ရေဇွာမြို့မှ ပြည်သူအားလုံး စစ်ဘေးတိမ်းရှောင်နေကြရ

ရေဇွာမြို့မှ ပြည်သူအားလုံး စစ်ဘေးတိမ်းရှောင်နေကြရ

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ် ရေဇွာမြို့မှာ စစ်ကောင်စီတပ်နဲ့ ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ အကြားတိုက်ပွဲပြင်းထန်လာမှုနဲ့ စစ်ကောင်စီဘက်က စစ်အင်အားဖြည့်တင်းမှုတွေကြောင့် မြို့ပေါ်မှာရှိ ကြတဲ့ပြည်သူအာလုံးဟာ အိန္ဒိယ-မြန်မာနယ်စပ်နဲ့ မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရ တယ်လို့ သိရပါတယ်။

“ရေဇွာမြို့မှာ ဘယ်သူမှမရှိဘူး စစ်တပ်က နေရာယူထားတယ်။ ရေဇွာစခန်းမှာတိုက်ပွဲဖြစ်လို့လေ စစ်တပ်နဲ့ CDF တွေရဲ့တိုက်ပွဲကြောင့်အဲဒီအနီးတဝိုက်ကရွာတွေကတိမ်းရှောင်တယ် အလှမ်းဝေးတဲ့နေရာမှာကိုပြောင်း တာတော့မရှိဘူး အနီးနားမှာပဲခိုလုံနေကြတယ် အဲဒီနောက်ပိုင်း မတူပီကနေ ထိုးစစ်ဆင်လာတဲ့နောက်ပိုင်းမှပဲ ရေဇွာတစ်မြို့ကလူတွေက ပြည်ပဘက်ကိုထွက်ခွါတဲ့လူတွေရှိသလို ထန်တလန်မြို့နယ်ဘက်က အိန္ဒိယ-နယ်စပ်ဘက်ကိုတိမ်းရှောင်တဲ့သူလည်းရှိတယ်’’ ဟု ရေဇွာမြို့အနီးက ဒေသခံတစ်ဦးကပြောပါတယ်။

ဇိုတုန်မျိုးနွယ်စုတွေအများစုနေထိုင်ကြတဲ့ ရေဇွာမြို့ဟာ မတူပီ-ဟားခါးကားလမ်းမပေါ်မှာတည်ရှိတဲ့မြို့ဖြစ်ပြီး အိမ်ခြေ ၈၀၀ ကျော် နဲ့ လူဦးရေ ၄ ထောင်ကျော်လောက်ရှိတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အောက်တိုဘာလကစပြီး CDF-Zotung တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲစတင်ဖြစ်ပွား လာခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့ နဲ့ CDF-Zotung အပါဝင် ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၈ ဦးသေဆုံးခဲ့တယ်လို့ CDF-Zotung ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

အဲဒီတိုက်ပွဲဖြစ်ပွားတဲ့နောက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေဟာ မတူပီမြို့ကနေ ရေဇွာမြို့ကို စစ်အင်အားဖြည့် တင်းကာ ရေဇွာမြို့မှာတပ်စွဲထားတာကြောင့်မြို့ခံပြည်သူအများစုဟာ အဲဒီချိန်ကတည်းက ထွက်ပြေးတိမ်း ရှောင်လာခဲ့ရာကနေ ခုဆိုရင် ရေဇွာမြို့မှာပြည်သူတစ်ယောက်မှမကျန်တော့ဘူးလို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ချင်းပြည်နယ်မှာ စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ထန်တ လန်မြို့က ပြည်သူအားလုံးဟာလည်း ၂၀၂၁ ခုနှစ်စက်တင်ဘာလကတည်းက မြို့ကိုစွန့်ခွါပြီး အိန္ဒိယ-မြန်မာနယ်စပ်နဲ့ မီဇိုရမ်ပြည်နယ်ဘက်ကိုထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီးဖြစ်ပါတယ်။

November 25, 2024
ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော် AA က အာရက္ခပညာရေးစနစ်ကို ဖော်ဆောင်ရန်...
November 22, 2024
ချင်းညီနောင်၏ တတိယလှိုင်းအဖြစ် မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ချင်းပြည်နယ်၊ မင်းတပ်နှင့်...
November 19, 2024
မကွေးတိုင်း၊ ဧရာဝတီအနောက်ခြမ်းတွင် စစ်ရေးလှုပ်ရှားနေသော အရှိုချင်းကာကွယ်ရေးတပ်သည် အရှိုချင်းလူထု...
November 13, 2024
ချင်းပြည်ကောင်စီ ဦးဆောင်ကော်မတီသည် ၈ ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပြီး ချင်းအင်အားစု...