အိမ်အပြန်

အိမ်အပြန်

အိမ်ပြန်လမ်းသည် ရင်ခုန်ခြင်းထက် ရင်တုန်ခြင်းကာ ပို၏ ဖယ်ခုံ ရောက်သည်နှင့် တစ်ပြိုင်နက် စိုးရိမ်းခြင်း အမှတ်မှာ လွိုင်ကော်သို့ ပြန်နေကြ သူတိုင်း ရှိလိမ့်မည် ။ အနည်းနဲ့ အများသာ ကွာနိုင်သည် ။

အချိန်မရွေး စစ်ပွဲများ ဖြစ်နိုင်၏ အချိန်းမရွေး အကြောင်းမျိုးမျိုးဖြင့် ဖမ်းစီး ခေါ် ဆောင်ခံရနိုင်၏ တစ်ဂိတ်ကိုဖြတ်လျှင် စာမေးပွဲ ခန်း တစ်ခုကို ဝင်ရသကဲ့သို့ပင် ။ အဖြေမှားမှာ စိုးရ၏။

ဤသို့ဖြင့် မြို့ အတွင်း ရောက်သော် စိတ် နှလုံးမအေး နိုင်သေးပါ ။ တိတ်ဆိတ်ခြောက်ကပ်သော လမ်းများထက် မြို့ခံ များ ကို ဟိုတစ်စ ဒီတစ်စ ကျိုးတိုကျဲတဲ မြင်ရ၏။

မိမိရပ်ကွက် နှင့် မိမိအိမ်ကို ရောက်ချင်ဇော များလာမိသည် ။ ကြားရသည့် သတင်းများ အရ အိမ်များ အဖောက်ခံ ရသည် ။ အမွှေခံရသည် ။ သို့သော် မိမိ တို့ရပ်ကွက်သည် အခြားရပ်ကွက်နှင့် ဆိုင်လျှင် မဆိုးဟုလည်း သိရှိထားသည် ။မည်သို့ပင်ဆိုစေကာမှု အိမ်၏ခြေနေကိုမှု သိချင်လှ၏။

သည်လိုနှင့် ယခင်က လူအသွားလာများခဲ့သော မိမိတို့ ရပ်ကွက်လမ်းလေးမှာ တိတ်ဆိတ်လျှက် ။ လမ်းတစ်လျှောက်ကို ငေးလျှင် သော့ခေတ် ထားသော တံခါးများ ။ ပိတ်ထားသော ဆိုင်များ ကသာ ဆီးကြိုနေ၏။

လမ်းပေါ်မှာ ခွေးများ ကို ကျန်းကျန်းမာမာတွေ့ရတော့ မဆိုးဘူး အစာတွေ ကွေျး ကြစောင့်ရှောက် ကြပေသည် ဟု ကျိတ်၍ ကျေနပ်မိ၏။

အိမ်သို့ ရောက်ပြီ။ အိမ်သည် ဘာမျှ မပြောင်းလဲ ဖုန်မှုန့် များသာ အရင်က ထူလာသည် ထင်ရ၏ အမေစိုက်ခဲ့သည် ပန်းပင်များ ညိုးရော်နေသည် ။ စားပင်များ ခြောက်ကပ်နေ၏ တစ်ချက် သတိရမိသွားသည် ။

မိမိတို့ အိမ်တွင် ချန်ရစ်ခဲ့မိသော တစ်ခုတည်းသော သက်ရှိ ။ အပြေးသွားကြည့်မိသည် ။ ငါးဆို တော့ အုတ်ကန်ထဲ ရုတ်တရက်မတွေ့ ရေအောက်သွင်း ပုန်းနေသာဖြစ်မည်။

အိမ်ခန်းထဲ တွင် အရာရာအရင်တိုင်းမို့ သက်ပြင်းချ နိုင်လိုက်သည် ။ ကြွက်ချီးများတော့ နေရာအနှံတွေ့ရပြီး ပင့်ကူအိမ်အချို့ ငြိမ်းချမ်းစွာ တည်ဖွဲ့နေ၏။

ငါးစာ ထုတ် လေးမြင်မှ အုတ်ကန်ထဲက ငါး ကိုပြန်သတိရ၏ သူခမျာ ငါးစာ မစားရ ကန်ထဲက အကောင့်ပလောင်များဖြင့် အသက်ဆက်ရမည်မှာ ပင်ပန်းရှာပေလိမ့်မယ် ကွေျးဦးမှဟု သတိချပ်ကာ ငါးရှိရာသို့ လာခဲ့သည် ။

