မင်းတပ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ CDF-Mindat တို့ ၈ ရက်တာအတွင်း အနည်းဆုံး တိုက်ပွဲ ၈ ကြိမ်ဖြစ်ပွား

မင်းတပ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ CDF-Mindat တို့ ၈ ရက်တာအတွင်း အနည်းဆုံး တိုက်ပွဲ ၈ ကြိမ်ဖြစ်ပွား

ခရစ္စမတ်နေ့မတိုင်ခင် ဒီဇင်ဘာလ ၁၇ ရက်နေ့ကစပြီး မင်းတပ်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကြောင်း ၂ ကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့အတွက် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CDF-Mindat နဲ့ ဒီဇင်ဘာလ ၂၆ ရက်နေ့အထိ အနည်းဆုံး တိုက်ပွဲ ၈ ကြိမ်လောက် ဖြစ်ပွားခဲ့ပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့က NLD လွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်ရဲ့နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းလိုက်ပါတယ်။ ဒါဟာ ချင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့ နေအိမ် ပထမဆုံးအကြိမ် ချိပ်ပိတ်ခံရတာဖြစ်ပါတယ်။

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့မှာ ဓာတ်ဆီတွေပြတ်လပ်နေပြီး တစ်ဂါလံ နှစ်သောင်းနီးပါး ဈေးနှုန်းမြင့်တက်နေတာကြောင့် ဒေသခံပြည်သူတွေ အခက်အခဲကြုံနေရတယ်လို့ မတူပီမြို့ဒေသခံတွေဆီကနေ သိရပါတယ်။

Most read this week

May 20, 2024
- ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ နမ်ဗျူ နမ်ခမ်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို...
May 20, 2024
- မွန်ပြည်သစ်ထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသမှာ ငှက်ဖျားဖြစ်ပွားသူများပြားနေပြီး...
May 18, 2024
- မွန်ပြည်သစ်ပါတီရဲ့ အချက်အခြာကျတဲ့ နယ်မြေတွေကို လက်ဦးမှုရယူဖို့ စစ်တပ်ထောက်ခံသူတွေ...
May 19, 2024
- ကျောက်တော်က ဝဲကြီးထောင့်ဆေးရုံကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက်...