မွန်ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်နှင့် တွေ့ဆုံခြင်း

မွန်ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်နှင့် တွေ့ဆုံခြင်း
by -
နောင်ခန့်/သံလွင်တိုင်းမ်
မွန်ပြည်နယ်အစိုးရအဖွဲ့တွင် ပြင်ပခန့်အပ်သည့် စည်ပင်သာယာရေးနဲ့ ဆောက်လုပ်ရေးဝန်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့ ဦးမင်းကျော်လွင်သည် BE မြို့ပြအင်ဂျင်နီယာဘွဲ့ကို ရန်ကုန်စက်မှုတက္ကသိုလ်မှ ရရှိခဲ့သူဖြစ်ပြီး အာဆီယံလုပ်ပိုင်ခွင့်ရ မြို့ပြပရော်ဖက်ရှင်နယ် အင်ဂျင်နီယာတစ်ဦးလည်း ဖြစ်သည်။

မေး ။ ။ ဝန်ကြီးအနေနဲ့လက်ရှိမွန်ပြည်နယ်စည်ပင်ဌာနရဲ့ ဆောင်ရွက်မှုအတိုင်းအတာအပေါ် ဘယ်လောက်ထိစွမ်းဆောင်မှု ရှိနေပြီးထင်လဲ ။
ဖြေ ။ ။ တိုးတက်မှုကတော့ အမှိုက်သိမ်းတဲ့တိုးတက်မှု ကတော့တော်တော်လေးတက်လာတဲ့ သဘောရှိတယ်။ မိုးတွင်းကာလဆိုတော့ အတတ်နိုင်ဆုံးရှင်းလင်းရေးပဲ လုပ်နိုင်သေးတာ တည်ဆောက်ရေးအပိုင်းကတော့ မစနိုင်သေးဘူး ။

မေး ။ ။ အသစ်ထပ်မံထွက်ရှိလာတဲ့ စည်ပင်ဥပဒေအသစ်အပေါ် ဝန်ကြီးအနေနဲ့ဘယ်လိုသုံးသပ် ချင်လဲ ။
ဖြေ ။ ။ ကိုယ်တိုင်ပါဝင်ဆွေးနွေးခဲ့ပြီး လူတွေကိုအကျိုးပြုမယ့် ဥပဒေတွေကို တော်တော်လေး ထည့်ဆွဲ ထားတယ်။ စိန်ခေါ်မှုတွေတော့ရှိတယ်။ လမ်းပေါ်အမိုးအဖီချတာတို့ ပလက်ဖောင်းပေါ်ကျူးတဲ့ ကိစ္စ တွေကိုအရေးယူတဲ့အခါမှာ တစ်ခါမှအတွေ့အကြံုမရှိတဲ့လူတွေအနေနဲ့ကတော့ စိန်ခေါ်မှုအများကြီး ရှိတာပေါ့။

မေး ။ ။ စည်ပင်ဥပဒေရဲ့ နည်းဥပဒေထွက်လာဖို့အတွက်ရော ဘယ်လိုဆောင်ရွက်နေပြီးလဲ။
ဖြေ ။ ။ နည်းဥပဒေကတော့ အခုမှစဆွဲဖို့အတွက် ဌာနတွေကိုစုစည်းနေတုန်းပါ။

မေး ။ ။ ပြည်သူတွေဝေဖန်မှုရှိနေတဲ့စည်ပင်ဌာနအပေ ါ် ပြည်သူတွေရဲ့ ယုံကြည်မှုပြန်လည်ရရှိအောင် ဘယ်လိုဆောင်ရွက်သွားမလဲ။
ဖြေ ။ ။ ဒါကြောင့်မို့ နည်းဥပဒေကိုအမြန်ဆွဲနေတာ ဒီနည်းဥပဒေနဲ့သွားမှပဲ ပြည်သူတွေရဲ့ ယုံကြည်မှုရ မှာ။ အခုကစည်ပင်ဌာနမှာ လွတ်နေတာတွေ ယိုပေါက်တွေက များနေတော့ နည်းဥပဒေနဲ့ပိတ်မှရ မယ်။ အရင်ကတော့ ပြည်သူတွေကို တိုက်ရိုက်အကျိုးပြုမှုအားနည်းခဲ့တယ်။ အခုက အားလုံးညီဖို့ အတွက် ဝန်ထမ်းတွေဟာလည်း စည်းကမ်းကျလာမယ် ပြည်သူတွေရဲ့ ယုံကြည်မှုကိုနည်းဥပဒေနဲ့ပဲ ပြန်ရနိုင်မှာ။

