တမူး PDF တွေ ဆက်ကြေးကောက်တယ်လို့ သတင်းမှား ဖြန့်ဝေ

တမူး PDF တွေ ဆက်ကြေးကောက်တယ်လို့ သတင်းမှား ဖြန့်ဝေ

တမူး NUG၊  PDF တပ်ဖွဲ့တွေက လမ်းသွားလမ်းလာ ပြည်သူတွေဆီက ဆက်ကြေးကောက်နေတယ်ဆိုပြီး နှင်းဖြူ ဆိုတဲ့ Facebook အကောင့်ပိုင်ရှင်က ဧပြီလ ၁ ရက်နေ့က တင်ထားတာကို တွေ့ရပါတယ်။

နှင်းဖြူဆိုသူက ဓာတ်ပုံ ၃ ပုံကို အသုံးပြုပြီး “နောက်ဆုံးတော့ သူခိုးဒမြပါပဲ.....လမ်းသွားလမ်းလာ အများပြည် သူများကို ဆက်ကြေးကောက်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးထားတာကို တွေ့ရပါတယ်။

နှင်းဖြူ ဆိုတဲ့ Facebook အကောင့်ပိုင်ရှင်ရဲ့ ရေးသားမှုထဲမှာဆိုရင် “တမူးလက်နတ်ကိုင် NUG PDF အကြမ်း ဖက် အဖွဲ့မှ တမူး ဒေသအတွင်းရှိ လမ်းသွားလမ်းလာ အများပြည်သူများ၏ကား ၊ဆိုင်ကယ်များ၊ ရပ်တန့်ခိုင်းပြီး ကား တစ်စီးလျှင် ၃၀၀၀၀ ဆိုင်ကယ် တစ်စီးလျှင် ၂၀၀၀၀ စားစရာ များနှင့် ဆေးဝါးများ ပါရှိပါက ၃ ပုံ တပုံခန့်ပေးခဲ့ ရတယ်လို့ တမူး ဒေသခံတစ်ဦးမှ သတင်းပေးပို့လာပါတယ်။” (မူရင်းအရေးအသားအတိုင်း) ဆိုပြီး တွေ့ရပါတယ်။

အဆိုပါ ရေးသားမှုဟာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ နှင်းဖြူဆိုသူက P.D.F တမူး၊ တပ်ရင်း-၂ က တင်ထားတဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင် နေတဲ့ ရုပ်သံဖိုင်ကို ဓာတ်ပုံ screenshot ရယူပြီး ရုပ်သံက ပေးချင်တဲ့ သတင်းအချက်အလက် အကြောင်းအရာ ကို အခြေမခံပဲ လိုသလို လိမ်ညာ ဝါဒဖြန့် ရေးသားထားလို့ပဲဖြစ်ပါတယ်။

P.D.F တမူး၊တပ်ရင်း-၂ က တင်ထားတဲ့ ရုပ်သံကို ဒီမှာ https://bit.ly/38riiHq ဝင်ကြည့်လို့ရပါတယ်။

P.D.F တမူး၊တပ်ရင်း-၂ က “ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (တမူးမြို့) တပ်ရင်း-၁ နှင့် တပ်ရင်း-၂ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ တမူး-အောင်ဇေယျကားလမ်းပိုင်းတွင် သွားလာနေသည့် ယာဥ်မျိုးစုံအား စစ်ဆေးခြင်းနှင့် နယ်မြေ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပါသည်” ဆိုပြီး ရုပ်သံနဲ့ အတူ အဲလိုရေးတင်ထားတာပါ။

ဒါ့အပြင် တမူး PDF အဖွဲ့ရဲ့ နယ်မြေရှင်းလင်းရေး အခြေအနေနဲ့ ပတ်သက်ပြီး Mizzima သတင်းဌာနက တမူး PDF တပ်ရင်း (၁) တာဝန်ရှိသူ တစ်ဦးကို မေးမြန်းပြီး ထုတ်လွှင့်ထားတဲ့ သတင်းကိုလည်း ဒီမှာ https://bit.ly/3uPimbn တွေ့နိုင်ပါတယ်။