ငါးသည်သေနေပါသည် ။ အုတ်ကန်ပေါ် သွပ်ပြား အုပ်ထားသဖြင့် ခုဏက ရုတ်တရက်မမြင်ခဲ့ ခြင်းသာ ဖြစ်လိမ့်မည် ။ ရင်ထဲတော့ တစ်မျိုးတစ်မည်ခံစားရ၏

တစ်နှစ်ကျော် မှန်ကန်ထဲ ပြုစုစောင့်ရှောက်ခဲ့သော ငါးလေးသည် သေသွားလေ၏ သို့သော််မတတ်နိုင်ပါ ။ အခြားသူများ၏ ဆုံးရှုံးမှုကို ကိုယ်ချင်းစာ ဆင်ခြင်မိ ၏ မိသားစုများဆုံးရှုံး သူများ ၊ အိုးအိမ် ပျက်စီးသူများ နှင့်ယှဥ်လျှင် မိမိအဖြစ်မှာ မပြောပလောက် ။

ဘေးအိမ်မှ ကား သံကြား၍ထွက်ကြည့်မိသည် အထုပ်ပိုးများဖြင့် တွေ့သောကြောင့် အိမ်ပြန် လာနေပုံ ရသည် ။ ၄င်းတို့်မှာ မိမိကို မတွေ့ ။ မိမိကသာ ၄င်းတို့ကိုရော ၄င်းတို့၏ဇော ကိုပါ မြင်နေရ၏ ဘာတစ်ခုမှ မဆုံးရှုံးပါစေနှင့်ဟုသာ ဆုတောင်းမိ တော့သည် ။

ဒီလိုနှင့် မိတ်ဟောင်းဆွေဟောင်း များနှင့် တွေ့ရန် အလို့ငှာ လက်ဖက်ရည်ဆိုင် သို့ ချိန်းလိုက်ကြသည် ။ ဆိုင်ရှင်ကြီးအား ရောင်းရလားမေ တော့ ခပ်ယဲ့ယဲ့လေး “ဒီလိုပါပဲ “ဟုသာဖြေ၏။

မိမိထက် လွိုင်ကော်သို့ အရင်ရောက်နှင့်သူများမှ လည်း ၄င်းတို့၏ အတွေ့ကြုံများကို “မီး ကပုံမှန်မလာဘူး ။ လွိုင်ကော်မှာနေမယ်ဆိုရင်တော့ လက်နက်ကြီးသံကို ရင်ခုန်နေလို့ မရတော့ဘူးဟ။ လွိုင်ကော်သားမှန်ရင် သေနတ်သံတွေ နဲ့ နားယဥ်နေရမှာပဲ မကြားရတဲ့နေ့ မရှိသလောက်ပဲကိုကွ ” ဟု အရွှင်ဖောက်ပြောသည် ။ သို့သော် မျက်နှာမှာရွှင်ပြ လှသည်တော့မဟုတ်။

မိုင်းလုံးအခြေနေ များကို စိတ်ဝင်စားသဖြင့် ထပ်မေးရာ “မိုင်းလုံးက အိမ်တိုင်း နီးပါး အဖောက်ခံရတယ်ဟ၊ ကိုယ့်အိမ်ကို ပြန်ကြည့်ရင်တောင် ထောက်ခံစာနဲ့မှ ။ နေလို့ရပြီလို့လည်း ကြားတယ် ။ ” ဟု ပြောသည်။

စစ်ရှောင်အတွေ့ ကြုံများမှာလည်း လွယ်လှသည်တော့မဟုတ်။

“အိမ်ငှားခက အနည်းဆုံး ၅သောင်း ၊ မိသားစုလိုက်ကြီးကြ စစ်ရှောင်စခန်းလိုမျိုးတွေလည်းနေလို့ အဆင်မပြေပါဘူးကွာ ။ ဘာလုပ်စားရမှန်းလည်းမသိ ။ ပြန်နေ ရမှာပဲ ထပ်ပစ်ကြမှ ထပ်ပြေးကြတာပေါ့” ဟုသူက ဆက်ပြီး ပြောလာပါခဲ့ပါသည်။

ထို့နောက် မိမိတို့ စားပွဲတွေမှာ နောက်ထပ်မပါနိုင်တော့မည့် မိတ်ဆွေ အချို့အကြောင်း နှမျောတသသ ပြောမိသည် ။ အခြားမြို့တွေကို အားကျ ကြောင်း ပွင့်အံ့ထွက်လာကြ၏။

