စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံ ၃ ဦး ဒဏ်ရာပြင်းထန်

စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံ ၃ ဦး ဒဏ်ရာပြင်းထန်

ဖားကန့် မြို့နယ် မနော့မှော်တွင် စစ်ကောင်စီတပ်မှ လေကြောင်းသုံးကာ တိုက်ခိုက်နေသောကြောင့် ကပ်မှော်ကျေးရွာ ဒေသခံ ၃ဦး လက်နက်ကြီးထိမှန်ကာ ဒဏ်ရာပြင်းထန်စွာ ရရှိထားကြောင်း သိရသည်။

လွန်ခဲ့သည့် ဖေဖာ်ဝါရီ ၅ ရက် ညနေပိုင်း ၃ နာရီခွဲဝန်းကျင်ခန့်တွင် စစ်ကောင်စီ၏ ဂျက်လေယာဉ်ဖြင့် မာနော့မှော် (Ma Naw Maw) ဘက်သို့ လာရောက်ပစ်ခတ်ချိန် ကပ်မှော်ကျေးရွာတွင် လက်နက်ကြီးကျမှန်ခဲ့သည်ဟု ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“ဒီနေ့လာပစ်တာ တော်တော်ဆိုးရွားသွားပြီ။ တိုက်ပွဲဖြစ်တဲ့နေရာဘက် မဟုတ်ဘဲ ကပ်မှော်ကျေးရွာအတွင်းမှာကို လက်နက်ကြီးကျတာ။ လူနေအိမ် ၃ လုံး ပေါက်ထွက်သွားတယ်။ နောက်ဒေသခံ ၃ ယောက် ထိမှန်သွားတော့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အနေအထားမှာ ရှိတယ်။ အခုချိန်အထိလည်း လေယာဉ်နဲ့လာတိုက်နေတုန်း။ မရပ်သေးဘူး။ ဒီနေ့ဆို လေယာဉ်နဲ့လာတိုက်တာ ၂ ရက် ရှိသွားပြီ” ဟု ပြောဆိုသည်။

ထိုသို့ လူနေအိမ်တွင် လက်နက်ကြီးကျမှန်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသော ရွာသား ၃ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရသည့်အတွက် ဆေးကုသမှုခံယူရန် နာရေးကူညီမှုအဖွဲ့မှ မြစ်ကြီးနားဘက်သို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

လက်နက်ကြီး ထိမှန်ထားသည့် ဒေသခံ ၃ ဦးမှာ ဦး Wa Je Htu Ra အသက် ၅၄ နှစ်၊ ဒေါ် Pau Htum Hkawn ၈၇နှစ်နှင့် ဦး Maji Brang Nan ၈၈နှစ်တို့ဖြစ်ကြပြီး အဆိုပါ ၃ ဦးအနက် Pau Htum နှင့် Hkawn Maji Brang Nan ၂ ဦးမှာ အဆိုးဆုံးဖြစ်ကြောင်း ဆက်လက် သိရသည်။

ကပ်မှော် ကျေးရွာသည် ဖားကန့်လမ်းမပေါ် နန့်ယားကျေးရွာမြောက်ဘက်တွင်ရှိသော အိမ်ခြေ ၁၀၀ ဝန်းကျင်ခန့်နေထိုင်သည့် ကျေးရွာတစ်ခုဖြစ်သည်။

အဆိုပါကျေးရွာများတွင် ယမန်နေ့မှစတင်ပြီး စစ်ကောင်စီ နှင့်ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၂ ရက်တိုက်ရှိပြီဖြစ်သည်။

တိုက်ပွဲဖြစ်ပွားရခြင်းမှာ စစ်ကောင်စီတပ် အင်အား ၈၀ ခန့် ဖားကန့်ဘက်သို့ တက်လာရာ လမ်းကြောင်းတွင် KIA က ဝိုင်းရံပိတ်ဆို့ထားသဖြင့် စစ်ကောင်စီတပ်မှ လေကြောင်းလိုင်းဖြင့် တိုက်ခိုက်နေသည်မှာ ၂ ရက်အတွင်း ၁၀ ကြိမ် ထက်မနည်း ရှိပြီဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီတပ်၏ လေကြောင်းလိုင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကို ခံနေရသော ခွန်စိုင်ယန်၊ တံတားညီနောင်နှင့် ဂေါ့လူယန် စသော ကျေးရွာ ၃ခုမှာ ဆိုင်းဖရာကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်ပါသည်။

နန့်ပေါင်လေတပ်စခန်းရဲ့တစ်ဖက်ကမ်းရှိ စန်းကားရွာ ( Google Map)
November 18, 2024
ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာရှိ အရပ်သားနေအိမ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့...
ကံပိုင်တည်- ဆဒုံးကားလမ်းပိုင်းမြင်ကွင်း
November 14, 2024
ကချင်ပြည်နယ် မြစ်ကြီးနား- ကံပိုင်တည်ကားလမ်းပိုင်း နိုဝင်ဘာလ ၆ ရက်နေ့စပြီး စစ်ကောင်စီတပ်က...
ပုံ- ကြွက်ဘေးသင့်သွားတဲ့ အင်ပါဘာဒေသ တောင်ယာစပါးခင်းများ
November 14, 2024
ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ အင်ဘာပါဒေသထဲက ရွာပေါင်း ၁၀ ဝန်းကျင်က...
November 12, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီဆာကျေးရွာ မြေစာပုံပြိုကျမှုမှာ...