မတ္တရာတွင် PDF များက နေအိမ်များကို မီးရှို့ဟု သတင်းမှားဖြန့်ဝေ

မတ္တရာတွင် PDF များက နေအိမ်များကို မီးရှို့ဟု သတင်းမှားဖြန့်ဝေ

မန္တလေးတိုင်း မတ္တရာမြို့နယ် ကင်းရွာထဲက လူနေအိမ် ၅ လုံးကို PDF တွေက မီးရှို့ဖျက်ဆီးသွားခဲ့ပြီး မီးရှို့ခံ ထား ရတဲ့ အိမ်တစ်လုံထဲမှာ အလောင်း ၂ လောင်းတွေ့ ရှိခဲ့တယ်ဆိုတဲ့ သတင်းတစ်ခုကို နှင်းဖြူဆိုသူ Facebook အ ကောင့်ပိုင်ရှင်က ဧပြီလ ၁၂ ရက်နေ့ ည ၈ နာရီ ဝန်းကျင်က တင်ထားတာကို တွေ့ရပါတယ်။

နှင်းဖြူဆိုသူက နေအိမ်တွေ မီးရှို့ခံထားရတဲ့ ဓာတ်ပုံတစ်ပုံကို အသုံးပြုပြီးတော့ “PDF အကြမ်းဖက်လူသတ် မီး ရှို့သွားသော ကင်းရွာရှိ နေအိမ်ထဲမှ အလောင်း ၂ လောင်း ထပ်တွေ့၊ သတ်ဖြတ် မီးရှို့ခံရသူ ၄ ဦးအထိရှိလာ” ဆို တဲ့ ခေါင်းစဉ်နဲ့ ရေးသားထားတာကို တွေ့ရပါတယ်။

“မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တောင်ကန်အုပ်စု၊ ကင်းရွာအနီး PDF အကြမ်းဖက်အဖွဲ့များသည် ဧပြီ ၈ ရက် နေ့ည ၁၁ နာရီခွဲခန့်က ရွာရှိ နေအိမ် (၅) လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ၎င်းတို့ မီးရှို့ဖျက်ဆီးသွားသော နေအိမ် တစ် လုံး အတွင်းမှ စုစုပေါင်း အလောင်း ၄ လောင်း တွေ့ရှိထားကြောင်း ဒေသခံကပြောသည်။ crd သူရိယ” (မူရင်း အရေးအသားအတိုင်း) ဆိုပြီး နှင်းဖြူဆိုသူက ရေးသားထားပါတယ်။

အဆိုပါ ရေးသားမှုဟာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ဧပြီလ ၈ ရက်နေ့က ကင်းရွာမှာ နေအိမ် ၅ လုံး  မီးရှို့ခံထားရတာမှန်ပေမယ့် အဲဒီအိမ်တွေ ကို မီးရှို့သူတွေဟာ PDF တပ်ဖွဲ့တွေ မဟုတ်ပဲ စစ်ကောင်စီတပ်က လုပ်ဆောင်ခဲ့တာလို့ ဒေသခံတွေက ပြောဆို ထားလို့ပဲ ဖြစ်ပါတယ်။

ကင်းရွာမှာ နေအိမ်တွေ မီးရှို့ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး Myanmar Now သတင်းဌာနက ဒေသခံတွေ ကို မေးမြန်းပြီး ရေးသားထားတဲ့ သတင်းထဲမှာဆိုရင်လည်း အခု ဖြစ်စဉ်ဟာ PDF တွေ လုပ်တာမဟုတ်ပဲ စစ် ကောင်စီ တပ်က ရွာထဲကို ဝင်လာချိန်မှာ ဒေသခံ အယောက် ၂၀ ခန့် ဖမ်းဆီးခံရပြီး အခု သေသွားတဲ့ လူ ၂ ယောက်လည်း ဖမ်းဆီးခံထားရတဲ့ အထဲမှာ ပါဝင်နေတယ်ဆိုပြီး ဒေသခံတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး သတင်းရေးသားထားတာကို တွေ့ရပါတယ်။

Myanmar Now သတင်းဌာနက ရေးသားထားတဲ့ သတင်းကို ဒီမှာ https://bit.ly/3jEsKgQ ဝင်ကြည့်လို့ရ ပါ တယ်။

ဒါအပြင် နှင်းဖြူဆိုသူရဲ ရေးသားချက်ဟာ မြေပြင်မှာ တကယ် ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက် အကြောင်းအရာ အမှန်ကို အမှန်အတိုင်း ရေးသား ထားတာ မဟုတ်ပဲ၊ အချက်အလက်အမှားတွေကို အခြေခံပြီး လိမ်ညာ ဝါဒဖြန့် ရေးသားထားတာကို တွေ့ရပါတယ်။

ဒါကြောင့် အချက်အလက်တွေကို စစ်ဆေးလိုက်တဲ့အခါမှာ နှင်းဖြူဆိုသူရဲ့ ရေးသားမှုတွေဟာ PDF တပ်ဖွဲ့တွေ ကို အပုပ်ချချင်တဲ့စိတ်၊ ပြည်သူတွေက PDF တပ်ဖွဲ့တွေကို အထင်အမြင်မှားအောင်၊ မြေပြင်မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်ကို အခြေမခံပဲ ရေးသားထားတဲ့ သတင်းအမှားဆိုတာကို စိစစ်တွေ့ရှိရပါတယ်။

အခုအချိန်မှာဆိုရင် သတင်းအမှား ဖြန့်ဝေသူတွေဟာ စာဖတ်သူတွေရဲ့ အတွေးအခေါ် အမြင်ဝေဝါးသွားအောင် ပြုလုပ်လျက်ရှိပြီး အထူးသဖြင့်  PDF ၊ CRPH ၊ NUG အဖွဲ့တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနှင့် သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုက်ပွဲသတင်းတွေ၊ တိုင်းရင်းသား ခေါင်း ဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေအပြင် လူမျိုးတစ်မျိုးနဲ့ တစ်မျိုး အဖွဲ့အစည်း တစ်ခုနဲ့တစ်ခု ပဋိပက္ခ အသွင်ဆောင်စေမယ့် အမုန်းစကား သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ရေးတင်နေတာကို တွေ့ရပါတယ်။

သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံ ရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာကိုလည်း တွေ့ရပါတယ်။

ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံအမျိုး မျိုးနဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ်ပြီး/ ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာ နတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေ ဖို့လိုပါတယ်။

 

Most read this week

December 17, 2024
ကရင်နီပြည်တွင် စစ်ကောင်စီတပ်၏ အဆိပ်ငွေ့ဗုံးများကြောင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော် KNDF...
December 11, 2024
ကချင်ပြည်နယ်၊ ဗန်းမော် မံစီ တိုက်ပွဲတွေမှာ KIA/PDF ပူးပေါင်းတပ်တွေက လူအင်အားလိုနေတာကြောင့်...
December 3, 2024
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးသွားသည့် သျှမ်းပြည်မြောက်ပိုင်းက...
November 25, 2024
တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသော သျှမ်းပြည်...