ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့ မင်္ဂလာရပ်ကွက်က အုပ်ချုပ်ရေးမှူး ပစ်သတ်ခံလိုက်ရသည်ဟု ရပ်ကွက်နေသူများက ပြောသည်။
စစ်ကောင်စီ သတင်းပေး ဒလန်ဟု ယူဆရသည့် အသက် ၅၀ ကျော်အရွယ် အုပ်ချုပ်ရေးမှူး ဦးသော်တာမှာ သမီး ဖြစ်သူကို ကျောင်းပို့ပြီး ပြန်လာသည့် အချိန်တွင် နန္ဒဝန်ရပ်ကွက် ဦးဘုန်းကြွယ် ဘုရားလမ်းတွင် အမည်မသိ သေ နတ်သမား ၂ ဦးက ဆိုင်ကယ်ဖြင့် လာရောက် ပစ်ခတ်သွားခြင်း ဖြစ်သည်။
“ဒီလူက ဆန္ဒပြ ကာလကတည်းက ဒလန်လုပ်လာတာ။ သူကြောင့် လူငယ်တွေ ထောက်ပို့တွေ အများကြီး ဖမ်းခံ ရတယ်။ CDM တွေလည်း သတင်းပေးတယ်။ သေသွားတာ နားအေးတာပဲ” ဟု ညောင်ရွှေမြို့ခံ တစ်ဦးက ပြော သည်။
အုပ်ချုပ်ရေးမှူး ဦးသော်တာ မှာ ဇူလိုင်လ ၂၁ ရက်နေ့ (ယနေ့) နံနက် ၇ နာရီခွဲ အချိန်တွင် ဦးဘုန်းကြွယ် ဘုရား လမ်းပေါ်တွင် သေနတ်ဖြင့် ၈ ချက် အပစ်ခံလိုက်ရသည့်အတွက် ယင်းနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ခြင်းဖြစ်သည် ။
တရားမျှတမှုအတွက် လုပ်ကြံသတ်ဖြတ်သူများ Assasin For Justice - အဖွဲ့က အုပ်ချုပ်ရေးမှူး ဦးသော်တာကို ၎င်းတို့ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထား သည်။
ညောင်ရွှေမြို့၊ မင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသော်တာသည် ရပ်ကွက်သားများအပေါ် ငွေကြေး အမျိုးမျိုး တောင်းခံနေခြင်းများအပြင် အခြားမြို့ရွာများတွင် အလုပ်သွားရောက် လုပ်ကိုင်နေသူများကို PDF အဖွဲ့နှင့် ပတ် သက်သူများဟု စွပ်စွဲ၍ ငွေကြေးတောင်းခံခြင်းပြုလုပ်နေသူ ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
ထို့ကြောင့် Assasin For Justice - အဖွဲ့က ဦးသော်တာ်အား စစ်ကောင်စီ ထောက်တိုင် မပြုလုပ်ရန် သတိပေးပြော ကြားရာ “မင်းတို့မှာ သေနတ်ရှိတာ မဟုတ်ဘူး။ ငါ့မှာလည်းရှိတယ်။ အချိန်မရွေးလာခဲ့” ဟု ပြောဆိုခဲ့သည့် အပြင် ရန်မူသည့် အပြုအမူများကြောင့် သတိပေးရုံသွားရောက်တွေ့ဆုံခဲ့ရာမှ ပစ်ခတ်လိုက်ရခြင်း ဖြစ်သည်ဟု ဆိုသည်။
အလားတူ ညောင်ရွှေမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးများ အနေဖြင့် လူထုကို ဖိနှိပ်အုပ်ချုပ်နေသည့် စစ်တပ်၏ ထောက်တိုင်များ မလုပ်ကြရန်နှင့် စစ်တပ်ကို ငွေကြေးထောက်ပံ့ပေးနေသည့် လောင်းကစားဝိုင်းများကိုလည်း ၎င်းတို့၏ လုပ်ရပ်များကို ရပ်တန့်ရန် သတိပေးထားသည်။
ညောင်ရွှေမြို့နယ် အင်းလေးအခြေစိုက် မြေအောက်တော်လှန်ရေး အဖွဲ့ဖြစ်သည့် Assain For Justice - အဖွဲ့က တွင် ညောင်ရွှေမြို့တွင်း ပြည်သူများ သတိထားသွားလာကြရန် ဇူလိုင်လ ၁ ရက်နေ့တွင် သတိပေး ထုတ်ပြန်ထား သိရသည်။
ညောင်ရွှေမြို့သည် အာဏာသိမ်းလိုက်သည့် အစောပိုင်းကာလတွင် လူငယ်သပိတ်များ အားကောင်းသည့်မြို့ တစ်မြို့ ဖြစ်ခဲ့သော်လည်း ၂၀၂၁ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ညသပိတ် ဖြိုခွင်းခံရပြီးနောက် တစ် ဦးသေဆုံးကာ ၁၀ ဦး ဒဏ်ရာရခဲ့သည့် အချိန်မှစတင်ပြီး တော်လှန်ရေး လှုပ်ရှားမှုများ ငြိမ်သက်သွားသည့် မြို့ ဖြစ်သည်။
ညောင်ရွှေမြို့နှင့် ၇ မိုင်ခန့်သာ ကွာဝေးသည့် ရွှေညောင်မြို့တွင်လည်း ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့တွင် စစ် ကောင်စီ သတင်းပေး ဒလန်ဟု ယူဆရသည့် ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံခဲ့ရသည်ဟု ဒေသခံများက Network Media Group သတင်းဌာနကို ပြောသည်။