အင်္ဂလန်နိုင်ငံတွင် သွားရောက်ပညာသင်ယူမည့် မော်လမြိုင်မြို့မှ မစုစန္ဒီမျိုးလွင်နှင့် တွေ့ဆုံခြင်း

အင်္ဂလန်နိုင်ငံတွင် သွားရောက်ပညာသင်ယူမည့် မော်လမြိုင်မြို့မှ မစုစန္ဒီမျိုးလွင်နှင့် တွေ့ဆုံခြင်း
by -
သံလွင်တိုင်းမ်
“တခြား Scholarship program တွေကိုု ၃ခါ လျှောက်ပြီး အရွေးချယ်မခံခဲ့ရပေမယ့် ပညာဆက် သင်ချင်စိတ်ကတော့ ပျောက်မသွားဘဲ ထပ်ခါတလဲလဲ ကြိုးစားခဲ့ပါတယ်။ အဓိကကတော့ ဆုံုးဖြတ် ချက်ချထားပြီးရင် သေချာပြင်ဆင်ဖုုိ့၊ စိတ်ဓါတ်မကျဖုုိ့နဲ့ ဇွဲကောင်းဖုုိ့ အရေးကြီးပါတယ်”

မေး ။ ။ ဘာကြောင့် ရှီးဗနင်းစကောလားရှစ် လျှောက်ဖြစ်တာလဲ။

ဖြေ ။ ။ ၂၀၀၉ ခုုနှစ်မှာ ကွန်ပြူတာသိပ္ဗံဘာသာရပ်နဲ့ဘွဲ့ရခဲ့ပါတယ်။ ဖွ့ံဖြိုးရေးလုုပ်ငန်းတွေကိုု ပိုုပြီး ဝါသနာပါတဲ့အတွက် စေတနာဝန်ထမ်းအဖြစ်စလုုပ်ခဲ့ရာကနေ၂၀၁၀ ခုုနှစ်ကစပြီး နိုုင်ငံတကာအဖွဲ့ အစည်းတွေမှာ လူငယ်ဖွံ့ဖြိုးရေး၊ ကျား၊မ တန်းတူညီမျှရေးနဲ့ ကောင်းမွန်သောအုုပ်ချုပ်မှုစနစ် ဆိုုင်ရာ စီမံကိန်းတွေကုုိလုုပ်ခဲ့ပါတယ်။ နောက်ဆုံုးအနေနဲ့ Oxfam in Myanmar အဖွဲ့မှာ Programme Manager အနေနဲ့ တာဝန်ယူခဲ့ပါတယ်။ အခုုချိန်မှာ လုုပ်ငန်းအတွေ့အကြံုက ရနှစ်လောက်ရှိလာပြီ ဆိုုတော့ လုုပ်ငန်းအတွေ့အကြံုနဲ့ ဆက်စပ်တဲ့ ဘာသာရပ်တစ်ခုုကိုု လေ့လာချင်ပါတယ်။ အဲ့ဒီဘာသာ ရပ်နဲ့ ဘွဲ့တစ်ခုု ထပ်ယူဖုုိ့ ဆုံုးဖြတ်ခဲ့ပါတယ်။ ကျွန်မက Governance and Development ဘာသာ ရပ်ကိုု စိတ်ဝင်စားပါတယ်။ ခုုနကပြောသလိုု အတွေ့အကြံုတွေနဲ့လဲ ဆက်စပ်နေတယ်။ အဲ့ဒီအချိန်မှာ Chevening Scholarship ကလဲ application စဖွင့်နေပြီ။ Chevening Scholarship က မြန်မာနိုုင်ငံ က ကျောင်းသားတွေကိုုလဲ ပေးတယ်။ ကိုုယ်တက်ချင်တဲ့ ဘာသာရပ်ကိုုလဲ ပေးတယ်ဆိုုတာတွေ့ပြီး Chevening Scholarship ကိုုလျှောက်ဖြစ်တာပါ။

