ဖမ်းဆီးခံရသော KBC ဥက္ကဌဟောင်း နှင့် အဆက်အသွယ်မရသေး

ဖမ်းဆီးခံရသော KBC ဥက္ကဌဟောင်း နှင့် အဆက်အသွယ်မရသေး
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး

ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ KBC ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန် ယမန်နေ့က ဖမ်းဆီးခံ ရပြီးနောက် ယနေ့အချိန်ထိ အဆက်အသွယ် ပြတ်နေသည်ဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။

ဒေါက်တာ ခလမ်ဆမ်ဆွန်မှာ ဒီဇင်ဘာလ ၅ ရက်နေ့က မန္တလေး လေဆိပ်တွင် အဖမ်းခံလိုက်ရပြီး ပြန်လွတ်လာပြီဟု အွန်လိုင်းတွင် သတင်းများ ပြန့်ခဲ့သော်လည်း အမှန်တကယ်မှာ လွတ်မြောက်လာခြင်း မရှိသေးကြောင်း အမှုတော်ဆောင် ဆရာ တစ်ဦးက ပြောသည်။

လုံခြုံရေးအရ အမည်မဖော်လိုသည့် ခရစ်ယာန် ဓမ္မအမှုတော်ဆောင် ဆရာတော် တစ်ပါးက “မနေ့ညနေက လိုင်းပေါ်မှာ ဆရာကြီးပြန်လွတ်လာပြီလို့ တက်လာတာ လျှောက်ဖြန့်နေတာပါ။ တကယ်တော့ မလွတ်လာသေး ဘူး။ မိသားစုနဲ့လည်း အဆက်အသွယ် အခုထိ မရသေးဘူး။ ဘယ်မှာ ဖမ်းထားတာလဲ၊ ဘာလို့ ဖမ်းတာလဲ ဘာမှ ကို မသိရသေးဘူး” ဟု ပြောသည်။

သိက္ခာတော်ရ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို ဒီဇင်ဘာလ ၅ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်သို့ ကျန်းမာရေးအတွက် ဆေးကုသဖို့အတွက် သွားရန် မန္တလေးမြို့၊ တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ရောက်ရှိနေချိန် စစ်ကောင်စီ၏ ဖမ်းဆီးခေါ် ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

ဆရာတော်အား သက်ဆိုင်ရာမှ အကြောင်းမဲ့ ဖမ်းဆီးထိန်းသိမ်းထားခြင်းမှ အမြန်ဆုံးပြန်လွှတ်ပေးပါရန်

ကချင် နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC က ဒီဇင်ဘာလ ၅ ရက်နေ့ ညပိုင်းက ထုတ်ပြန်တောင်းဆိုထားသည်။

ဆရာတော်အား ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ယခုအချိန်ထိ အဆက်အသွယ်မရသေးသောကြောင့် မိသားစု ဝင်များနှင့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်မှ အသင်းသူ/သားများက စိုးရိမ်နေကြသည်။

မိသားစုနှင့် နီးစပ်သူ တစ်ဦးက “သတင်းတွေက အမျိုးမျိုး ပြောနေကြတာ။ မပခကို  မေးကြည့်တော့လည်း မရှိ ဘူးလို့ပြောတယ်။ အခုက ဘယ်ကို ဆက်သွယ်ရမှန်းမသိဘူး။ အဆက်အသွယ်က လုံးဝပြတ်နေတယ်။ အခုက ခက်တာက ဖမ်းတဲ့ အကြောင်းအရင်းလည်း မသိရဘူးဆိုတော့ ဘယ်လိုဆက်လုပ်ရမှန်း မသိဘူး ဖြစ်နေတယ်။ နောက်ဆုံး အခြေအနေပြောရရင် ဘာကိုမှ တိတိကျကျ မသိရသေးဘူးပဲ ပြောရမယ်” ဟု ပြောသည်။

သိက္ခာရ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်သည် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ အထွေထွေ အတွင်းရေးမှူးနှင့် ဥက္ကဋ္ဌ တာဝန်တို့ကို ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး လက်ရှိတွင် KBC ၏ အကြံပေးတာဝန်ကို ထမ်းဆောင်နေသည့် ဆရာတော်ဖြစ်သည်။

ကချင်ပြည်သူက လေးစားကြသည့် သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်သည် ကချင်ပြည်နယ် အတွင်း ငြိမ်းချမ်းရေး၊ စစ်ရှောင်အရေးတို့ကို တက်ကြွစွာ ဆောင်ရွက်ခဲ့သူ ဖြစ်သည့်အပြင် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း စစ်တပ်က အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် တွေ့ ဆုံခဲ့သည်။

ထို့အပြင် ၂၀၁၉ ခုနှစ်တွင်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဒေါက်တာခလမ်ဆမ်ဆွန်တို့ တွေ့ဆုံခဲ့ရာ တွင်လည်း မြန်မာနိုင်ငံရှိ ခရစ် ယာန်ဘာသာဝင်များကို စစ်တပ်က ညှင်းပန်းနှိပ်စက်နေရကြောင်း ပြောဆိုခဲ့သည့် အတွက် တပ်မတော်ကို အကြည်ညိုပျက်အောင်၊ ဂုဏ်သိက္ခာထိခိုက်အောင် ပြောဆိုခဲ့သည်ဟု ဆိုကာ စစ်တပ် က ၎င်းကို အရေးယူပေးရန် မြစ်ကြီးနားမြို့နယ် တရားရုံးကို ဦးတိုက်လျှောက်ထားခံခဲ့ရသူ ဖြစ်သည်။

January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...
January 7, 2025
မြိတ်ခရိုင်အတွင်းရှိ စစ်ကောင်စီဂိတ်များတွင် ခရီးသွားပြည်သူများ၏ လက်ကိုင်ဖုန်းများအတွင်း VPN...