မေး ။ ။ စည်ပင်ဌာနရဲ့ လုပ်ငန်းစဉ်တွေကို ချမှတ်တဲ့အခါ ဝန်ကြီးတစ်ဦးတည်းကပဲ ဆုံးဖြတ်တာလား ဒါမှမဟုတ် အစိုးရတစ်ဖွဲ့လုံးက စုပေါင်းချမှတ်တာလား ဝန်ကြီး။
ဖြေ ။ ။ အရမ်းအရေးကြီးတဲ့ကိစ္စတွေဆိုရင် အစိုးရအဖွဲ့ကစုပေါင်းဆုံးဖြတ်တာပါ။ ဦးရဲ့လုပ်ပိုင်ခွင့် ဥပဒေအတွင်းမှာဆိုရင်လည်း ဦးကိုယ်တိုင်လုပ်သွားတယ် ။

မေး ။ ။ စည်ပင်ဌာနရဲ့ ရန်ပုံငွေပွင့်လင်းမြင်သာမှုအတွက် ဝန်ကြီးသက်တမ်းမှာ ဘယ်လိုဆောင်ရွက် သွားဖို့ အစီအစဉ်ရှိမလဲ ဆရာ။
ဖြေ ။ ။ စည်ပင်ကတော့ ဟိုတုန်းက ၃၀ ရာခိုင်နှုန်းလို့ရေးထားပေမယ့် အခုက ဖွံ့ဖြိုးဖို့အတွက် လိုအပ် ရင် ရသုံးမှန်းချေက သတ်မှတ်ထားတဲ့အဖွဲ့အနေနဲ့ ထပ်တိုးပေးတဲ့ရံပုံငွေတွေ ရှိတယ်။ အဲဒါကိုလည်း ဦးတို့က တစ်ခုချင်းအလိုက် ပြည်သူတွေကိုပွင့်လင်းမြင်သာအောင် ချပြသွားမှာပါ။ စီမံကိ်န်းခေါ်တဲ့ အပေါ် သုံးစွဲမှုအပေါ် ချပြသွားမှာပါ။ ပွင့်လင်းမြင်သာမှုရှိတယ်ဆိုတာ လုပ်ရည်ကိုင်ရည် အရည် အသွေးနဲ့ပဲ ပြသွားဖို့ရှိတယ်။ ငွေဘယ်လောက်သုံးလဲ ဘယ်လောက်ကျန်လဲဆိုတာ သိရမယ်။ ပွင့် လင်းမြင်သာမှုဆိုတာ လမ်းဘယ်လောက်ကောင်းလာတယ် ဘယ်လောက်ခံမလဲဆိုတာ ပြည်သူ တွေသိရမယ်။ ဝန်ထမ်းတွေရဲ့လုပ်ကိုင်မှုအပေါ် ဘာကြောင့်ဒီလိုဖြစ်တယ်ဆိုတာ ပြည်သူတွေ သိလာ အောင် ရှင်းပြသွားဖို့အထိ အစီအစဉ်ရှိတယ်။

မေး ။ ။ ဝန်ကြီးအနေနဲ့ အခြားဖြည့်စွက်ပြောချင်တာများရှိမလား။
ဖြေ ။ ။ စည်ပင်ကတော့ တော်တော်လေးအလုပ်လုပ်ရမှာဆိုတော့ ဘတ်ဂျက်နဲ့ရတဲ့ ရန်ပုံငွေကို များများရအောင်လုပ်သွားဖို့ရှိတယ်။ ရမှသာလျှင်သာယာလှပရေး ကျေးလက်ဖွံ့ဖြိုးရေးကို လုပ်သွား နိုင်မယ်။ ဒါကြောင့် မော်လမြိုင်တစ်ခုတည်းကို ဖိတောင်းနေလို့မရဘူး။ ဆယ်မြို့နယ်အချိုးညီညီ တောင်းရမယ်။ စည်ပင်ကိုအဓိကထားပြီး ဆောက်လုပ်ရေးနဲ့တွဲလုပ်သွားမယ်။ ပြည်သူနဲ့ပဲ တွဲလုပ် သွားမယ် ။

မေး ။ ။ ခုလိုအချိန်ပေးပြီး ဖြေကြားတဲ့အတွက် ကျေးဇူးတင်ပါတယ်ဆရာ။

April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...
April 8, 2024
နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန်...