စစ်ဒေသ ၃ ခုဖွဲ့စည်းထားပြီး စစ်ဒေသမှူးများအဖြစ် မဟာမိတ် EROs များက စစ်ဘက်ထိပ်တန်းခေါင်းဆောင် တာဝန်ယူထားသည်ဟု NUG ကာကွယ်ရေးဝန်ကြီးပြော

စစ်ဒေသ ၃ ခုဖွဲ့စည်းထားပြီး စစ်ဒေသမှူးများအဖြစ် မဟာမိတ် EROs များက စစ်ဘက်ထိပ်တန်းခေါင်းဆောင် တာဝန်ယူထားသည်ဟု NUG ကာကွယ်ရေးဝန်ကြီးပြော

စစ်ဒေသ သုံးခု ဖွဲ့စည်းထားပြီး စစ်ဒေသမှူးများအဖြစ် မဟာမိတ် EROs များက စစ်ဘက်ထိပ်တန်းခေါင်းဆောင် တာဝန်ယူထားသည်ဟု NUG ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က PDF ရဲဘော်များသို့ ပြောကြားသည့်မိန့်ခွန်းတွင် ဖော်ပြထားသည်။

စစ်ဒေသ သုံးခုမှာ မြောက်ပိုင်းတိုင်း၊ အလယ်ပိုင်းတိုင်းနှင့် တောင်ပိုင်းတိုင်းဖြစ်ပြီး မြေပြင်တပ်ရင်းတပ်ဖွဲ့များလည်း ရှိလာပြီဟု ဦးရည်မွန်က ပြောသည်။

" အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များ ပူးပေါင်းဖွဲ့စည်းတဲ့ စစ်ဒေသ သုံးခု ရှိတယ်။ စစ်ဒေသမှူးများအဖြစ် မဟာမိတ် EROs တွေရဲ့ စစ်ဘထိပ်တန်း ခေါင်းဆောင်များ တာဝန်ယူထားတယ်ဆိုတာလည်း ရဲ ဘော်တို့ သိပြီးဖြစ်တယ်။ စစ်ဆင်ရေး ဆောင်ရွက်တဲ့အခါမှာ တော့ စစ်ဒေသမှူးများဦးဆောင်တဲ့ စစ်ဒေသကွပ်ကဲရေး တာဝန်ရှိသူ အဆင့်ဆင့်ရဲ့ ဦးဆောင်ကွပ်ကဲမှုကို ခံယူကြရမှာဖြစ်တယ်" ဟု ဦးရည်မွန်က ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်ကိုလည်းအောက်တိုဘာ ၁၀ ရက်က စတင်ဖွဲ့စည်းထူထောင်ခဲ့ပြီဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

" စစ်ရုံးချုပ် ထူထောင်နိုင်ပြီဖြစ်တဲ့အတွက် ငါတို့တပ်မတော်ရဲ့ Chain of Command တည်ဆောက်မှုဟာ ပိုပြီးစနစ်တကျရှိလာပြီလို့ ဆိုရမယ်။ စစ်ရေးအတွေ့အကြုံရှိပြီးသား ခေါင်းဆောင်များရဲ့ ဦးဆောင်မှုနဲ့ ဆင်နွှဲတဲ့ စစ်ဆင်ရေးအစီအစဉ်တွေဟာ ရှေ့မှာပိုပြီး ဗျူဟာမြောက်၊ ပိုပြီးထိ ရောက်အောင်မြင်မှုရှိလိမ့်မယ်လို့ ငါတို့ ယုံကြည်တယ်။ ငါတို့ ရင်ဆိုင်နေတဲ့ အကြမ်းဖက်စစ်တပ်ဟာ Chain of Command အသားသေပြီးသား စစ်တပ်တစ်ခုဖြစ်တယ်ဆိုတာ သတိမမေ့ဖို့လိုတယ်" ဟု ကာကွယ်ရေးဝန်ကြီးက ပြောသည်။

PDF တပ်မတော်တွင် စစ်ဆင်ရေးဌာန၊ စစ်ထောက်လှမ်းရေးဌာန၊ စစ်ရေးဌာန၊ စစ်ထောက်ဌာနနှင့် ပြည်သူ့လုံခြုံရေးဌာန အစရှိသည့် ဌာန ငါးခုပါဝင်ပြီး စစ်ကောင်စီကို စွန့်ခွာလာသည့် တပ်မတော်သားများက ကျွမ်းကျင်မှုနှင့် အတွေ့အကြုံပေါ် မူတည်ကာ ဌာနအလိုက် တာဝန်များထမ်းဆောင်နေပြီဟု ဦးရည်မွန်က ပြောသည်။

" တပ်မတော်တစ်ရပ်ရဲ့ ဦး၊ ရေး၊ ထောက် လုပ်ငန်းတွေကို သက်ဆိုင်ရာဌာနအလိုက် စစ်ရုံးချုပ်၊ စစ်တိုင်းများနဲ့ မြေပြင်တပ်ရင်းတပ်ဖွဲ့များအကြား ပုံမှန်ဆက်သွယ် ဆောင်ရွက်နိုင်ပြီဆိုတာ အသိပေးလိုတယ်" ဟု ကာကွယ်ရေးဝန်ကြီးက ပြောသည်။

PDF ရဲဘော်များအနေဖြင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများကို အတိအကျလိုက်နာရမည်ဟု ကာကွယ်ရေးဝန်ကြီးက သတိပေးသည်။

" ပြည်သူ့တော်လှန်ရေး အောင်မြင်ဖို့ဆိုရင် Chain of Command ကောင်းတဲ့ ပြည်သူ့စစ်တပ်ကို ငါတို့တည်ဆောက်ရမှာ ဖြစ်တယ်။ ဒီ တော်လှန်ရေးက ဖက်ဆစ်စစ်တပ်နဲ့ ပြည်သူ့စစ်တပ် စစ်တပ်နှစ်ခု ယှဉ်ပြိုင်တိုက်ခိုက်နေတဲ့ တိုက်ပွဲလည်း ဖြစ်တယ်" ဟု ဦးရည်မွန်က ပြောသည်။

စာတည်း - သန့်ဇော်(သန်လျင်)

October 4, 2024
ထိုင်း- မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးလမ်းမကြီး တခုဖြစ်သည့် အာရှလမ်း ပြန်ဖွင့်နိုင်ရေးအတွက်...
September 19, 2024
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်...
September 18, 2024
ထောင်အာဏာပိုင်များနှင့် ထိန်းသိမ်းခံသူများအကြားတွင် သဘောတူညီမှုအချို့ရပြီးနောက် အိန္ဒိယနိုင်ငံ၊...
September 17, 2024
ရှမ်းပြည်နယ်တောင်ပိုင်းရှိ လွိုင်လင်နှင့် တောင်ကြီးခရိုင်တို့တွင်...