လျှပ်စစ်မြို့တော်ဟု တင်စားရသော လွိုင်ကော်တွင်ည မီးများလင်း၏ သို့သော်အခိုက်တန့်မျှသာ ။ ဖယောင်းတိုင် မရှိ သော လွိုင်ကော်ညသည် မိမိ၏ အနာဂါတ်နှင့် တူလှ၏ အရာရာမှောင်မိုက်လျှက် ရှိပါသည်။ မကြာခင် သေနတ်သံများ လက်နက်ကြီးသံများ ကြားရမလား ဟူ၍ နားစွင့်ရင်း ညနက်တစ်ထက် နက်ခဲ့သည် ။

ပစ်လား မပစ်လား မိမိမသိတော့ အိပ်ပျော်သွားခဲ့သည် ။ မနက်နိုးတော့ ပတ်ဝန်းကျင် မိတ်ဆွေများမှလည်း အခုတ်တရ ပစ်သည်မပစ်သည်ကို မပြောကြ ။မိမိလည်း မမေးဖြစ် ။ မိုးရာသီ မိုးရွာသာ မဆန်းသကဲ့သို့ ။ လွိုင်ကော်အနီး ပစ်ကြခတ်ကြခြင်းမှာ မဆန်း သောကြောင့်ဖြစ်လိမ့်မည် ။

မနက်ခင်း စျေး မှာ လူများ စည်ကားလှ၏ စျေးသည်များ ကို ရောင်းရမလားမေးကြည့်ရာ ။

“မရောင်းရပါဘူးဟာ ၅၀၀၀ ဖိုးလောက်ရောင်းရရင်တောင် ဝမ်းသာနေရ “ဟု ငြီးကြသည် ။ ဝယ်သူများဖက်ကို မေးတော့

” စျေးတွေ တတ်လာ တယ်ကော ။ အလုပ်အကိုင် အဆင်မပြေတာလည်း ကြာပြီဆိုတော့ များကြီးလည်းဝယ်နိုင်ဘူးလေ ” ဟုဖြေ၏။

ထိုထက်ပိုမေးချင်သော်လည်း ။ အားလုံးမှာ တံခါးပိတ်ခါနီး ပန်းခြံတစ်ခုက လူတွေလိုပဲ ရေးကြီးသုတ်ပြာ ရှိလှ၏ မမေး ဖြစ်ပေမယ့် ။ သူတို့ရဲ့ စိုးရိမ်းမှုကို မူ ကြားနေရ၏။

ကလေးငယ်များဆော့ကစားနေကြသည်ကို မတွေ့ မိ ။ နောင်ယားကန်မှာ စုံတွဲများ ဂီတာတီးခတ်နေသော လူငယ်များ ငါးမျှားနေကြသော လူရွယ်များ ကိုမမြင်ရ ။ သစ်သီးဆိုင် အချို့နှင့်ဆိုင်ငယ်လေးများသာ တွေ့ရ၏ ဝယ်သူကိုမူ မမြင်မိခဲ့ပါ။

အိမ်အပြန်ဟာ ယခင်ကလိုနွေးထွေး မနေတော့ပါ ။ တိတ်ဆိတ်ခြောက်ကပ်လျှက် ။ လွိုင်ကော်မြို့လေးဟာ လွိုင်ကော်နှင့်ပင်မတူ နေပါ ။ မည်သို့ပင်ဆိုစေကာမှု ဘာအကြောင်းပြချက်ဖြစ်ဖြစ် အချိန်တန်ရင်တော့ အိမ်ပြန်လာကြရမှာပဲ မဟုတ်လား ။ အိမ်သို့ တဖွဲဖွဲ ပြန်လာနေကြပါပြီ ။

သို့သော် ဘယ်အချိန် ထိ နေကြရမယ် ။ ဘယ်အချိန် ကြပြန်ထွက်ရမည်ကိုတော့ မည်သူမျှ မပြောနိုင် စိုးတထိပ်ထိပ်နှင့် သာ ။

Most read this week

November 25, 2024
စစ်ပွဲကြားမှာ ရှင်သန်နေထိုင်ရုန်းကန်ရင်း နိုင်ငံတကာတက္ကသိုလ်တွေမှာ ပညာသင်ယူနိုင်ဖို့ဆိုတာ...
November 25, 2024
စစ်ပွဲကြားမှာ ရှင်သန်နေထိုင်ရုန်းကန်ရင်း နိုင်ငံတကာတက္ကသိုလ်တွေမှာ ပညာသင်ယူနိုင်ဖို့ဆိုတာ...
November 25, 2024
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းယူပြီးနောက်ပိုင်း ကရင်နီပြည်က တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့...
November 21, 2024
ထိုင်း- ကရင်နီနယ်စပ်ရှိ စစ်ဘေးရှောင်စခန်းတစ်နေရာမှာ ၁၀ နှစ်အောက် ကလေးငယ်တွေ...