မေး ။ ။ လျှောက်ထားခဲ့စဉ်ရော ဘာသာရပ်ရွေးချယ်မှုမှာ ဘယ်အထိရည်မှန်းခဲ့လဲ။

ဖြေ ။ ။ ဘာသာရပ်နဲ့ စပြီးရွေးခဲ့တဲ့အတွက် တက္ကသိုုလ်ရွေးတဲ့အခါ ဆုံုးဖြတ်ရခက်ပါတယ်။ ဘာသာရပ် ချင်းတူပေမယ့် တက္ကသိုုလ် တစ်ခုုနဲ့ တစ်ခုုက Course Syllabus ချင်းမတူပါဘူး။ မဖြစ်မနေယူရမယ့် ဘာသာရပ်နဲ့ ရွေးချယ်ခွင့်ရှိတဲ့ ဘာသာရပ်တွေကိုု သေချာကြည့်ရပါတယ်။ Chevening Scholarship က တက္ကသိုုလ် ၃ခုုရွေးရပါတယ်။ တက္ကသိုုလ် ၂ ခုုမှာတော့ Governance and Development ဆိုုပြီး ခေါင်းစဉ်သီးသန့်နဲ့ ဘာသာရပ်ရှိပေမယ့် နောက်တစ်ခုုကတော့ International Development (Governance and State Building) ဆိုုတဲ့ ဘာသာရပ်ခေါင်းစဉ်ကိုုရွေးခဲ့ပါတယ်။ ဘာသာရပ်ရွေး ချယ်တဲ့အခါ စိတ်ဝင်စားမှုတစ်ခုုတည်း မဟုုတ်ဘဲ ကျွန်မရဲ့ လုုပ်ငန်းအတွေ့အကြံုနဲ့ ကျောင်းတက်ပြီး ပြန်လာရင် ကိုုယ့်ရဲ့ ရည်မှန်းချက်အစီအစဉ်တွေ အတွက်ပါ ထည့်သွင်းစဉ်းစားပြီး ရေရှည်ကိုုက်ညီ မယ့် ဘာသာရပ်ကိုုရွေးချယ်တာပါ။

မေး ။ ။ ကျောင်းရွေးချယ်တဲ့အခါမှာ ဘယ်လုုိစဉ်းစားပြီးရွေးချယ်ဖြစ်လဲ။

ဖြေ ။ ။ အဓိကအနေနဲ့ ကိုုယ်တက်ချင်တဲ့ ဘာသာရပ်ရှိသလား၊ ဒီဘာသာရပ်နဲ့ ပတ်သက်ပြီး ဒီတက္ကသိုုလ်ရဲ့ ကျော်ကြားမှုတွေကိုုလည်း ထည့်သွင်းစဉ်းစားပါတယ်။ UK ကျောင်းတွေက World Ranking တွေ ဘယ်လောက်ပဲ ဖြစ်ဖြစ် သက်ဆိုုင်ရာ ဘာသာရပ်တွေနဲ့ပတ်သက်ပြီး အရမ်းကောင်း တယ်ဆိုုပြီး ကျော်ကြားတာတွေ ရှိပါတယ်။ အခုု ကျွန်မသွားတက်မယ့် ကျောင်းဆိုုရင် တက္ကသိုုလ် တစ်ခုုလုံုးအနေနဲ့ World Ranking က ၂၀ ကျော်ပေမယ့် Governance and Development ဘာသာ ရပ်အနေနဲ့ဆိုု Ranking က ပထမဆိုုတဲ့ အနေအထားမှာ ရှိပါတယ်။

