Published
Friday, April 08, 2022
၁၀ လကျော်ကြာ ဖမ်းဆီးခံထားရတဲ့ ပလက်ဝမြို့ပေါ်က ချင်းလူငယ် ၄ ဦးကို ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချမှတ်
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်-မတူပီလမ်းမှာ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်အကျအဆုံးများတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ရဲ့ မတရားဖမ်းဆီးမှုခံခဲ့ရတဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ပေါ်က ချင်းလူငယ် ၄ ဦးကို ပလက်ဝမြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချမှတ်လိုက်ပါတယ်။
ချင်းပြည်နယ် မတူပီမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ အင်အားဖြည့်တင်းတာကြောင့် ကျေးရွာနေပြည်သူတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။