Published
Monday, December 20, 2021
တရုတ်-မြန်မာနယ်စပ်ကတိုက်ပွဲမှာ စစ်ကောင်စီတပ်က ကိုးကန့်တပ်စခန်းတွေကို လေယာဉ်နဲ့တိုက်ခိုက်
တရုတ်-မြန်မာနယ်စပ်က တိုက်ပွဲမှာ စစ်ကောင်စီတပ်က ကိုးကန့်တပ်စခန်းတွေကို လေယာဉ်တွေသုံးပြီး တိုက်ခိုက်နေပါတယ်။
အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ဝန်ကြီးတစ်ဦးရဲ့ မြစ်ကြီးနားမှာရှိတဲ့ နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းယူလိုက်ပါတယ်။
ကရင်ငြိမ်းချမ်းရေးမြို့သစ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကရင် ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး ထိုင်းနယ်စပ်ကို ဒုက္ခသည်တွေ ထောင်နဲ့ချီ ထွက်ပြေးလာကြပါတယ်။