KNU-PC တပ်မှူးအား လာရောက်ပစ်ခတ်သော ကရင်လူငယ်များကို အရေးယူနိုင်အောင် ကြိုးစားသွားမည်

KNU-PC တပ်မှူးအား လာရောက်ပစ်ခတ်သော ကရင်လူငယ်များကို အရေးယူနိုင်အောင် ကြိုးစားသွားမည်

ကရင်ငြိမ်းချမ်းရေး ကောင်စီ KNU/KNLA-PC (KNU/KNLA- ငြိမ်းချမ်းရေး ကောင်စီ) တပ်ဖွဲ့ဝင်တစ်ဦး၏ နေအိမ်အား လာရောက်ပစ်ခတ် မီးရှို့ဖျက်ဆီး သူများကို ကရင်လက်နက်ကိုင် စည်းလုံးညီညွတ်ရေး ကော်မတီကနေ တစ်ဆင့် အရေးယူဆောင်ရွက်နိုင်ရန် လုပ် ဆောင်သွားမည်ဟု KNU/KNLA-PC က ပြောသည်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် မိဖာလဲကျေးရွာရှိ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA/PC) အမှတ် (၇၇၇) တပ်ရင်းမှူး စောဝင်းကျော်၏ နေအိမ်အား ကြာသပတေးနေ့ညက လာရောက်ပစ်ခတ်သူ များ ကို အရေးယူနိုင်အောင် လုပ်ဆောင်သွားမည်ဟု KNU/KNLA/PC ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွှန့် ကပြောသည်။

၎င်းက “အဲဒီအပေါ်မှာကတော့ တီးတီတို့ အနေနဲ့ ဘယ်လိုဆက်လက်လုပ်ဆောင်မလဲ။ဘယ်လို ဆက်လက် ဆောင်ရွက်မလဲ ဆိုတာကတော့ ထုတ်ဖော်ပြောဆိုဖို့ တော့ စောပါသေးတယ်။ သို့သော်လည်းပဲ တစ်ခုအားသာ ချက်ရှိတာက တီးတီတို့ ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေထဲမှာဆိုရင်တော့ ဒီလက်နက်ကိုင်တပ်ဖွဲ့ စည်းလုံး ညီညွတ်ရေး ကော်မတီဆိုတာဖွဲ့စည်း ထားပြီးသား လည်း ရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ အဲဒီကနေပဲ ကိုယ့်ရဲ့ အမျိုးသားရေး ကိုယ့်ရဲ့ ဒေသအတွင်း တည်ငြိမ်း အေးချမ်းရေးကို မထိပါးစေပဲနဲ့ သင့်တော်တဲ့ အရေးယူမှုနဲ့ ဆောင်ရွက်မှုကိုတော့ အသေးစိတ်

မဟုတ်သည့်တိုင်တောင်မှ ဆက်လုပ်သွားဖို့ ရှိတယ်ဆိုတာကိုတော့ ပြောလို့ ရပါတယ်ခင်ဗျ” ဟု ပြောသည်။

ကရင်လက်နက်ကိုင် စည်းလုံးညီညွတ်ရေး ကော်မတီသည် ကရင်အမျိုးသားအတွင်း လက်နက်ကိုင်ပဋိပက္ခ ဖြစ် ပေါ်မှုကို ရှောင်ရှားစေရန်နှင့် ကရင်အမျိုးသား အစည်းအရုံး၏ စည်းလုံးညီညွတ်မှုကို တည်ဆောက်သွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၂ ခုနှစ်တွင် ပြုလုပ်သည့် KNU ကရင်အမျိုးသား အစည်းအရုံး ၁၅ ကြိမ်မြောက် ညီလာခံ တွင် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်။

KNU/KNLA-PC အနေဖြင့် ကရင်လက်နက်ကိုင် စည်းလုံးညီညွတ်ရေး ကော်မတီကနေတစ်ဆင့် ကိုင်တွယ် ဖြေရှင်း သွားမည့် ထိုပစ်ခတ်မှုကို အမည်မသိ လူငယ် လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က ရန်ငြိုးရန်စ တစ်စုံတစ်ရာ မရှိပဲ လုပ် ဆောင်ခဲ့ခြင်းဖြစ်သည် ဟု ဗိုလ်မှူးကြီး စောကျော်ညွှန့် က ပြောသည်။

