Published
Friday, October 28, 2022
စစ်ကောင်စီရဲ့လက်နက်ကြီးကြောင့် အသက် ၆ နှစ်အရွယ် ကလေးငယ် ၂ ဦးသေဆုံး
ချင်းပြည်နယ် ဟားခါးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၆ နှစ်အရွယ်ကလေးငယ် ၂ ဦး ထိမှန်သေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
- မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် တစ်နှစ်ခွဲကျော်ကာလအတွင်း ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေတာကြောင့် ကလေးမြို့က ဆောက်လုပ်ရေးကုမ္ပဏီလုပ်ငန်းတချို့ ရပ်ဆိုင်းလိုက်ရပါတယ်။
- စစ်ကောင်စီတပ်ဖွဲ့နဲ့ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၅ ဦးထက်မနည်းကို သုတ်သင်ရှင်းလင်းနိုင်ခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF) က ပြောဆိုလိုက်ပါတယ်။