စစ်ကောင်စီ ဒရုန်းမှ ဗုံးစထိမှန် ဆေးကုနေသူများ ဖမ်းခံရ၊ မိသားစုဝင်များ အဆက်အသွယ်မရ

စစ်ကောင်စီ ဒရုန်းမှ ဗုံးစထိမှန် ဆေးကုနေသူများ ဖမ်းခံရ၊ မိသားစုဝင်များ အဆက်အသွယ်မရ

စစ်ကောင်စီ၏ ဒရုန်းအသုံးပြု ပစ်ခတ်ရာမှာ ဗုံးစထိမှန်၍ မြိတ်ခရိုင်၊ ပုလောမြို့၊ ပြည်သူ့ဆေးရုံတွင် ဆေးကု သ နေစဉ် ဖမ်းဆီးခံလိုက်ရသည့် အမျိုးသား ယနေ့အချိန်ထိ မိသားစုနှင့်တွေ့ဆုံခွင့်မရဟု ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားနောက် တပတ်ကြာသည်အထိ မိသားစုနှင့် အဆက်အသွယ်မရသဖြင့် စိုးရိမ်နေကြသည်ဟု မိသားစုဝင်များက ပြောသည်။

ဆေးရုံဝန်ထမ်းတစ်ဦးက “ပုလော ခလရ ၂၈၅ တပ်ရင်းဘက်ခေါ်သွားတာ။ လူနာက သူ့မိန်းမအတွက်လည်း စိတ် ပူ နေပုံရတယ်” ဟု ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်တပ်ဖွဲ့ဝင် ၁၀ ဦးခန့် မှ အဆိုပါ အမျိုးသားကို ဆေးရုံမှ နိုဝင်ဘာ ၁၉ ရက်နေ့ က ဖမ်းဆီးသွားခြင်း ဖြစ်သည်။

ဆေးရုံဝန်ထမ်း၏ ပြောပြချက်အရ ထိုအမျိုးသားကို ပုလော ခလရ ၂၈၅ တပ်ရင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး နောက် မိသားစုဝင်များနှင့် ဆက်သွယ် တွေ့ဆုံခွင့်မရသေးဘူး ဟု ပြောသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့၊ နံနက်ပိုင်းက ကဒဲကျေးရွာသို့ စစ်ကောင်စီတပ်မှ ဒရုန်းအသုံးပြု ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ တွင် ဆိုင်ကယ်ဖြင့် ဈေးရောင်းနေသည့် လင်မယား ၂ ဦး ဗုံးစများ ထိမှန်ခဲ့ကြရာ အမျိုးသားဖြစ်သူမှာ လက်သန်းကြွယ်ဖြတ်ထားရပြီး ပုလောဆေးရုံ၌ ဆေးကုသမှု ဆက်လက်ခံယူနေရစဉ် ယခုကဲ့သို့ ဖမ်းဆီးခံလိုက်ရခြင်း ဖြစ် သည်။

ထို့ အပြင် ၎င်းအမျိုးသားအား လူနာစောင့်အဖြစ် နေပေးသည့် ဆွေမျိုးတော်စပ်သူ ဆယ်ကျော်သက်အရွယ် အမျိုးသား တစ်ဦးကိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့သည်ဟု ဆေးရုံဝန်ထမ်းက ပြောသည်။

ဗုံးစထိမှန်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးဖြစ်သူမှာလည်း ခန္ဓာကိုယ်နှင့် ဘယ်မျက်လုံးတို့တွင် ဒဏ်ရာ များ ပြင်းထန်စွာရရှိခဲ့ခြင်းကြောင့် မြိတ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရပြီး မျက်လုံးဖောက်ထုတ်ရမည့် အနေ အထားမျိုး ဖြစ်သည်ဟု ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။

ယခုကဲ့သို့ ဒဏ်ရာရရှိကာ ဆေးကုသမှု ခံယူနေရသူ အမျိုးသားနှင့် လူနာစောင့်အမျိုးသားတို့ ၂ ဦး အားစစ်ကောင် စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားပြီးနောက် ဆက်သွယ်တွေ့ဆုံခွင့် မရရှိသေးသည့် အပေါ် မိသားစုဝင်များက စိုးရိမ် နေကြခြင်း ဖြစ်သည်။

စစ်ကောင်စီက မြေပြင်စစ်ဆင်ရေးအပြင် ဝေဟင်မှ ဒရုန်းများ အသုံးပြု၍ ပြီးခဲ့သည့် အောက်တိုဘာလအတွင်း KNU ထိန်းချုပ်နယ်မြေအတွင်းရှိ KPDF စစ်ဆေးရေးဂိတ်အား ၂ကြိမ်၊ ကျောင်းနိမ့်ကျေးရွာသို့ တစ်ကြိမ်နှင့် ယခု နိုဝင်ဘာလထဲတွင် ကဒဲကျေးရွာ အပါအဝင် ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

ဓါတ်ပုံ - Crd Palaw Township Hospital

Most read this week

January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...