မေး။ ။ လျှောက်ထားမှုဖြစ်စဉ်အတိုင်းအတာနဲ့ အခက်အခဲက ဘာတွေတွေ့ကြံုရလဲ။

ဖြေ။ ။ အခက်အခဲအနေနဲ့ကတော့ အချိန်ပါပဲ။ အလုုပ်တစ်ဖက်နဲ့ ပြင်ဆင်ရတာ ဖြစ်တဲ့အတွက် နေ့တိုုင်းနီးပါး တစ်နေ့ အချိန်နည်းနည်းစီပေးပြီး အင်္ဂလိပ်စာအတွက် ပြင်ဆင်ရတယ်။ application form ဖြည့်ရတယ်။ သူတုုိ့မေးထားတဲ့ မေးခွန်းတွေနဲ့ကိုုက်ညီအောင် စာစီစာကုံုးရေးရပါတယ်။ ငယ်ငယ်ကတည်းက အက်ဆေးနဲ့ စာစီစာကုံုးမှာ စိတ်ဝင်စားမှုအားနည်းခဲ့တော့ လျှောက်လွှာအတွက် ရေးရတဲ့ အက်ဆေးက အခက်ခဲဆုံုးပါပဲ။ ဒါပေမယ့်လဲ အချိန်ပေးပြီးရေးပါတယ်။ Application စဖွင့်တဲ့ အချိန်ကတည်းက စပြီး ပြင်ဆင်ပါတယ်။

တစ်ချို့ကျတော့လဲ reference အချိန်မီမရတာရှိပေမယ့် ကျမကိုုရေးပေးတဲ့ referee တွေက အချိန်လဲ မီအောင် သေချာလေးရေးပေးခဲ့တဲ့အတွက် အဲ့ဒီအပိုုင်း မှာတော့ အခက်အခဲမရှိခဲ့ပါဘူး။ Chevening Scholarship က တက္ကသိုုလ်ကိုု သီးသန့်ပြန်လျှောက်ရ ပါတယ်။ ရွေးချယ်တဲ့နေရာမှာလဲ အဆင့်တွေ များပါတယ်။ Scholarship အတွက် ရွေးချယ်ခံရပြီလိုု့ သိရတဲ့အချိန်မှာ Conditional offer ပဲဖြစ်နေသေးတဲ့အတွက် ရာနှုန်းပြည့်တော့ ဝမ်းမသာနိုုင်သေး ပါဘူး။ ဘယ်လိုု Condition တွေလဲဆိုုတော့ တက္ကသိုုလ်ကနေ ကိုုယ့်ကိုု လက်ခံကြောင်းစာ ရယ်၊ IELTS test result ရယ်၊ ပညာသင်ယူနိုုင်စွမ်းရှိဖုုိ့ လုံုလောက်တဲ့ကျန်းမာရေး (စိတ်ကျန်းမာရေးအပါ အဝင်) ရှိမရှိကိုု ဆရာဝန်တစ်ယောက်က စစ်ဆေးထားတဲ့ ထောက်ခံချက်ရယ်လိုုပါတယ်။ အဲ့တာတွေ အကုုန်ရရှိပြီး Final Award Letter ရပြီးမှ တကယ်ဝမ်းသာနိုုင်တာမျိုးပါ။

မေး ။ ။ စကောလားရှစ်ရတော့ စိတ်ထဲဘယ်လိုဖြစ်မိလဲ။

ဖြေ ။ ။ Interview ဖြေပြီးတဲ့အထိ ရမယ်လိုု့ မမျှော်လင့်ထားခဲ့ပါဘူး။ မရတာလဲဖြစ်နိုုင်တဲ့အတွက် စိတ်ကိုုပြင်ဆင်ထားပါတယ်။ သတင်းကတော့ စောင့်နေတာပေါ့၊ ရွေးချယ်ခံရပြီလိုု့ စာရရချင်း တကယ် ကိုု မယုံုနိုုင်ခဲ့ဘူး… အရမ်းလဲ ပျော်တယ်။ Email ကိုုပဲ အခါခါ ဖတ်မိတယ် သေချာရဲ့လား တကယ်မှ ဟုုတ်ရဲ့လား ဆိုုပြီးတော့။ ခံစားချက်ကတော့ အိမ်မက် မက်နေသလိုုပါပဲ။ အင်္ဂလန်မှာသွားပြီး ပညာ သင်ကြားရမယ်ဆိုုတာ အရင်တုုန်းက တစ်ခါမှ မစဉ်းစားဖူးခဲ့ပါဘူး။

