Published
Monday, July 11, 2022
မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ခံ ဒေါင်ပန်ရွာမှာ ရွှေတူးဖော်နေမှုကို ရပ်တန့်ပေးဖို့ တောင်းဆို
- မြစ်ဆုံရေကာတာစီမံကိန်းကြောင့် ပြောင်းရွှေခံရတဲ့ မြစ်ကြီးနားမြို့နယ် ဒေါင်ပန်ရွာမှာ စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်နေတာကို အမြန်ဆုံး ရပ်တန့်ပေးဖို့ ဒေသခံပြည်သူတွေက တောင်းဆိုနေကြပါတယ်။
- စစ်ဘေးရှောင်တွေနဲ့ CDM တွေကို ကူညီထောက်ပံ့နိုင်ဖို့ မြစ်ကြီးနားတက္ကသိုလ်ကျောင်းသားတွေက Click နှိပ်ပြီး အလှူငွေရှာဖွေတဲ့နည်း အပလီကေးရှင်းတစ်ခုကို တီထွင်ထားပြီလို့ သိရပါတယ်။
- ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ကြားကာလ ပညာရေးစီမံကိန်းနဲ့အညီ KG အတန်းကနေ ဆယ်တန်းအထိ စာသင်ကျောင်းတစ်ခုကို မြစ်ကြီးနားမြို့ စီတာပူနှစ်ခြင်းအသင်းတော်မှာ ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။