“အဖွဲ့အစည်း တစ်ခုရယ်လို့ သတ်သတ်မှတ်မှတ် မရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်း တခုပေါ့လေ။ ကရင် အချင်း ချင်းလည်း ဟုတ်တယ်။ ပြီးတော့ တွေ့ဖူးမြင်ဖူးတဲ့ လူတွေလည်း ဟုတ်တယ်။ အဲဒီယုံကြည်မှုအပေါ်မှာ အလွဲ သုံးစားလုပ်ပြီးတော့ အဲလိုလာပြီးတော့ အချောင်အပစ်ခံလိုက်ရတဲ့ သဘောမျိုးတော့ရှိတယ်” ဟု ဗိုလ်မှူးကြီး စောကျော်ညွှန့်က ပြောသည်။

အဆိုပါ ပစ်ခတ်မှုအတွင်း အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ရွှေ၊ ငွေ နှင့် ကားကိုလည်း ထိုအဖွဲ့က ယူဆောင်သွား သည့်အပြင် နေအိမ်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု KNU/KNLA-PC က ပြောသည်။

ဗိုလ်မှူးကြီး စောကျော်ညွှန့်က “အဲလိုပစ်တဲ့အခါ မှာလည်းပဲ မသက်ဆိုင်တဲ့ အရပ်သားတစ်ယောက်က ထိခိုက် သေဆုံး သွားတာရှိတယ်။ သူ့ယောက်ကျားက တပ်မှူးဆိုပေမယ့် သူ့အနေနဲ့ကတော့ အရပ်သားတစ်ယောက်ပဲ ဖြစ်တဲ့အပေါ် မှာက ဒီအရပ်သား သေဆုံးမှု ခေါင်းစဉ်အောက်မှာပဲ တီးတီတို့က ဒါ စိတ်မကောင်းဖြစ်ရတယ်။ သတင်းမီဒီယာထဲမှာ ပါသလို အမျိုးသမီးတစ်ယောက်နဲ့ သူ့တပည့် ၄ ယောက်တို့ ဘာတို့ ဆိုတာကတော့ မဟုတ် ပါဘူး။ အမှန်တကယ်သေတာက အဲ့ဒီ မိန်းမ တစ်ယောက်ပါပဲ”

ဟု ဆက်ပြောသည်။

KNU/KNLA-PC အမှတ် (၇၇၇) တပ်ရင်းမှူး စောဝင်းကျော်မှာမူ ပစ်ခတ်မှုဖြစ်စဉ်အတွင်း ထွက်ပြေးလွတ် မြောက် ခဲ့သည်ဟု ဆိုသည်။

KNU/KNLA-PC က ရရှိထားသည့် သတင်းအချက်အလက်များအရ လာရောက်ပစ်ခတ်သူများမှာ ကရင်လူငယ် များဖြစ်သည်ဟု သိရသော်လည်း မည့်သည့်အဖွဲ့အစည်းကို ကိုယ်စားပြုသည့် အဖွဲ့ဖြစ်သည်ကိုမူ တိတိကျကျ မသိရသေးသည့်အတွက် လူငယ်အများစု ပါဝင်သည့် အမည်မသိ လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု အနေဖြင့် သာ သတ်မှတ်၍ရသည်ဟု ဆိုသည်။

အဆိုပါ အမည်မသိ လူငယ် လက်နက်ကိုင် အဖွဲ့အစည်းက ရန်ငြိုးတစ်စုံတစ်ရာ မရှိပဲ KNU/KNLA-PC တပ်မှူး နေအိမ်ကို လာရောက်ပစ်ခတ်ခဲ့သည့် အပေါ် ဗိုလ်မှူးကြီး စောကျော်ညွှန့်က ယခုကဲ့သို့ သုံးသပ်သည်။

