အင်အားရာချီပါဝင်သော စစ်ကောင်စီ ရိက္ခာယာဉ်တန် ဆွမ်ပရာဘွမ်မြို့သို့ ရောက်ရှိလာ

အင်အားရာချီပါဝင်သော စစ်ကောင်စီ ရိက္ခာယာဉ်တန် ဆွမ်ပရာဘွမ်မြို့သို့ ရောက်ရှိလာ

မြစ်ကြီးနား မှ ပူတာအိုဘက်သို့ တက်လာသော စစ်ကောင်စီတပ် စစ်ရိက္ခာတင်ယာဉ်တန်းအဖွဲ့သည် လက်ရှိ ဆွမ်ပရာဘွမ့်မြို့တွင် ရောက်ရှိနေပြီး လမ်းခရီးအတွင် ၃ နေရာခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့ကြောင်း သိရသည်။

စစ်အင်အား ၃၀၀ ဝန်းကျင် နှင့် စစ်ရိက္ခာသယ် စစ်ကား ၈၀ စီးခန့်ပါဝင်သော စစ်ကောင်စီ ယာဉ်တန်းသည် မေလ ၁၁ ရက်နေ့ မြစ်ကြီးနားမှ ထွက်လာခဲ့ရာ ဆွမ်ပရာဘွမ့်မြို့သို့ မေလ ၁၈ ရက် ည ၆နာရီဝန်းကျင် ဝင်ရောက်လာခဲ့ကြပြီး လက်ရှိတွင် မြို့ပေါ်ရှိ စာသင်ကျောင်းနှင့် ပြည်သူပိုင်နေရာများတွင် တပ်ချနေထိုင်လျက်ရှိနေကြောင်း ဆွမ်ပရာဘွမ့် ဒေသခံအမျိုးသားတစ်ဦးထံမှ သိရသည်။

“စစ်သားတွေက စာသင်ကျောင်းတွေမှာ ရှိနေတယ်။ သူတို့ရဲ့ စစ်ရိက္ခာတွေ သယ်လာတဲ့ စစ်ကားတွေက ဘောလုံးကွင်းဘက်မှာ ရပ်ထားတယ်။ တစ်ချို့စစ်သားတွေက လမ်းဘေးတွေမှာ စျေးဆိုင်တွေမှာ ရှိနေကြတယ်။ ပူတာအိုဘက်ကိုကတော ဒီည မဟုတ်ရင် နက်ဖြန်လောက်ပြန်တက်ကြမယ်ထင်တယ်။ သူတို့က သွားမယ့်လမ်းကို ဖြေးဖြေးချင်းရှင်းပြီးမှသာ တဆင့်ချင်းစီတက်လာကြတာ ဟုတ်တယ်”ဟုပြောဆိုသည်။

ဆွမ်ပရာဘွမ့်မြို့ပေါ်သို့ ရောက်ရှိနေသော စစ်ကောင်စီတပ်ယာဉ်တန်းသည် ပူတာအိုမြို့နယ်ဘက်သို့ ပြန်လည်ထွက်ခွာရန်အတွက် မြို့ အထက်ဘက် ၁၄ မိုင်ခန့်ဝေးသော အင်ဂေါ်မ ကျေးရွာအထိ လုံခြုံရေးအင်အား ၂၀၀ ခန့် နေရာယူထားကြောင်း သူကဆက်ဆိုထားသည်။

မေလ ၁၈ ရက်နေ့ ၁ နာရီဝန်းကျင်တွင် ဆွမ်ပရာဘွမ့်မြို့ မရောက်မှီ မိုင်ထောင်းကျေးရွာနှင့် ၁၂ မိုင်ခန့်အကွာတွင်ရှိသော ဆိုယန်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်၏ လုံခြုံရေးနေရာထားသည့် အဖွဲ့နှင့် KIA အဖွဲ့တို့ အချိန်တို တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

မေလ ၁၇ ရက်နေ့တွင်လည်း ဆွမ်ပရာဘွမ့်မြို့နယ် ခဂရန်း ကျေးရွာမှ ပြန်လည်ထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်းကို မိုင်ထောင်းကျေးရွာအနီးတွင် KIA အဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ၁နာရီခန့်အကြာ တိုက်ပွဲဖြစ်ခဲ့ခြင်းလည်းဖြစ်သည်။

ဆွမ့်ပရာဘွမ့်မြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းကို ရှေ့တန်းတွင် လုံခြုံရေးယူပေးသော စစ်ကောင်စီတပ်ဖွဲ့ကို ခဂရန်းအနီးရှိ နမ့်ခမ်ခ၊ မိုင်ထောင်းနှင့် ကဝါးပန့် စသော ၃နေရာခန့်တွင် KIA က ကြားဖြတ်တိုက်ခိုက်ခဲ့သောကြောင့်မေလ ၁၅ရက်နေ့မှ ယနေ့ ၁၉ရက်နေ့အထိ ၃ ကြိမ်ထက်မနည်း ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများပြောဆိုချက်မှ သိရသည်။

အဆိုပါ တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ထိခိုက် ကျဆုံးပျက်စီးမှုများ ရှိသည်ဟု ဒေသခံများပြောဆိုသော်လည်း အသေးစိတ်ကို KNG သတင်းဌာနမှ စုံစမ်းနေဆဲဖြစ်သည်။

လက်ရှိ ကချင်လွတ်လပ်ရေးအဖွဲ့ KIA နှင့် တိုက်ပွဲဖြစ်ပွားနေသောအဖွဲ့မှာ ယာဉ်တန်းကို လုံခြုံရေး ယူပေးနေသော ရှေ့ပြေးအဖွဲ့ဖြစ်ပြီး ယာဉ်တန်းမှာ တိုက်ခိုက်ခံရခြင်း မရှိသေးကြောင်း သိရသည်။

Most read this week

ကံပိုင်တည်- ဆဒုံးကားလမ်းပိုင်းမြင်ကွင်း
November 14, 2024
ကချင်ပြည်နယ် မြစ်ကြီးနား- ကံပိုင်တည်ကားလမ်းပိုင်း နိုဝင်ဘာလ ၆ ရက်နေ့စပြီး စစ်ကောင်စီတပ်က...
ပုံ- ကြွက်ဘေးသင့်သွားတဲ့ အင်ပါဘာဒေသ တောင်ယာစပါးခင်းများ
November 14, 2024
ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ အင်ဘာပါဒေသထဲက ရွာပေါင်း ၁၀ ဝန်းကျင်က...
November 12, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီဆာကျေးရွာ မြေစာပုံပြိုကျမှုမှာ...
ဖမ်းဆီးခံထားရတဲ့ လွတ်တော်ကိုယ်စားလှယ် ဦးဝင်းလှိုင်
November 11, 2024
ရှမ်းမြောက်၊ နမ္မတူမြို့နယ် တအာင်းတပ်မတော် TNLA ဖမ်းဆီးထားတဲ့ NLD ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်...