စစ်ကောင်စီ လက်နက်ကြီးကြောင့် ကလေးငယ် ခြေထောက်ပြတ်

စစ်ကောင်စီ လက်နက်ကြီးကြောင့် ကလေးငယ် ခြေထောက်ပြတ်

ချင်းပြည်နယ် မင်းတပ်မြို့ အနီးရှိ မဒပ်ကျေးရွာသို့ စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသည့် အတွက် အသက် ၁၁ အရွယ် ကလေးငယ်တစ်ဦးနှင့် အသက်၄၀ အရွယ် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မင်းတပ် CDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကလေးငယ်မှာ ခြေထောက်ပြတ်သွားခဲ့သည်။

မေလ ၂၃ ရက်နေ့ က  မင်းတပ်မြို့တွင် ရှိနေသည့် စစ်ကောင်စီတပ်မှ မင်းတပ်မြို့နှင့် နီးကပ်စွာ တည် ရှိနေသည့် မဒပ်ကျေးရွာအတွင်းသို့ လက်နက်ကြီး ပစ်ခတ်လိုက်သည့်အတွက် ကလေးငယ်တစ်ဦး အပါအဝင် ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည် ဟု မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြော သည်။

ဆလိုင်းဟာအွမ်က “၂၃ ရက်နေ့ကျတော့ ဒီဖြစ်ရပ်နဲ့ တိုက်ဆိုင်တယ်လို့ထင်တယ်။ သူတို့ဖက်က ကျဆုံးလို့လား မသိဘူး သူတို့ဖက်က မဒပ်ဆိုတဲ့ ရွာပေါ့နော။ ကျနော်တို့က တိုက်နယ် တစ် နှစ် သုံး လေး နဲ့ သွားတာပေါ့နော။ တိုက်နယ် အမှတ် ၄ ဆိုတာ မင်းတပ်မြို့နဲ့ အရမ်း နီးစပ်တဲ့ တိုက်နယ်ပေါ့နော်။ မျက်နှာချင်း ဆိုင်မှာရှိတဲ့ မဒပ် ဆိုတဲ့ ရွာကို မနက် ၈ နာရီ ၁၅ မိနစ်လောက်မှာ သူက လက်နက်ကြီးနဲ့ ပစ်တာပေါ့။ လက်နက်ကြီးနဲ့ ပစ်တော့ ၁၁ နှစ်အရွယ် ကလေးလေးက ခြေထောက်တစ်ဖက်ပြတ်တယ်။ အသက် ၄၀ ကျော် အမျိုးသမီး တစ်ယောက် ခေါင်းမှာ ဒဏ်ရာရတာပေါ့” ဟု ပြောသည်။

မေလ ၂၂ ရက်နေ့က မင်းတပ်မြို့ရှိ စစ်ကောင်စီ တပ်စခန်း တစ်ခုကို မင်းတပ် CDF က သွားရောက်တိုက်ခိုက်ခဲ့ ရာ စစ်ကောင်စီတပ်ဖက်က ၂ ဦး ကျဆုံးခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် နောက်တစ်နေ့ မေလ ၂၃ ရက်နေ့တွင် မင်းတပ် CDF တပ်ဖွဲ့ဝင်များ မဒပ်ကျေးရွာ အတွင်းတွင် ရှိနေသည် အထင်ဖြင့် စစ်ကောင်စီတပ်က ကျေးရွာထဲသို့ လက်နက်ကြီး ပစ်ခတ်ခဲ့သည်ဟု ဆလိုင်း ဟာအွမ် က ဆက်ပြောသည်။

၎င်းက “ဆိုတော့ ဒီလိုဖြစ်ရပ်မျိုးက အခုမှ မဟုတ်ပါဘူး။ သူတို့က လက်နက်ကြီးနဲ့ ကျနော်တို့ကိုလေ ကျနော် ပြောချင်တာက တပ်ရင်းတပ်ဖွဲ့ ရှိပါတယ်ဆိုတဲ့ နေရာကို သတင်းရလို့ ပစ်ခတ်တာမျိုး မဟုတ်ပဲနဲ့ ဒီရွာမှာ ပြည် သူတွေ ရှိတယ်ဆိုတာကို သိသိကြီးနဲ့ ရည်ရွယ်ချက်ရှိရှိကို ဒါက အပြစ်မဲ့ ပြည်သူတွေကို ရှင်းရှင်းပြောရရင် တော့ လူမျိုးတုန်း သတ်ဖြတ်တာပေါ့နော်။ ဒီလိုမျိုးကြီးကို ရည်ရွယ်ချက် ရှိရှိကို အပြစ်မဲ့ ပြည်သူတွေကို ပစ် တဲ့ သဘောမျိုး သက်ရောက်ပါတယ်” ဟု ပြောသည်။

ဇန္နဝါရီလ ၁ ရက်နေ့နောက်ပိုင်းမှ စတင်ကာ လက်ရှိအချိန်အထိ စစ်ကောင်စီတပ်က မင်းတပ်မြို့နယ်အတွင်း တွင် တပ်အင်အား တိုးချဲ့မှုများနှင့် စစ်ကြောင်းထိုး တိုက်ခိုက်မှုများ မရှိသော်လည်း တပ်အပြောင်းအလဲ၊ ရိက္ခာ နှင့် လက်နက်ခဲယမ်း သယ်ယူပို့ဆောင်မှုများ ရှိနေသည်ဟု ဆိုသည်။

ဆလိုင်းဟာအွမ်က “၁၄၀ ပေါ့နော မတူပီ ဗျူဟာကို ဆားနဲ့ ရိက္ခာနဲ့ လက်နက်ခဲယမ်း တပ်ပြောင်းနဲ့ ကျည်တစ် ချို့သွားတယ် ထင်ပါတယ်။ စစ်ကြောင်းလိုလို ထိုးစစ်ဆိုတာမျိုးကို ကျနော်တို့ဆီမှာ ဇန္နဝါရီလက ပြီးရင်တော့ မရှိသေးဘူးပေါ့နော်။ လောလောဆယ် အချိန်အထိ” ဟု ပြောသည်။

စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်းတွင် တိုင်းဒေသကြီးများ အပါအ ဝင် တိုင်းရင်းသား ပြည်နယ်တော်တော်များများတွင် အာဏာသိမ်းမှုကို မလိုလားသည့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းများနှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်။

ထို့အတူ စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာခဲ့သည့် အမျိုးသားညီညွတ်ရေး အစိုးရ NUG က ဖွဲ့စည်းပေး ထားသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်များမှာလည်း ပြည်နယ်နှင့် တိုင်း ဒေသကြီး အားလုံးနီးပါးတွင် တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ယနေ့ အချိန်အထိဖြစ်သည်။

November 8, 2024
ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် တိုက်ပွဲများအပြင်းအထန်ဖြစ်နေပြီး...
မင်းသန့်စက်သုံးဆီဆိုင်မီးလောင်ကျွမ်းမှုဖြစ်စဉ်    (ဓါတ်ပုံ- ဘိုဘိုဝင်း)
November 8, 2024
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်က ဆီဆိုင်မီးလောင်မှုတွင် ဒဏ်ရာရသူ ၂၂ ဦးရှိခဲ့သည့်အနက် ယနေ့ (...
မင်းတပ်မြို့ရှိလူနေအိမ်ကို အောက်တိုဘာလအတွင်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးစဥ်။  ဓါတ်ပုံ - HKL ။
November 7, 2024
ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းမှ ရက်ဆက်တိုက်ခိုက်နေခြင်းသည် ပြည်သူနှင့်...
November 7, 2024
အာရက္ခတပ်တော် (AA) ၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့်...