မြောက်ဦးမြို့နယ်၊ ကျွဲတဲကျေးရွာ အထကျောင်းခွဲတွင် ယနေ့နံနက်က ကျောင်းသား၊ ကျောင်းသူ ၁၀ ကျော် အသက်ရှုမရ မွန်းကြပ်လာသည့်အတွက် မြောင်းဘွေတိုက်နယ်ဆေးရုံကို အရေးပေါ် တင်လိုက်ရကြောင်း သိရှိရသည်။
ဖြစ်စဉ်နှင့်ပတ်သတ်ပြီး အဆိုပါ ကျောင်းတွင်တာဝန်ကျနေသည့် ကျောင်းဆရာတစ်ဦးက နိရဉ္စရာကို ယခုကဲ့သို့ ပြောသည်။
“ ကျွန်တော်တို့ ၉ နာရီ ၅၀ ခန့်မှာ ကျောင်းဝင်ပြီး နာမည်ခေါ်လို့ပြီးတာနဲ့ Grade 9 က ကျောင်းသူ တစ် ယောက် အသက်ရှုကြပ်ပြီး စပြီးတော့မွန်းတယ်။ သူ့ကို ဆရာမတွေက ရှုဆေးတွေနဲ့အပြင်ထုတ်ပြီး လုပ်ထားတယ်။ နောက် အစကတည်းက မွန်းတတ်တဲ့ ကလေးနှစ်ယောက်လည်း သူ့ကိုမြင်ပြီး အသက်ရှု မရဖြစ်သွားတယ်။ အဲလို ၃ ယောက်ကနေ ခဏနေ နောက်တစ်ယောက် ထပ်ဖြစ်တယ်။ ကျွန်တော်တို့လည်း ရွာက ဆေးမှူးနဲ့ သူနာပြုကိုခေါ်ပြီးပြုစုတယ်။ များလာတဲ့အတွက် မြောင်းဘွေက လူနာတင်ကားခေါ်ပြီး ပို့လိုက် ရတယ်။”
ကျောင်းသားကျောင်းသူ ၁၂ ယောက်ထိ မွန်းကျပ်မှုဖြစ်လာသဖြင့် ၎င်းတို့ကို ဆေးရုံသို့ ပို့ဆောင်ပြီးနောက် ကျောင်းကို ယာယီ ပိတ်ထားလိုက်သည်ဟု သိရသည်။
ကျောင်းသူ၊ကျောင်းသားများကိုလည်း နေအိမ် ပြန်ခိုင်းလိုက်ပြီးနောက် အိမ်မှာလည်း တချို့ထပ်ဖြစ်သည်ဟု သိရသည်။
“ ကျွန်တော်တို့က ဒီကျောင်းက ပို့လိုက်တာကို လောက်ဘဲသိတယ်။ နောက်အိမ်က ပို့လိုက်တာတော့ အတိကျမသိဘူး ၁၂ ယောက်လို့တော့ပြောကြတယ်” ဟု ၎င်းကျောင်းဆရာက ပြောသည
ယခုဆေးရုံကို ယူသွားသည့် ကျောင်းသူ၊ ကျောင်းသားများထဲတွင် ကျွဲတဲရွာမှ ၄ ဦးနှင့် တန်းပျင်းကြီးရွာမှ ၄ ဦး ပါဝင်ပြီး စုစုပေါင်း ၁၂ ဦးဖြစ်ကြောင်းလည်း မိသားစုဝင်တစ်ဦးက ပြောသည်။
လက်ရှိအချိန်တွင် အဆိုပါကျောင်းသား ကျောင်းသူများကို မြောင်းဘွေဆေးရုံတွင် ဆေးကုသမှုပေးနေပြီး အပြင်လူ ဝင်ခွင့်များကို ပိတ်ပင်ထားကြောင်းလည်း ကျောင်းသားတစ်ဦးနှင့် ဆွေမျိုးတော်စပ်သည့် ဆရာတော် တစ်ပါးကလည်း ယခုကဲ့သို့မိန့်ကြားသည်။
“ အခု ဆေးရုံမှာရောက်နေတာက အားလုံး ၁၂ ယောက်၊ သူတို့ကိုအထဲကို ယူသွားတယ်။ မိသားစုဝင်တွေ လည်းဝင်ခွင့်မရဘူး။ အပြင်ကလူတွေ တစ်ယောက်မှ ဝင်ခွင့်မပေး။ပိတ်ထားတယ်။”
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သတ်ပြီး အသေးစိတ် သိရအောင် မြောင်းဘွေဆေးရုံကို ဆက်သွယ်ခဲ့သော်လည်း အဆက် အသွယ်မရရှိခဲ့ပါ။