မြစ်ကြီးနား ဧရာရုပ်ရှင်ရုံပြန်ဖွင့်သော်လည်း ကြည့်ရှုသူ နည်းပါး

မြစ်ကြီးနား ဧရာရုပ်ရှင်ရုံပြန်ဖွင့်သော်လည်း ကြည့်ရှုသူ နည်းပါး

စစ်အာဏာသိမ်းကာလ မြစ်ကြီးနားမြို့ရှိ ဧရာရုပ်ရှင်ရုံကို ယမန်နေ့ ဧပြီ ၁၇ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သော်လည်း လာရောက်ကြည့်ရှူသူ နည်းပါးနေကြောင်း သိရသည်။

ကိုဗစ်ကပ်ရောဂါကြောင့် ၂ နှစ်ကျော်ကြာပိတ်ထားသည့် ဧရာရုပ်ရှင်ရုံကို စစ်ကောင်စီမှ ဧပြီလ ၁၇ ရက်နေ့တွင် စတင်ဖွင့်လှစ်ခွင့်ပေးခဲ့သည်။

"မနေ့ကစဖွင့်လိုက်တယ် ရုပ်ရှင်ရုံက ကျနော့အိမ်ကနေ လှမ်းမြင်နေရတော့ လာကြည့်တဲ့သူများတယ်။ နည်းတယ်ဆိုတာ မြင်နေရတယ်။ ဒီနှစ်ရက်မှာတော့မရှိဘူး နည်းတယ်။ ရုံရှေ့မှာ ဆိုင်ကယ် ၄စီး၊ ၅ စီး လောက်ပဲ ရပ်ထားတယ်ဗျ။ လာတဲ့သူက မရှိသလောက်ကိုနည်းတယ်"ဟုရုပ်ရှင်ရုံအနီးနေထိုင်သည့် အမည်မဖော်လိုသော အမျိုးသားတစ်ဦး ပြောသည်။

ဧရာရုပ်ရှင်ရုံတွင် မြန်မာရုပ်ရှင်ကားများပြသည့် ရုံ (၁)နှင့် နိုင်ငံခြားရုပ်ရှင်ကားများပြသည့် ရုံ (၂)ဟူ၍ ရှိပြီး လတ်တလော နှစ်ရုံစလုံးဖွင့်လှစ်ပြသပေးလျက်ရှိသော်လည်း ကိုဗစ်ရောဂါနှင့် နိုင်ငံရေးမတည်ငြိမ်သည့် အခြေအနေများကြောင့် မကြည့်ဖြစ်သေးကြောင်း မြစ်ကြီးနားမြို့  လူငယ်တစ်ဦးက ပြောသည်။

"ကျနော်ကိုယ်တိုင်တော့ သွားမကြည့်ဖြစ်သေးဘူးဗျ ဘာလို့ဆိုအခြေအနေကလည်း မတည်ငြိမ်သေးဘူးလေ နည်းနည်းဆို ဟိုနားထကွဲ ဒီနားထကွဲဖြစ်နေတာ ပြီးတော့ကိုဗစ်ရောဂါကြီးရလည်းမပျောက်သေးတော့ ကြည့်ဖို့ စိတ်ကူးမရှိသေးဘူး"ဟု ယင်းလူငယ်ကပြောသည်။

ဧရာရုပ်ရှင်ရုံရှိ ရုံ (၁) လူပေါင်း ၄၀၀ အထိဝင်ရောက်ကြည့်ရှူနိုင်ပြီး ယခင် အစိုးရလက်ထက်ကာလများတွင် လာရောက်ကြည့်ရှူသူများပြီး လက်မှတ်များရောင်းမလောက်ဖြစ်သောကြောင့် ရုပ်ရှင်လက်မှတ်ကို ၃ရက်ခန့်အလိုတွင် ကြိုတင်ဝယ်ထားရသည်အထိလာရောက်ကြည့်ရှူသူများခဲ့သည်။

ဧရာရုပ်ရှင်ရုံပြန်လည်ဖွင့်လှစ်ရသည့်အခြေအနေနဲ့ပတ်သက်၍ ဧရာရုံ ရှင်ရုံ ရုံးဖုန်းအားဆက်သွယ်မေးမြန်းရာ ဖုန်းလက်ကိုင်ဖြေကြားပေးခြင်းမရှိခဲ့ပေ။

မြစ်ကြီးနား ဧရာရုပ်ရှင်ရုံအပါအဝင် မြန်မာပြည်တစ်ဝှမ်းရှိ ရုပ်ရှင်ရုံအများအပြားကို ကိုဗစ်ရောဂါကြောင့် ၂၀၂၀ ခုနှစ် မတ်လတွင် ရပ်နားထားခဲ့သော်လည်း ဧပြီလ ၁၇ ရက်နေ့ ပြန်လည်ဖွင့်လှစ်ခဲ့ကြသည်။

Most read this week

နန့်ပေါင်လေတပ်စခန်းရဲ့တစ်ဖက်ကမ်းရှိ စန်းကားရွာ ( Google Map)
November 18, 2024
ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာရှိ အရပ်သားနေအိမ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့...
ကံပိုင်တည်- ဆဒုံးကားလမ်းပိုင်းမြင်ကွင်း
November 14, 2024
ကချင်ပြည်နယ် မြစ်ကြီးနား- ကံပိုင်တည်ကားလမ်းပိုင်း နိုဝင်ဘာလ ၆ ရက်နေ့စပြီး စစ်ကောင်စီတပ်က...
ပုံ- ကြွက်ဘေးသင့်သွားတဲ့ အင်ပါဘာဒေသ တောင်ယာစပါးခင်းများ
November 14, 2024
ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ အင်ဘာပါဒေသထဲက ရွာပေါင်း ၁၀ ဝန်းကျင်က...
November 12, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီဆာကျေးရွာ မြေစာပုံပြိုကျမှုမှာ...