ဒါကြောင့် အချက်အလက် အားလုံးကို ခြုံကြည့်လိုက်တဲ့ အခါမှာ နှင်းဖြူဆိုသူက တမူး PDF ၊တပ်ရင်း-၂ က တင် ထားတဲ့ ရုပ်သံကို ဓာတ်ပုံ screenshot ယူပြီး ရုပ်သံက ပြောချင်တဲ့ သတင်းအချက်အလက်နဲ့ ကိုက်ညီမှု မရှိတဲ့ အကြောင်းအရာ တစ်ခုကို ဖန်တီးပြီး လိမ်ညာ ရေးသားထားတဲ့ သတင်းအမှားတစ်ခုဖြစ်တယ်ဆိုတာ ကို စိစစ် တွေ့ရှိရပါတယ်။

နှင်းဖြူဆိုသူ ရေးတင်ထားတဲ့ သတင်းပို့စ်ကို စစ်တပ်ထောက်ခံသူတွေရဲ့ Facebook Group တွေမှာ ထပ်ဆင့် ဝေ မျှထားတာကို တွေ့ရသလို တစ်ဦးတစ်ယောက် ချင်းအနေနဲ့ လည်း ဝေမျှထားတာကိုလည်း တွေ့ရပါတယ်။

ဒါ့အပြင် တမူး PDF ၊တပ်ရင်း-၂ က တင်ထားတဲ့ ရုပ်သံကို စစ်တပ်ထောက်ခံသူတွေနဲ့ အမျိုးသားအရေး လှုပ်ရှား သူတွေက ယူပြီး ရုပ်သံတင်စဉ်က မူလအသုံးပြုထားတဲ့ စာသားအတိုင်းမဟုတ်ပဲ မှန်ကန်မှု မရှိတဲ့ အကြောင်း အရာတစ်ခုကို ဖန်တီးရေးသားပြီး ရုပ်သံကို ပြန်ပြီးတင်ထားတာကိုလည်း တွေ့ရပါတယ်။

လက်ရှိမှာ သတင်းအမှား ဖြန့်ဝေသူတွေ အနေနဲ့ PDF နဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အ စည်းတွေကို ပြည်သူတွေ အထင်အမြင်မှားအောင်၊ မထောက်ပံ့ မကူညီအောင်၊ အားမပေးအောင်၊ ကြောက်လန့် အောင် မဟုတ်မမှန် သတင်းစကားတွေကို  ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့် ထုတ်လွှင့် ဖြန့်ဝေနေတာကို တွေ့ရှိရပါ တယ်။

လက်ရှိကာလမှာ သတင်းအမှားဖြန့်ဝေသူတွေဟာ သတင်းတု/ သတင်းမှားတွေကို သူတို့ကြိုက်သလို ဖန်တီး ရေး သားပြီးတော့ လူမှုကွန်ရက် အစုံကို‌ အသုံးပြုကာ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံရဲ့ မှန်ကန်တဲ့ အချက်အလက် မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာကိုလည်း တွေ့ရပါတယ်။

ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံအမျိုးမျိုးနဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ်ပြီး/ ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်း ဌာနတွေနဲ့ သေချာတိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေ ဖို့လိုပါတယ်။

December 17, 2024
ကရင်နီပြည်တွင် စစ်ကောင်စီတပ်၏ အဆိပ်ငွေ့ဗုံးများကြောင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော် KNDF...
December 11, 2024
ကချင်ပြည်နယ်၊ ဗန်းမော် မံစီ တိုက်ပွဲတွေမှာ KIA/PDF ပူးပေါင်းတပ်တွေက လူအင်အားလိုနေတာကြောင့်...
December 3, 2024
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးသွားသည့် သျှမ်းပြည်မြောက်ပိုင်းက...
November 25, 2024
တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသော သျှမ်းပြည်...