လေးကေ့ကော်တိုက်ပွဲ တပ်မတော်သား ၈ ဦးကို KNU ဖမ်းမိထား

လေးကေ့ကော်တိုက်ပွဲ တပ်မတော်သား ၈ ဦးကို KNU ဖမ်းမိထား

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်တိုက်ပွဲတွင် တပ်မတော်မှ တပ်သား ၈ ဦး KNU ဖမ်းဆီးရမိထားကြောင်း PVTV မှ ယနေ့ (ဒီဇင်ဘာ ၁၇) တွင် ထုတ်ပြန်ခဲ့သည်။

“စစ်ကောင်စီတပ်နှင့် KNLA+PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား ဖြစ်ပွားသော လေးကေ့ကော် မဲထော်သသလေး ပရိကလော်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ (၁၈) ဦးကျဆုံးပြီး စစ်ကောင်စီ (၆)၊ BGF (၂) ဦး အရှင်ဖမ်းမိထားကြောင်း၊ လက်နက်ခဲယမ်းများလဲ သိမ်းဆည်ရရှိထားကြောင်း” ထုတ်ပြန်ခဲ့သည်။

၎င်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ အခြေအနေမှာ ရှုတ်ထွေးနေ၍ အသေးစိတ်မသိရှိရသေးကြောင်း BGF မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး နိုင်မောင်ဇော်က ပြောသည်။

“ကျနော်တို့လည်း ဃဂနဏ မသိသေးဘူး။ အခုချိန်က ဘာတွေမှန်းလည်းမသိသေးဘူး ရှုတ်နေတယ်နော်။ ပြီးမှ အေးအေးဆေးဆေးပြန်ပြောမယ်နော်” ဟု ဗိုလ်မှူး နိုင်မောင်ဇော်က ပြောသည်။

ထို့အတူ ဒေသအေးချမ်းရန်အတွက်လည်း နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးသည် နံပတ်တစ်ဖြစ်ကြောင်း ၎င်းက ပြောသည်။

KNU တပ်မဟာ ၆ နယ်မြေအတွင်းရှိ လေးကေ့ကော်တိုက်ပွဲတွင် တပ်မတော်ဘက်မှ တပ်သား (၈) ဦး သေဆုံးကာ (၂) ဦး ဒဏ်ရရှိခဲ့ကြောင်း ဒူးမလာယာခရိုင်က ယနေ့ (ဒီဇင်ဘာ ၁၇) ရက်တွင် ထုတ်ပြန်ခဲ့သည်။

“KNU ဒူးပလာယာခရိုင်၊ လေးကေ့ကော်မြို့တွင် စစ်ကောင်စီတပ် စကခ--၁၃ လက်အောက်ခံ၊ ခမရ-၅၆၀ တပ်ရင်းနှင့် KNLA တပ်မဟာ ၆၊ တပ်ရင်း (၂၇) တို့ ထိပ်တိုက်ပွဲများ (၃) ကြိမ်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီမှ (၈) ဦး သေဆုံးကာ အရာရှိပါဝင်ကြောင်း ထုတ်ပြန်ခဲ့သည်။

BGF မှ ဗိုလ်မှူး နိုင်မောင်ဇော်က ငြိမ်းချမ်းရန်အတွက် နံပတ်တစ်ဦးစားပေးဖြစ်ပြီး ပြည်သူလူထုများ စစ်ပြေးနေရသည်ကို စိတ်မချမ်းသာကြောင်း ပြောသည်။

“ငြိမ်းချမ်းဖို့အတွက်က နံပတ်တစ် ဦးစားပေးကိစ္စပဲ၊ စစ်က ကောင်းမှ မကောင်းတာ။ စစ်က ဘယ်သူ့အတွက်မှ မကောင်းဘူး။ ပြည်သူအတွက်လည်း မကောင်းဘူး။ အခုလည်းကြည့်ပါလား လူတွေ အများကြီး စိတ်မချမ်းသာစရာကြီး စစ်ပြေးဒုက္ခသည်ဖြစ်နေတာ” ဟု ပြောကြားသည်။

တပ်မတော်မှ ဒီဇင်ဘာ ၁၄ ရက်က လေးကေ့ကော်မြို့အတွင်း ဝင်ရောက်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဒီဇင်ဘာ ၁၅ ရက်တွင် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

၎င်းတိုက်ပွဲကြောင့် လေးကေ့ကော် မြို့နေ ပြည်သူ (၃၀၀၀) ကျော်ခန့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

Most read this week

November 25, 2024
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်မှု တွင်ကျယ်လာသော်လည်း...
November 25, 2024
စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သည့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ လက်ပြကျေးရွာက...
November 22, 2024
မွန်ပြည်နယ်အတွင်း တိုက်ပွဲများနှင့် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ပြီးခဲ့သည့်...
November 21, 2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း ရပ်နားထားသည့် ကျောက်မိုင်းနှင့်...