အုပ်ချုပ်ရေးမှူး၏ လောင်းကစားဝိုင်းကို ရဲက ပစ်ခတ်ဖမ်းဆီး

အုပ်ချုပ်ရေးမှူး၏ လောင်းကစားဝိုင်းကို ရဲက ပစ်ခတ်ဖမ်းဆီး

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၏ လောင်းကစားဝိုင်းကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးရာ တစ်ဦးသေဆုံးမှု ရှိခဲ့ သည်ဟု ဒေသခံများက ပြောသည်။

ဧရာဝတီတိုင်း ကျုံပျော်မြို့ ၌ စစ်ကောင်စီခန့် ရပ်/ကျေး အုပ်ချုပ်ရေးမှူး က ဖွင့်ထားသည့် လေးကောင်ဂျင်၊ ခြောက်ကောင်ဂျင် လောင်းကစားဝိုင်းကို ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရာ အမျိုးသားတစ်ဦးသေ ဆုံးခဲ့ခြင်း ဖြစ်သည်။

“စက်တင်ဘာ ၁၃ ရက်နေ့ မနက်က မြစ်ထဲမှာအလောင်း တွေ့တော့မှ လက်မောင်းမှာ သေနတ်ဒဏ်ရာနဲ့ ရေနစ် သေသွားတာကို သိရတာ” ဟု ဒေသခံတစ်ဦး ကပြောသည်။

ကျုံပျော်မြို့၊ ခဲဘောင်မြစ်ကူး တံတားအောက် ဆန်စက်ဝန်းအတွင်းမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးဘိုး တုတ် နှင့် အိမ်ရှင် ဦးမောင်အုန်းတို့ ဖွင့်ထားသည့် လောင်းကစားဝိုင်းကို စက်တင်ဘာလ ၁၁ ရက်နေ့၊ ညနေ ပိုင်းမှာ ရဲတပ်ဖွဲ့က သေနတ်ဖြင့်ပစ်ခတ်ကာ ရုတ်တရက်ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်မှု ဖမ်းဆီးစဉ်တွင် ထွက်ပြေးသူများအနက် ကျုံပျော်မြို့ အောင်းဆန်ရပ်ကွက်နေ အသက် ၄၅ နှစ် အရွယ် ရှိ ဦးမြင့်ခိုင် မှာ လက်မောင်းကို ကျည်ဆံထိမှန်ကာ မြစ်ထဲပြုတ်ကျပြီး ရေနစ်သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

လောင်းကစားဝိုင်းကို ခရိုင်၊ မြို့နယ်၊ နယ်မြေရဲ နှင့် ဒုစရိုက်မှု နှိမ်နင်းရေး ရဲတို့ ပါဝင်သည့် ပူးပေါင်း အင်အား ၆၀ ဝန်းကျင်ဖြင့် ဖမ်းဆီးရာ အမျိုးသမီး အချို့အပါအဝင် လူဦးရေ အယောက် ၃၀ ကို ဖမ်းမိခဲ့သည်ဟု သိရသည်။

ထို့အပြင် ထွက်ပြေးလွတ်မြောက်သွားသူ အယောက် ၂၀ ကျော်ခန့် ရှိနိုင်သည်ဟု ရဲသတင်း အရင်းအမြစ်ထံမှ သိရ သည်။

ရဲတပ်ဖွဲ့ က လောင်းကစားဝိုင်းမှ လူအယောက် ၃၀ နှင့် အတူ ဖမ်းမိထားသည့် စစ်ကောင်စီခန့် တောချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဘိုးတုတ် နှင့် ဆန်စက်ဝန်းက ဦးမောင်အုန်း တို့သည် ကျုံပျော်အခြေစိုက် ခလရ ၃၆ တပ်ရင်းက အရာရှိပိုင်းကို လိုင်းကြေးပေးကာ လေးကောင်ဂျင်၊ ခြောက်ကောင်ဂျင်လောင်း ကစား ဝိုင်းများလုပ် နေကြခြင်း ဖြစ်သည်ဟု သိရသည်။

“လူဆိုးသူခိုး ဖမ်းမယ်။ လောင်းကစားဝိုင်းဖမ်းမယ်။ အရက်ပုန်း ဖမ်းမယ် ဒါက ရဲအလုပ် ရဲလုပ်တာပါ။ ဒါကို စစ် တပ်က စုံခုံစစ်မယ် ဘာဘာညာညာလုပ်နေတယ်” ဟု ရဲဝန်ထမ်း တစ်ဦးက ပြောသည်။

ကျုံပျော်မြို့နယ် အတွင်း၌ စစ်ကောင်စီအဖွဲ့၊ မြို့ခံစစ်တပ်ဖွဲ့ နှင့် ရဲတပ်ဖွဲ့ဝင် အချို့တို့က လိုင်းကြေးယူပြီး အုပ် ချုပ်ရေးမှူး နှင့် ပိုက်ဆံရှိ လောင်းကစားသမားများ ပူးပေါင်းဖွင့်ထားသည့် အာဝါဒေးပွဲကဲ့သို့သော လောင်းကစား ဝိုင်းများ ရှိလာပြီးနောက် ခိုးမှု၊ လုယက်မှု၊ ဓားပြမှုများလည်း မကြာခဏ ဖြစ်ပွားနေသည်ဟု ဒေသခံများက ဆိုသည်။

Most read this week

January 17, 2025
ရှမ်းပြည်မြောက်ပိုင်းတွင် ပြေးဆွဲနေသည့် ကားသမားများကို ဒေသတွင်းအုပ်ချုပ်နေသည့် တိုင်းရင်းသား...
January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...