Published
Saturday, April 09, 2022
ပူတာအိုမြို့နယ်အတွင်း KIA ရှိရာဘက်ကို စစ်ကောင်စီတပ်က အင်အားဆက်တိုက်ဖြည့်တင်း
- အာဏာသိမ်းစစ်ကောင်စီအောက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်လာတဲ့သူတွေကို NUG ပညာရေးဌာန၊ ကချင်ဒေသ တက္ကသိုလ်အစီအစဉ်က အသိအမှတ်ပြု လက်ခံမှာမဟုတ်ဘူးလို့ ကချင်ဒေသ တက္ကသိုလ်နဲ့ကောလိပ်ကျောင်းတွေက စုပေါင်းထုတ်ပြန်ထားပါတယ်။
- ပူတာအိုမြို့နယ် တန်ဂျာကျေးရွာအနီးမှာရှိတဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ရှိရာဘက်ကို စစ်ကောင်စီတပ်က အင်အားဆက်တိုက်ဖြည့်တင်းနေတယ်လို့ သိရပါတယ်။
- ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ဇော်ဘုန်းနမ်တောင့်ကျေးရွာမှာ ခရစ်ယာန်သာသနာဝင်ရောက်မှု အနှစ် ၁၀၀ ပြည့် အထိမ်းအမှတ်ပွဲကြီးကို အရင်ကမပြုလုပ်ဖူးတဲ့ မနောပွဲနဲ့ပြုလုပ်နေပါတယ်။