၎င်းက “ကိုယ့်တပ်မှူး အနေနဲ့ကလည်း အဲဒီ ဒေသမှာ ပြည်သူလူထုတွေ စစ်ဘေးဒဏ်ကနေ ကင်းဝေးဖို့ စစ်ဒဏ် ကနေ မဖြစ်ဖို့ဆိုတာကိုတော့ အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း လုပ်တဲ့အပေါ်မှာကတော့ အဲဒီလိုမျိုး အချက် တွေအပေါ်မှာပဲ သူတို့အနေနဲ့ အားမရ ကျေနပ်စရာ ဖြစ်တာတို့ ဘာတို့ ရှိကောင်းရှိနေနိုင်ပါတယ်။ နိုင်ငံရေး ခံ ယူချက်၊ အမျိုးသားရေး ခံယူချက် ကြီးကြီးမားမား မဟုတ်ပဲနဲ့ လက်ရှိ ကျနော်တို့ နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ မတည်မငြိမ် ပုံမှန်အနေအထား မဟုတ်တဲ့ နိုင်ငံရေး အခင်းအကျင်း အောက်က စိတ်ခံစားချက်အရပေါ့လေ သူ တို့လုပ်သွားတယ်လို့ တီးတီတို့ အနေနဲ့ အဲလိုသုံးသပ်ရတယ်” ဟု ပြောသည်။

KNU/KNLA-PC သည် စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးအတွက် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများကို တက်ရောက်နေသည့် အဖွဲ့အ စည်းဖြစ်ပြီး နိုင်ငံရေး ပြဿနာကို စစ်ရေးနည်းဖြင့် မဟုတ်ပဲ တွေ့ဆုံဆွေးနွေးသည့်နည်းဖြင့် အဖြေရှာနေသည့် အဖွဲ့ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ် အပါအဝင် တိုင်းရင်းသားပြည်နယ်များနှင့် တိုင်းဒေသကြီး တော်တော်များများတွင် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် တော်လှန်ရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် လက်နက် ကိုင် အဖွဲ့အစည်း အမြောက်အများ ဖွဲ့စည်း ပေါ်ပေါက်လာခဲ့သည်။ အဖွဲ့အစည်းအချို့မှာ သီးခြားလွတ်လပ်သည့် အဖွဲ့အစည်းများအနေဖြင့် ရှိနေပြီး အချို့မှာ အမျိုးသား ညီညွတ် ရေး အစိုးရ NUG ကာကွယ်ရေး ဝန်ကြီးဌာန၏ လက်အောက်က အဖွဲ့အစည်းများ အနေဖြင့် ရှိနေသလို အချို့မှာ တိုင်းရင်းသား ပြည်နယ်များရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ လက်အောက်ခံ အဖွဲ့များအနေ ဖြင့် ရှိနေသည့် အဖွဲ့ များဖြစ်သည်။

လက်ရှိ ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် မိဖာလဲကျေးရွာသည် ကရင်အမျိုးသား အ စည်းအရုံး KNU တပ်မဟာ ၇ အတွင်း တည်ရှိပြီး နယ်မြေ အနေအထားအရကရင်လက်နက်ကိုင် အဖွဲ့အစည်း များ ရောနှောနေထိုင် သွားလာနေသည့် ဒေသဖြစ်သည်ဟု KNU/KNLA-PC က ပြောသည်။

October 24, 2024
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် စစ်ပွဲအတွင်း...
October 23, 2024
စစ်ကောင်စီတပ်က ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့် ရှမ်းမြောက်ဒေသထဲက လားရှိုးမြို့အပါအဝင်...
October 22, 2024
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အတွင်း ဆန် ဈေးနှုန်း မြင့်တက်လာမှုကြောင့် စစ်ဘေးရှောင်များ သာမက...
October 21, 2024
တနင်္သာရီတိုင်း ဒေသကြီးအတွင်းမှ မြိတ်၊ တနင်္သာရီနှင့် ပုလောမြို့နယ်များတွင် MPT ဖုန်းလိုင်းနှင့်...