“ကျနော်တို့လုပ်မယ့် ဂုဏ်ပြုပွဲက လုံးဝ စစ်ရေးပြင်ဆင်ခြင်း မဟုတ်ဘူး။ စစ်အင်အား တိုးချဲ့တာလည်း မပါဘူး။ ကျနော်တို့ ကရင်အမျိုးသားရဲတပ်ဖွဲ့တွေဟာ ပြည်သူလူထုကြားမှာ လာပြီးတော့ အခုလို ဂုဏ်ပြုပွဲလုပ်တာက ကရင်လူထုအပြင် တိုင်းရင်းသားပြည်သူလူထုအားလုံးနဲ့လည်း သက်ဆ

“ကျနော်တို့လုပ်မယ့် ဂုဏ်ပြုပွဲက လုံးဝ စစ်ရေးပြင်ဆင်ခြင်း မဟုတ်ဘူး။ စစ်အင်အား တိုးချဲ့တာလည်း မပါဘူး။ ကျနော်တို့ ကရင်အမျိုးသားရဲတပ်ဖွဲ့တွေဟာ ပြည်သူလူထုကြားမှာ လာပြီးတော့ အခုလို ဂုဏ်ပြုပွဲလုပ်တာက ကရင်လူထုအပြင် တိုင်းရင်းသားပြည်သူလူထုအားလုံးနဲ့လည်း သက်ဆ
by -
ကေအိုင်စီ
ကရင်အမျိုးသားရဲတပ်ဖွဲ့(KNPF) နေ့ ဂုဏ်ပြုအခမ်းအနား ကျင်းပမည့်အပေါ် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ပြည်ထဲ ရေးနှင့် သာသနာရေးဌာန (ဗဟို) တာဝန်ခံ ပဒိုစောအားတိုးကို ကေအိုင်စီ-ကရင်သတင်းဌာနက လူတွေ့မေးမြန်းထားခြင်း ဖြစ်သည်။ မေး - ပထမဦးဆုံးအနေနဲ့ ကရင်အမျိုးသားရဲတပ်ဖွဲ့-KNPF ဖြစ်ပေါ်လာပုံ ရှင်းပြပေးပါလား။ဖြေ - ကျနော်တို့ KNPF-ကရင်အမျိုးသားရဲတပ်ဖွဲ့ဟာ ၁၉၉၁ခုနှစ်၊ စက်တင်ဘာ ၉ရက်နေ့မှာ ဖွဲ့စည်းတယ်။ တိတိကျကျ ပြောရ မယ်ဆိုရင် ကျနော်တို့ ကေအဲန်ယူရဲ့ (၁၀)ကြိမ်မြောက် ကွန်ဂရက်မှာ ကရင်အမျိုးသားရဲတပ်ဖွဲ့ကို စပြီးတော့ ဖွဲ့စည်းခဲ့တယ်။ ဖွဲ့စည်းပေမယ့်လို့ အဲဒီတုန်းက KNPF ကရင်အမျိုးသားရဲတပ်ဖွဲ့ရယ်လို့ သတ်သတ်မှတ်မှတ် မသတ်မှတ်ခဲ့ဘူး။ ဒါကြောင့် အခု လွန်ခဲတဲ့ (၁၆)ကြိမ်မြောက် ကေအဲန်ယူ ကွန်ဂရက်မှာ စက်တင်ဘာလ (၉)ရက်နေ့ကို KNPF-ကရင်အမျိုးသားရဲတပ်ဖွဲ့ရယ်လို့ အတည်ပြုသတ်မှတ်တယ်။ ကွန်ဂရက်ကိုယ်စားလှယ်အားလုံးက သဘောတူ ဆုံးဖြတ်တယ်။ မေး - KNPF ရဲ့ အခန်းကဏ္ဍနဲ့ ရည်ရွယ်ချက်တွေက ဘာတွေလဲ။ဖြေ - ဒီကနေ့ ကျနော်တို့ ဗမာပြည်(အတွင်းပိုင်း)မှာဖြစ်ဖြစ်၊ တခြားတိုင်းရင်းသားလူမျိုးစု ဒေသမှာပဲဖြစ်ဖြစ် တရားဥပဒေစိုးမိုး ရေးဟာ တော်တော်အရေးကြီးပါတယ်။ ဒါကြောင့်မို့လို့ KNPF ရဲ့ အခန်းကဏ္ဍပဲပြောပြော၊ လုပ်ငန်းတာဝန်ပဲပြောပြော ဒါက တော့ KNPF မှာ အများကြီး တာဝန်ရှိတယ်။ နောက် ဖော်ဆောင်သွားဖို့ ရှိတယ်။ ကျနော်တို့ KNPF ရဲ့ ရည်ရွယ်ချက်ဟာ တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေး၊ ပြည်သူလူထုတစ်ရပ်လုံးပေါ့။ ဆိုလိုတာက တရားဥပဒေစိုးမိုးရေးအပေါ်မှာ သူတို့ကို အကာအကွယ်ပေးဖို့ ဖြစ်ပါတယ်။ နောက်တော့ မူးယစ်ဆေးဝါး ပပျောက် ရေး အဲဒါကို လုပ်သွားဖို့။ နောက်တစ်ခုက အခုဖော်ဆောင်နေတဲ့ NCA(တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်)ကိစ္စပါ။ အဲဒါ အထောက်အကူပြုဖို့အနေနဲ့ အပစ်အခတ် ရပ်စဲရေးမှသည် အေးချမ်းသာယာရေးသို့ ဖော်ဆောင်သွားမယ်။ ကျနော်တို့မှာ KNPF ရဲ့ လုပ်ငန်းတာဝန်နဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ ဥပဒေတွေဟာ ရှိပါတယ်။ ဒါကြောင့်မို့လို့ အခုဟာ KNPF အနေနဲ့ (တပ်ဖွဲ့ဝင်တွေ)လုပ်ငန်းတာဝန် ထမ်းဆောင်နိုင်ဖို့ အရည်အချင်းသိမြင်အောင် သင်တန်းတွေ ပို့ချသွားဖို့လည်း ရည်ရွယ် ချက် ရှိပါတယ်။ မေး - KNPF နေ့ကို ကျင်းပသွားမယ်ဆိုတော့ ဘယ်လိုပုံစံနဲ့ ကျင်းပသွားမှာပါလဲ။ဖြေ - လာမယ့်လ စက်တင်ဘာ ၉ရက်နေ့ဆိုရင် ကရင်အမျိုးသားရဲတပ်ဖွဲ့ရယ်လို့ ပထမဆုံးအကြိမ် (ဗဟိုအဆင့်) ဂုဏ်ပြုအခမ်း အနား လုပ်သွားမှာ ဖြစ်ပါတယ်။ ဒါကို ကေအဲန်ယူ ပြည်ထဲရေးနှင့် သာသနာရေးကနေပြီးတော့ ဦးဆောင်ကျင်းပသွားမှာ ဖြစ်ပါ တယ်။ ကေအဲန်ယူ ခရိုင် (၇)ခုပေါင်းပြီးတော့ ဗဟိုအဆင့်အဖြစ် ကျနော်တို့ လုပ်သွားမယ်။ နောက်လာမယ့်နှစ်တွေကျတော့ သက်ဆိုင်ရာ ခရိုင်အလိုက် စက်တင်ဘာလ (၉)ရက်နေ့မှာ နှစ်တိုင်း ကရင်အမျိုးသားရဲတပ်ဖွဲ့နေ့ ဂုဏ်ပြုအခမ်းအနား ပြုလုပ် သွားဖို့ ဆုံးဖြတ်ထားပါတယ်။ မေး - KNPF နေ့ ကျင်းပမှာနဲ့ ပတ်သက်ပြီး ဘာဖြစ်လို့ ကော့ကရိတ်မြို့နယ်ထဲက ဘောဒိုင်းနေရာကို ရွေးတာလဲ။ဖြေ - ပထမဦးဆုံး ကျနော်တို့ ကရင်အမျိုးသားရဲတပ်ဖွဲ့နေ့ကို လေးဝါးဌာနချုပ်မှာ လုပ်ဖို့ ဆွေးနွေးထားတာ ရှိတယ်။ နောက်ကျ တော့ ခရိုင်တွေရဲ့ KNPF ရဲတပ်ဖွဲ့မှူးတွေကို အစည်းအဝေးမှာ ခရိုင်တိုင်းက တောင်းဆိုလာတော့၊ နောက်တော့လည်း ဒူးပလာ ယာခရိုင်က ရဲတပ်ဖွဲ့လည်း တောင်းဆိုလာတော့ ကော့ကရိတ်မြို့နယ် ဘောဒိုင်း(ပေါ်တဲ)ကျေးရွာမှာ လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အခု ရွေးချယ်တဲ့နေရာဆိုရင် ကိုယ့်ကရင်ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့်ရှိတဲ့ နေရာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ ကရင်ပြည်သူလူထုတွေနဲ့၊ နောက် ကျနော်တို့ KNPF ရဲတပ်ဖွဲ့ရဲ့ ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်တွေကို သိသွားဖို့ဆိုပြီး အခုလို အောက်ခြေ ခရိုင်၊ မြို့နယ်ထဲမှာ လာလုပ်တာ ဖြစ်ပါတယ်။ မေး - ကရင်အမျိုးသားရဲတပ်ဖွဲ့နေ့ကို ဘယ်လိုပုံစံ စီစဉ်လုပ်ဆောင်သွားမလဲ။ဖြေ - ကျနော်တို့ ရဲတပ်ဖွဲ့တွေရဲ့ သဘောထားကတော့ ကျယ်ကျယ်ပြန့်ပြန့် လုပ်သွားမှာပေါ့။ ကျနော်တို့ ရဲတပ်ဖွဲ့ဆိုတာက လက်နက်ကိုင်တပ်ဖွဲ့ပဲ မဟုတ်လား။ ဒါကြောင့် ဂုဏ်ပြုပွဲအခမ်းအနားမှာ စစ်ရေးပြ ချီတက်အလေးပြုတဲ့ အစီအစဉ် ကျနော်တို့ ထည့်ထားတယ်။ ဒါပေမယ့် ပြန်ကြည့်လိုက်တော့ (ကေအဲန်ယူနှင့်အစိုးရ) နှစ်ဖက်လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ၊ နောက်တော့ NCA ကို အထောက်အကူပြုဖို့ တဖက်နဲ့တဖက် ယုံမှားသံသယ မဖြစ်အောင် လက်နက်မပါဘဲ လုပ်ဆောင်သွား မယ်။ အခု ကျနော်တို့လုပ်မယ့် ဂုဏ်ပြုပွဲက လုံးဝ စစ်ရေးပြင်ဆင်ခြင်း မဟုတ်ဘူး။ စစ်အင်အား တိုးချဲ့တာလည်း မပါဘူး။ ကျနော်တို့ ကရင်အမျိုးသားရဲတပ်ဖွဲ့တွေဟာ ပြည်သူလူထုကြားမှာ လာပြီးတော့ အခုလို ဂုဏ်ပြုပွဲလုပ်တာက ကရင်လူထုအပြင် တိုင်းရင်း သားပြည်သူလူထုအားလုံးနဲ့လည်း သက်ဆိုင်ပါတယ်။ ဒါကြောင့် ကျနော်တို့ ယုံကြည်တာက လုပ်သွားမယ့် ပွဲအစီအစဉ်ဟာ အနှောက်အယှက် မဖြစ်စေလိုဘူး။ ဒါပေမယ့်လို့ ကျနော်တို့ ဆုံးဖြတ်ထားတဲ့အတိုင်း ဖြစ်အောင်တော့ အကောင်အထည်ဖော် လုပ်သွားမှာ ဖြစ်ပါတယ်။ မေး - အခု ကျင်းပသွားမည့် ဂုဏ်ပြုပွဲနဲ့ပတ်သက်ပြီး ကရင်ပြည်သူလူထုတွေကို ဘာများ ပြောကြားချင်ပါသလဲ။ဖြေ - အခု ပြုလုပ်မယ့် ဂုဏ်ပြုပွဲဟာ (KNPF)ရဲ့ ပထမဆုံးပွဲ၊ ကရင်တစ်မျိုးသားလုံးအတွက် သမိုင်းဝင်တဲ့နေ့လည်း ပြောလို့ရ တယ်။ ဒါကြောင့် ကျနော်တို့ ရဲတပ်ဖွဲ့တွေရဲ့ လုပ်ငန်းတာဝန် ထမ်းဆောင်တဲ့နေရာမှာ ကရင်ပြည်သူလူထုတစ်ရပ်လုံးကနေပြီး တော့ ပူးပေါင်းပါဝင်လုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်။ KNPF ရဲ့ လုပ်ငန်းကဏ္ဍဟာ တော်တော်လေး ကျယ်ပြန့်ပါတယ်။ ကျယ် ပြန့်တယ်ဆိုတာက ကျနော်တို့ လုပ်ငန်းတာဝန် ထမ်းဆောင်တဲ့နေရာမှာ ပြည်သူလူထု မပါရင် မဖြစ်ဘူး။ ပြည်သူလူထုက အခြေခံကျတယ်။ ဒါကြောင့် ပြည်သူလူထုတရပ်လုံးကနေပြီးတော့ ကျနော်တို့ ကရင်ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး လုပ်ဆောင်သွားဖို့ တိုက်တွန်းလိုပါတယ်။ ပြီးတော့ ပြည်တွင်းကော၊ ပြည်ပရာက်နေတဲ့ ကရင်ပြည်သူလူထုတွေကိုကော ကျနော်တို့ ကရင်တမျိုးသားလုံးရဲ့ အင်အားပါပဲ။ သူတို့ ပြည်ပရောက်နေတယ်ဆိုပေမယ့် အခု ကျနော်တို့ ရဲတပ်ဖွဲ့တွေကို ပံ့ပိုးပေးနိုင်မယ်ဆိုရင် သိပ်ကောင်းတာပေါ့။ လုပ်ငန်းအ တွက် လိုအပ်ချက်တွေ အများကြီး ရှိပါတယ်။ ဒါကြောင့် ပြည်ပမှာ ရောက်ရှိနေတဲ့ ကျနော်တို့ ကရင်အမျိုးသားတွေအနေနဲ့ KNPF ရဲ့ လှုပ်ရှားမှုတွေကို နားစွင့်နားထောင်ပြီးတော့ လိုအပ်တဲ့ အကူအညီတွေ ပံ့ပိုးပေးသွားနိုင်မယ်ဆိုရင် သိပ်ပြီးတော့ အထောက်အကူဖြစ်တာပေါ့။ အခု ကျနော်တို့ဌာနမှာ ဘာရန်ပုံငွေမှ မရှိပါဘူး။ မရှိပေမယ့်လို့ ဒီပွဲလုပ်သွားဖို့ဆိုရင် အဖွဲ့အစည်းကရော၊ ကျနော်တို့ ပြည်သူလူ ထုကရော ဝိုင်းဝန်းပံ့ပိုးလိမ့်မယ်လို့ ယူဆတယ်။ (သြဂုတ်) ၁၆ရက်နေ့က သုံးဆယ့်သုံးဆူမှာ ဒီပွဲအစီအစဉ်နဲ့ ပတ်သက်ပြီး ဆွေး နွေးတဲ့အခါ တက်ရောက်တဲ့ လူထုနဲ့ အဖွဲ့အစည်းတွေ တော်တော်လေး စိတ်ဓာတ်တက်ကြွတာ ရှိပါတယ်။ ကျနော်တို့ ယုံကြည် ပါတယ်။ အဓိက ကျနော်တို့ ပြည်သူလူထုရဲ့ စိတ်ဓာတ်အင်အားရော၊ ကိုယ်ကာယအင်အားရော သူတို့ပေးစွမ်းမယ်လို့ ယုံကြည် ပါတယ်။ ဒီဂုဏ်ပြုပွဲပြီးရင်လည်း ရှေ့ဆက်ကျနော်တို့ လုပ်ငန်းတာဝန်တွေကို ပြည်သူလူထုတရပ်လုံးက ဝိုင်းဝန်းပါဝင် ကူညီဖို့ တိုက်တွန်းလိုပါတယ်။  
April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...
April 8, 2024
နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန်...