Published
Sunday, December 11, 2022
စစ်ကောင်စီလက်ထက်မှာ မသန်စွမ်းသူတွေပိုမိုအကြမ်းဖက်ခံနေရတယ်လို့ မသန်စွမ်းအရေးကူညီဆောင်ရွက်ပေးသူတွေပြော (ဒီဇင်ဘာလ ၁၀၊ ၂၀၂၂)
- စစ်ကောင်စီလက်ထက်မှာ မသန်စွမ်းသူတွေ ပိုမိုအကြမ်းဖက်ခံနေရတယ်လို့ မသန်စွမ်းအရေးကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
- မုဒုံ မြို့မ (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ကွဲခဲ့တဲ့အတွက် ၄ ယောက် ထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
- အာဏာသိမ်းစစ်အုပ်စုကို ပြည်သူတစ်ရပ်လုံးလက်မခံကြောင်း ပြသနေတဲ့အချိန်မှာ မွန်နိုင်ငံရေးပါတီတွေရဲ့ ရပ်တည်ချက်တွေကြောင့် မွန်နိုင်ငံရေးဦးဆောင်နေတဲ့အဖွဲ့တွေအပေါ်မှာ လူထုယုံကြည်မှု ဘယ်လောက်အထိကျဆင်းလာပြီလဲ။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူ ဒေါက်တာပညာမွန်နဲ့ ဆက်သွယ်မေးမြန်းချက်ကို တတိယပိုင်းအနေနဲ့ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။