

ယနေ့အခမ်းအနားသို့ တက်ရောက်လာသူ လူငယ်တစ်ဦးကလည်း “စစ်တပ်ဟာ လက်နက်ကြီး ပစ်ခတ် တာ၊ လေယာဉ်နဲ့ ပြည်သူကြား၊ ကျေးရွာထဲ ဗုံးကြဲချတာ၊ ရွာသားတွေသတ်ဖြတ်တာ အများကြီး ရှိတယ်။ ပေါ်တာဖမ်းတာ စသဖြင့် KNU ထိန်းချုပ်နယ်မြေသာမက တစ်နိုင်ငံလုံးမှာတွေ့ရတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှု လျော့နည်းဖို့အတွက် အားလုံးက ပူးပေါင်းလုပ်ဆောင်ဖို့လိုတယ်။ ”ဟု ကေအိုင်စီသို့ ပြောသည်။

ကုလသမဂ္ဂက နိုင်ငံတိုင်း မဖြစ်မနေလိုက်နာသင့်သည့် လူ့အခွင့်အရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာကြေ ညာစာတမ်းကို အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့သည့် ဒီဇင်ဘာလ ၁၀ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် လူ့အခွင့်အရေးနေ့အဖြစ် ကုလသမဂ္ဂအထွေထွေညီလာခံက သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

January 6, 2025
KNU - ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၆) နယ်မြေ၊ မြဝတီမြို့တောင်ဘက် ဝေါလေဒေသရှိ ကနဲလေးထ...
January 6, 2025
ဖားအံခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော လှိုင်းဘွဲ၊ ပိုင်ကျုံ၊ နဘူး၊ ဒုံရင်းနှင့် ထီလုံ စသည့်...
January 4, 2025
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ လှိုင်းဘွဲမြို့ပေါ်ရှိ ရပ်ကွက်များတွင် ...
January 3, 2025
ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ အနောက်ဘက်ခြမ်းရှိ ကျေးရွာနှစ်ရွာသို့ စစ်ကောင်စီက...