မေး။ ။ ရှီးဗနင်းစကောလားရှစ်ရဲ့ ထူးခြားချက်က ဘာဖြစ်မလဲ။

ဖြေ။ ။ မြန်မာနိုုင်ငံကကျောင်းသားတွေအတွက် UK မှာကျောင်းတက်ဖုုိ့ Scholarship အစီအစဉ်တွေ အများကြီးမရှိပါဘူး။ အဲ့လိုုရှားရှားပါးပါးထဲကမှ Chevening Scholarship Programme ကတစ်ခုု အပါအဝင်ဖြစ်ပါတယ်။ Full Scholarship ဖြစ်တဲ့အတွက် Course Fees၊ Tuition Fees တွေအပြင် UK မှာ နေထိုုင်စားရိတ်တွေကိုုလဲ ပေးပါတယ်။ တချို့ scholarship programme တွေဆိုုရင် သူတုုိ့ ပေးမယ့် ဘာသာရပ်တွေကိုု ကန့်သတ်ထားတာရှိပါတယ် ဥပမာ Business တိုု့ Computer Science တိုု့ မပေးဘူးဆိုုတာတွေရှိတယ်။ Chevening Scholarship ကတော့ အဲ့လိုုတွေ ကန့်သတ်ထားတာ နည်းပါတယ်။ MBA လုုိဘာသာရပ်မျိုးလဲလျှောက်လိုု့ရပါတယ်။

မေး။ ။ စကောလားရှစ်ရပြီးနောက်ပိုင်း ပြင်ဆင်မှုက ဘာတွေဖြစ်မလဲ။

ဖြေ။ ။ Final Award Letter ရပြီဆိုုရင်တော့ Visa လျှောက်ဖုုိ့နဲ့ UK ကိုုသွားဖုုိ့ ပြင်ဆင်ရပြီပေါ့။ ဟိုု ရောက်ရင်ဘယ်မှာနေမယ် ဆိုုတာကအစ ဘာတွေ သယ်သွားမလဲ၊ ကိုုယ်နေမယ့်မြို့ရဲ့ ရာသီဥတုု စသဖြင့် လေ့လာထား၊ ပြင်ဆင်ထားရပါတယ်။ Internet ကနေလဲ ရှာရတာရှိသလိုု ကိုုယ့်ရှေ့ကသွား တဲ့သူတွေဆီကနေလဲ မေးမြန်းထားရပါတယ်။ ကျွန်မ တက်မယ့် ဘာသာရပ်ကတော့ အတန်းစမဖွင့် ခင် ကြိုဖတ်ထားရမယ့် စာတွေလဲ ပိုု့ထားပြီးပြီဆိုုတော့ အဲ့တာတွေလဲ စဖတ်နေရပါပြီ။

