စစ်မှုမထမ်းမနေရဥပဒေကို၂၀၂၂ခုနှစ်ထဲအကောင်အထည်ဖော်သွားဖို့စစ်ကောင်စီဥက္ကဌပြော

စစ်မှုမထမ်းမနေရဥပဒေကို၂၀၂၂ခုနှစ်ထဲအကောင်အထည်ဖော်သွားဖို့စစ်ကောင်စီဥက္ကဌပြော
၇၆ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား
၇၆ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား

စစ်မှုမထမ်းမနေရ ဥပဒေအရ  ဒီနှစ် ၂၀၂၂ ခုနှစ်ထဲမှာ အကောင်အထည်ဖော်သွားဖို့ ပြုလုပ်သွားမယ်လို့ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  နေပြည်တော်မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။

“ နိုင်ငံသား စစ်မှုထမ်းဥပဒေက အဲ့မှာ နိုင်ငံသားတွေက စစ်မှုထမ်းရမယ် တစ်နှစ်တန်သည် နှစ်နှစ်တန်သည် သုံးနှစ်သန်သည် စစ်မှုထမ်းရမယ် သူ့ရဲ့ သတ်မှတ်ထားတဲ့ဟာအတိုင်း စစ်မှုထမ်းရမယ်။ တစ်နှစ်လည်းဖြစ်ရင်ဖြစ်မှာပေါ့ ၊ တစ်နှစ်ခွဲလည်းဖြစ်ရင်ဖြစ်မှာပဲ တိုင်းပြည်ရဲ့ အခြေအနေပေါ်မူတည်ပြီး လုပ်ရမှာပေါ့။ဒါက လုပ်ရမှာပဲ မလုပ်လို့မရဘူး။” လို့ ပြောကြားခဲ့ပါတယ်။

ဒီဥပဒက လက်ရှိအချိန်မှာပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေရှိနေခြင်းကြောင့် အကောင်အထည်ဖော်နိုင်တဲ့အပြင် ပြည်တွင်းစီးပွားရေးနဲ့ နိုင်ငံရေးတွေကြောင့်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်မှုမထမ်းမနေရဥပဒေလို့လူသိများတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို  ယခင် (နအဖ) စစ်အစိုးရလက်ထက်  ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၄ ရက်က  ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်မှတ်ရေးထိုးပြဌာန်းခဲ့တာလည်းဖြစ်ပါတယ်။

ဒီနှစ်ထဲမှာ စီးပွားရေးကို အားကောင်းလာအောင်ဆောင်ရွက်မယ့် အပြင် ပါတီစုံဒီမိုကရေစီကိုဆောင်ရွက်သွားမယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

မြန်မာ့စီးပွားရေးကိုတော့ ကမ္ဘာ့ဘဏ်က တစ်ရာခိုင်နှုန်းသာ တိုးတက်လာနိုင်တယ်လို့ ခန့်မှန်းထားသလို ဥရောပကုမ္ပဏီကြီးတွေကလည်း မြန်မာနိုင်ငံထဲကနေ ထွက်ခွာနေကြပါတယ်။

Most read this week

မိုးညှင်းမြို့မစျေး / ShanNi Voice
April 25, 2025
မန္တလေးမှာ ငလျင်လှုပ်ခတ်မှုပြီးနောက် ရောင်းဝယ်ရေးလုပ်ငန်းများရပ်နားထားမှုတွေကြောင့် ကချင်ပြည်နယ်...
ငလျင်ကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ပြီး ဟုမ္မလင်းမြို့နယ်အတွင်း ငွေသားပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရ
April 11, 2025
ငလျင်ကြောင့် လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်ခဲ့ပြီး စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ...
မန္တလေးမြို့တွင်း ကယ်ဆယ်ရေးလုပ်ငန်းခွင်များအတွင်း တွေ့ရသည့် နိုင်ငံခြားသားများ။
April 10, 2025
မန္တလေး၊ နေပြည်တော်နဲ့ စစ်ကိုင်းမြို့တွေမှာ ငလျင်ကယ်ဆယ်ရေး လာရောက်ကူညီကယ်ဆယ်ကြတဲ့...
April 2, 2025
Photo - ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးသွားသည့် တိုက်များနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ...