လက်ရှိနိုင်ငံရေးအခင်းအကျင်းထဲမှာ ရှမ်းနီတိုင်းရင်းသားတွေကို ဥပဒေမဲ့ သတ်ဖြတ်တာ ၊ ဖမ်းဆီးနှိပ်စက်ခံရတာတွေပိုများလာပြီး တစ်မျိုးသားလုံးရဲ့ အန္တရာယ်လို့ ရှမ်းနီအမျိုးသားများ ညီညွတ်ရေးအစည်းအရုံး SNUA က ဆိုပါတယ်။
ဒီလိုအန္တရာယ်ရှိနေတဲ့ အချိန်မှာ စုစည်းညီညွတ်ပြီး ကာကွယ်စောင့်ရှောက်ဖို့ အချိန်ကျရောက်လာပြီလို့ သူတို့အစည်းအရုံးရဲ့ တည်ထောင်ခြင်းတစ်နှစ်ပြည့်တဲ့နေ့မှာ ထုတ်ပြန်လာခဲ့တာလည်းဖြစ်ပါတယ်။
ဇွန်လအတွင်းမှာ ရှမ်းနီစာပေယဉ်ကျေးမှု အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦး ဥပဒေမဲ့ အသတ်ဖြတ်ခံရသလို ၊ လူငယ်ကွန်ရက် ခေါင်းဆောင်တစ်ဦးလည်း ဖမ်းဆီးနှိပ်စက်ခံခဲ့ရတာလည်းဖြစ်ပါတယ်။
ဒီလိုလူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့အပေါ် စဉ်ဆက်မပြတ်မှတ်တမ်းတင်နေပြီး ပြုလုပ်တဲ့အဖွဲ့ အစည်းတွေကိုလည်း တာဝန်ယူမှု တာဝန်ခံမှုရှိစေဖို့အတွက် တရားဥပဒေဆိုင်ရာ နိုင်ငံတကာစည်းမျဉ်းစည်း ကမ်းတွေအရ ကြိုးပမ်းသွားမယ်လို့ဆိုပါတယ်။
SNUA က ရှမ်းနီပြည်နယ် ရရှိရေး ၊ ရှမ်းနီတိုင်းရင်းသားတို့ရဲ့ ပညာရေးနဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတို့ကို ရည်ရွယ်ပြီး ဖွဲ့စည်းထားတယ်လို့ဆိုပါတယ်။
ရှမ်းနီအမျိုးသားများ ညီညွတ်ရေးအစည်းအရုံးမှာ အနယ်နယ်အရပ်ရပ်က ရှမ်းနီလူငယ်တွေပူးပေါင်း ပါဝင်ဖွဲ့စည်းထားကြတာဖြစ်တယ်လို့သိရပါတယ်။