မေး ။ ။ စကောလားရှစ်လျှောက်မယ့် သူတွေအတွက် ဘာတွေပြင်ဆင်ဖို့လိုမလဲ။

ဖြေ။ ။ Chevening Sholarship မှ မဟုုတ်ပါဘူး၊ ဘယ်Scholarship ပဲလျှောက်လျှောက် Post-graduate level လျှောက်မယ်ဆိုုရင် ကိုုယ် ဘွဲ့ရခဲ့တဲ့ တက္ကသိုုလ်ကနေ ဘွဲ့လက်မှတ်၊ အမှတ်စာရင်း (တက္ကသိုုလ်တက်ခဲ့တဲ့နှစ်တွေအားလုံုးအတွက်)၊ Grading report စတာတွေ ကြိုရထားဖုုိ့ုုလိုုပါတယ်။ မြန်မာလိုုဖြစ်နေခဲ့ရင် ဘာသာပြန်ထားဖုုိ့ လိုုပါတယ် authorized notary services တွေဆီမှာ ဘာသာ ပြန်ရမှာပါ။ အဲ့တာတွေက ထပ်ခါ ထပ်ခါ ပြန်သုံုးလုု့ိရပါတယ်။ လျှောက်မယ့် Scholarship သေချာပြီ ဆိုုရင် ထောက်ခံပေးမယ့်သူ Referee ၂ ဦးလိုုပါတယ်။ ဘယ်သူတွေဆီကနေ Reference ယူရမလဲ ဆိုုတာကတော့ Scholarship တစ်ခုုနဲ့တစ်ခုု ကွာခြားပါတယ်။ ဒါကြောင့် Guideline တွေသေချာဖတ်ဖုုိ့ လိုုအပ်ပါတယ်။ English Language Skill ကလဲ အရေးကြီးတဲ့ အစိတ်အပိုုင်းတစ်ခုု ဖြစ်တာမိုု့ အင်္ဂလိပ်စာ သေချာလေ့လာထားဖုုိ့လိုုပါတယ်။ Chevening Scholarship က IELTS ဖြေဖုုိ့ မစီစဉ် ပေးတဲ့အတွက် ကိုုယ့်ဘာသာကိုုယ့် လေ့လာထားပြီး ဖြေဖုုိ့လဲ ပြင်ဆင်ထားရပါမယ်။ စကောလားရှစ် လျှောက်တဲ့အခါ ကိုုယ်တက်ချင်တဲ့ ဘာသာရပ်၊ နိုုင်ငံနဲ့ တက္ကသိုုလ်ကိုုအရင်ကြည့်ပြီးမှ ကိုုယ်တက်ချင် တဲ့ဘာသာရပ်နဲ့ သွားချင်တဲ့နိုုင်ငံအတွက်ဘယ်စကောလားရှစ်ကိုုလျှောက်ရင် အဆင်ပြေမလဲဆိုုတာ ရှာရပါတယ်။ http://myanmarstudyabroad.org မှာ စကောလားရှစ်တွေကိုု အချိန်နဲ့တစ်ပြေးညီ တင်ထားပေးပါတယ် အဲ့မှာ ဝင်ကြည့်လိုု့လဲရပါတယ်။ Chevening Scholarship ကိုုစိတ်ဝင်စားတယ် ဆိုုရင်တော့ ၂၀၁၈ အတွက် application တွေကိုု သြဂုုတ်လ ရရက်နေ့ကနေ စပြီးဖွင့်နေပါပြီ။ အသေး စိတ်ကိုုတော့ www.chevening.org မှာ လေ့လာနိုုင်ပါတယ်။

မေး။ ။ တခြားဘာတွေဖြည့်စွက်ပြီး ပြောချင်သေးလဲ။

ဖြေ။ ။ နောက်ထပ်ပြောချင်တာကတော့ Scholarship လျှောက်တယ်ဆိုုကတည်းက ရချင်လိုု့ ပညာ ဆက်သင်ချင်လိုု့ လျှောက်တာပေမယ့် လျှောက်တိုုင်းရမယ်လိုု့ ပြောလိုု့မရပါဘူး။ ကိုုယ့်လိုုပဲ လျှောက် တဲ့သူလဲများတယ် Scholarship programme က နာမည်ကြီးလေ competitive ဖြစ်လေပါပဲ။ တစ်ခါ လျှောက်ပြီးမရလိုု့ဆိုုပြီး စိတ်ဓါတ်မကျပါနဲ့။ ထပ်လျှောက်ပါ။ programme တစ်ခုုတည်းကိုုိပဲ ထပ်ခါ ထပ်ခါ လျှောက်လဲရပါတယ်။ ကျမလဲ တခြား Scholarship programme တွေကိုု ၃ခါ လျှောက်ပြီး အရွေးချယ်မခံခဲ့ရပေမယ့် ပညာဆက်သင်ချင်စိတ်ကတော့ ပျောက်မသွားဘဲ ထပ်ခါတလဲလဲ ကြိုးစားခဲ့ ပါတယ်။ အဓိကကတော့ ဆုံုးဖြတ်ချက်ချထားပြီးရင် သေချာပြင်ဆင်ဖုုိ့၊ စိတ်ဓါတ်မကျဖုုိ့နဲ့ ဇွဲကောင်းဖုုိ့ အရေးကြီးပါတယ်။

April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...
April 8, 2024
နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန်...