စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်တွင် ဖုန်းအင်တာနက်လိုင်းဖြတ်တောက်ခံရပြီးနောက် ခင်ဦးမြို့နယ်အတွင်းမှ ကျေးရွာနေပြည်သူများ၏နေအိမ် တစ်ရာနီးပါးမီးရိူ့ဖျက်ဆီးခံခဲ့ရသည့်အပြင် အပြစ်မဲ့ပြည်သူသုံးဦးနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ဆယ့်ငါးဦးလည်းကျဆုံးခဲ့ကြောင်းသိရသည်။
ခင်ဦးမြို့နယ်တစ်မြို့နယ်တစ်ခုလုံးတွင် စစ်ကောင်စီတပ်မှ မတ်လ ၅ ရက်နေ့မှ စတင်ကာ ဖုန်းအင်တာနက်လိုင်းများဖြတ်တောက်ခဲ့ပြီးနောက် ထိုးစစ်ဆင်မှုနှင့် အကြမ်းဖက်လုပ်ရပ်များပိုမိုလုပ်ဆောင်လာခဲ့ပြီး မတ်လ ၅ ရက်နေ့မှ ၁၃ ရက်နေ့အထိ ၈ ရက်နေ့အတွင်း ကျေးရွာများမှ လူနေအိမ်အလုံး ၁၀၀နီးပါးမီးရိူ့ဖျက်ဆီးခံလိုက်ရသည့်အပြင် အပြစ်မဲ့ပြည်သူသုံးဦးသတ်ခံရပြီး pdfရဲဘော်မျာလည်း ဆယ့်သုံးဦးအထိ ကျဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ သိရသည်။
“မတ်လ ၅ ရက်နေ့ကနေ ၁၃ ရက်နေ့အတွင်းမှာလူနေအိမ် ၁၀၀ နီးပါမီးရှို့တယ် ပြီးတော့ အချို့နေအိမ် တွေဝင်မွှေနှောက်တာ ဖျက်ဆီးခံရတာတွေလည်းရှိခဲ့ပါတယ်။ ဒီကြားထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ဖြစ်ခဲ့တဲ့တိုက်ပွဲဆိုရင် မတ်လ ၈ ရက်နေ့က သိမ်တော်ကျေးရွာတိုက်ပွဲမှာ ကျနော်တို့ဘက်က ရဲဘော် ဆယ့်သုံးယော်ကျဆုံးတယ် ပြီးတော့ အသက် သုံးဆယ်ကျော်ပြည်သူတစ်ဦး ၅၀ ကျော်နှင့် ၃၀ ကျော်နှစ်ဦးကိုလည်း စစ်ကောင်စီကသတ်ဖြတ်ခဲ့ပါတယ်”ဟုခင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
အဆိုပါ မီးရှို့ဖျက်ဆီးခံလိုက်ရသည့် လူနေအိမ် တစ်ရာခန့်မှာ ဒါန်းကုန်းကျေးရွာမှ ၄၃ လုံး၊ မှန်တော ကျေးရွာမှ ၃၈ လုံး၊ ကျွန်းလယ်ကျေးရွာမှ ၂လုံးနှင့် ယာစောင့်တဲငါးလုံး၊သက်ပေးကျေးရွာမှ ၁၃ လုံးစု စုပေါင်း လူနေအိမ် ၉၆ လုံးအထိမီးရိူ့ဖျက်ဆီးခံခဲ့ရပြီး တိုက်ပွဲများအတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ဆယ့်သုံးဦးကျဆုံးခဲ့သည့်အပြင် အပြစ်မဲ့ပြည်သူ ၃ ဦးလည်းသတ်ဖြတ်ခဲ့ရကြောင်းသိရသည်။
ထို့ပြင် သိမ်တော်ကျေးရွာတိုက်ပွဲအတွင်းကျဆုံးခဲ့သည့် ရဲဘော် ၁၅ ဦးတွင် အသက် ၂၀ ကျော်အရွယ်အများဆုံး ပါဝင်ပြီး ဆယ်ကျော်သက်အရွယ် သုံးဦး အသက် ၅၀ ကျော်အရွယ် နှစ်ဦးလည်းပါဝင်ခဲ့ကြောင်းသိရသည်။
လတ်တလောတွင် ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်လုပ်ရှားနေသည့် တပ်ဖွဲ့မှာ ခလရ-၇၇ တပ်ဖြစ်ပြီး ၎င်းတို့၏စစ်ရေးလုပ်ရှားမှုကြောင့် ကျေးရွာပေါင်း ၂၀၀ ကျော်မှ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည့် တိုက်ပွဲ ရှောင် ပြည်သူထောင်ချီရှိနေပြီး ၎င်းတို့အတွက် ဆေးဝါးနှင့် စားသောက်ဖွယ်များလိုအပ်နေပြီး နေရာထိုင်ခင်း အခက်အခဲပြသာနာနဲ့လည်း ကြုံတွေ့နေရကြောင်းသိရသည်။
"အဓိကတော့ စစ်ဘေးရှောင်၊မီးဘေးရှောက်တွေအတွက် အစားအသောက်တွေလိုအပ်တယ်။ နေအိမ်တွေက မီးရှို့ခံရတော့အသုံးအဆောင်တွေကအစ ဘာမှမရှိကြတော့ဘူး" လို့ ဒေသခံနှင့် နီးစပ်သူများကပြောသည်။