Published
Friday, January 28, 2022
NUCC က ပထမဆုံးအကြိမ် ပြည်သူ့ညီလာခံ စတင် ကျင်းပ
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)က ဦးဆောင်ပြီး ပထမဆုံးကြိမ် ပြည်သူ့ညီလာခံကို ယနေ့ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၉ နာရီမှစတင်၍ ကျင်းပပြုလုပ်နေသည်။
အဆိုပါ NUCC ပြည်သူ့ညီလာခံတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နှင့် ဖက်ဒရယ် ဒီမိုကရေစီ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ စသည့် လုပ်ငန်းစဉ်သုံးရပ်ကို အတည်ပြုသွားမည်ဖြစ်သည်။
ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်ရေးအတွက် နိုင်ငံရေးအရ အရေးပါသော NUCC ဦးဆောင်မည့် ပြည်သူ့ညီလာခံကို ၆ လတစ်ကြိမ် ကျင်းပပြုလုပ်သွားမည်ဟု ပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ ရက်နေ့က ကျင်းပပြုလုပ်သည့် NUCC သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။